တရုတ်ငွေလိမ်ဂိုဏ်းက လူကုန်ကူးခံရသူ ၁၅၀ ဦးကို စစ်ကောင်စီနှင့် BGF က ထိုင်းအာဏာပိုင်ထံလွှဲပြောင်း

တရုတ်ငွေလိမ်ဂိုဏ်းက လူကုန်ကူးခံရသူ ၁၅၀ ဦးကို စစ်ကောင်စီနှင့် BGF က ထိုင်းအာဏာပိုင်ထံလွှဲပြောင်း

ထိုင်း-မြန်မာနယ်စပ်မြဝတီမြို့ တောင်ဘက် မယ်ထော်သလေးကျေးနယ်ရှိ KK Park တရုတ်ကာစီနို မြို့ကွက်သစ် နေရာမှ လူကုန်ကူးခံထားရသူ တရုတ်နိုင်ငံသား ၁၅၀ ဦးကို ဖေဖော်ဝါရီ ၂၉ ရက် ယမန်နေ့က နယ်စပ်ကုန်သွယ် ရေး တံတားအမှတ်-၂ တွင်  စစ်ကောင်စီလူဝင်မှုကြီးကြပ်ရေးဌာနက မဲဆောက်အာဏာပိုင်များဘက်ကို လွှဲပြောင်း ပေးခဲ့ကြောင်း သိရှိရသည်။

တရားမဝင်ကာစီနိုနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် လူကုန်ကူးခံရပြီး ငွေလိမ်အလုပ်ခိုင်းစေခံနေရသူ ၁၅၀ ဦးကို မြဝတီမြို့အခြေစိုက် ကရင်နယ်ခြားစာင့်တပ်-BGF တပ်က သယ်ဆောင်ခေါ်ယူလာခဲ့ပြီး စစ်ကောင်စီတပ် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဌာနကို လွှဲပြောင်းပေးခဲ့ကြောင်း မြဝတီစစ်တပ်အုပ်ချုပ်ရေးပိုင်း နှင့် နီးစပ် သည့် သတင်းအရင်းအမြစ်က ပြောသည်။

၎င်းက " မနေ့က BGF တွေ မယ်ထော်သလေးဘက်ကနေ လက်နက်အပြည့်အစုံနဲ့ ခရီးသွားကားအကြီးတွေ ၃ စီး၊ တံတား ၂ ဘက် သယ်ပို့တာ တွေ့ရတယ်။ အဲ့ဒီကမှ မဲဆောက်လေဆိပ်ကို ထိုင်းစစ်တပ်နဲ့ ထိုင်းလဝကတွေ လာ ခေါ်ပြီး တရုတ်လေယာဉ်နဲ့ ခေါ်တာ မျိုးလုပ်တယ် "  ဟု ကေအိုင်စီသို့ ပြောသည်။

ယခု ပြန်လည် ပို့ဆောင်သည့် လူကုန်ကူးခံရသူများမှာ မြဝတီမြို့ ပေါ်ရှိ ငွေလိမ်ဂိုဏ်းနှင့် ရွှေကုက္ကိုလ် မြို့သစ် နေရာမှ ငွေလိမ်ဂိုဏ်း၊ ကျောက်ခက် နေရာများမှ လူကုန်ကူးခံရပြီး ပိတ်လှောင်ခိုင်း စေခံနေရသည့် နိုင်ငံခြား သားများ မပါဝင်ကြာင်း၊ မယ်ထော်သလေး KK park ငွေလိမ်ဂိုဏ်းက သူများကိုသာ ပြန်ပို့ခြင်း ဖြစ်ကြောင်း ငွေလိမ်ဂိုဏ်းလုပ်ငန်းများတွင် ကွန်ပျူတာဖြင့် အလုပ်လုပ်ရသည့် မြန်မာဝန်ထမ်းများပြောစကားအရ သိရသည်။

“အခုပြန်ပို့တဲ့ တရုတ်တွေက ပတ်စ်ပို့ ဗီဇာတွေ၊ အထောက်အထားတွေ ရှိတဲ့သူတွေကို ပြန်ပို့တာ ၊ အထောက် အထား မရှိတဲ့သူတွေ တခြားနိုင်ငံဘက်က လာတဲ့လာအို၊ ဗီယက်နမ်၊ ကန္ဘောဒီးယား၊ မလေးရှားတွေ၊ အာဖရိကတွေက ပြန်မပို့ဘဲ ကျောက်ခက်ကာစီနိုဘက်ရွှေ့ထားတယ် ”ဟု ကာစီနိုတွင် ကွန်ပျူတာ အလုပ်လုပ်သူက ပြောသည်။

လတ်တလော မြဝတီမြို့နယ်အတွင်းက ကာစီနိုနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို စစ်ကောင်စီတပ်က ထိုင်း၊ တရုတ်နိုင်ငံများနှင့် ပူးပေါင်းပြီး ဖမ်းဆီးနှိမ်နင်းမည်ဟု သတင်းများထုတ်ပြန်ပြောဆိုထားသော်လည်း ယနေ့အထိ ဖမ်းဆီးစစ်ဆေးခြင်းမျိုးမရှိသေးကြောင်း မြဝတီမြို့ရှိ ကာစီနိုလုပ်ငန်းများတွင် အလုပ်လုပ်နေကြသူများက ပြော စကားအရ သိရသည်။

Most read this week

October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...
October 8, 2024
ကရင်ပြည်နယ် စစ်ကောင်စီထိန်းချုပ်ထားသည့် ဖားအံမြိုပေါ်က အထပ်မြင့်အဆောက် အဦး နှင့် အခိုင်...