ကော့ကရိတ်မြို့ တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး လူနေအိမ်များ ထပ်မံမီးလောင်နေ

ကော့ကရိတ်မြို့ တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး လူနေအိမ်များ ထပ်မံမီးလောင်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ‌ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် (KNLA) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့သည် ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ရပ်ကွက်အတွင်းရှိ စစ်ရှောင်ပြည်သူများ၏ နေအိမ်များ ထပ်မံမီး လောင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များသည် ပြီးခဲ့သည့် ဇန်နဝါရီလကတည်းက စ၍ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသော နေရာများကို ဝင်ရောက် တိုက်ခိုက်မှုလုပ်ဆောင်ရာမှာ ယနေ့အချိန်ထိ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး လက်နက်ကြီးကြောင့် မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်များလည်း မကြာခဏ မီးလောင်ပျက်စီး လျက်ရှိကြောင်း ကော့ကရိတ်မြိုဒေသခံများက ပြောသည်။

ဒေသခံအမျိုးသားတစ်ဦးက"တော်လှန်ရေးတပ်တွေ ကော့ကရိတ်မြို့ကို ဝင်တိုက်ပြီး မြို့ထဲတပ်ချထားတဲ့အချိန်ကစပြီး တိုက်ပွဲက‌ နေ့စဉ်ဖြစ်တယ်။ မြို့ထဲကအိမ်တွေတော့ မကြာခဏမီးလောင်နေတယ်။ မ‌နေ့ကလည်း အိမ်‌ တွေမီးလောင်တယ်။ ဒီနေ့လည်းထပ်လောင်နေတယ်"ဟု ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ်မြို့အမှတ်(၂)ရပ် ကွက်ရှိ ခရင်းကုန်းတွင် စစ်တပ်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယနေ့ KNLA ပူးပေါင်းတပ်ဖွဲမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိတစ်ဦး သေဆုံးသွားခဲ့ကြောင်း တော်လှန်ရေးရဲဘော်များက ပြောသည်။

တော်လှန်ရေးရဲဘော်တစ်ဦး "ဓမ္မာရာမကုန်းနဲ့တစ်ဆက်တည်းရှိတဲ့ ခရင်းကုန်းကို ဝင်တိုက်တာ စစ်ကောင်စီတွေဘယ်နှစ်ယောက်သေလဲတော့မသိဘူး။ အရာရှိတော့တစ်ဦးသေတာကြားတယ်"ဟု ပြော သည်။

ထို့အပြင် တော်လှန်ရေးပူးပေါင်းတပ်များသည် စစ်ကောင်စီ ခံစစ်ချထားသည့် တပ်စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သလို စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးများနှင့် ဒရုန်းများမြို့ပတ်ပတ်လည်ပြန်လည်ပစ်ခတ်ပြီး‌ လူနေအိမ်များထိမှန်၍ မီး‌လောင်မှုဖြစ်ပွားလျက်ရှိ ကြောင်း တော်လှန်ရေးတပ်ဖွဲများက ပြောသည်။

တိုက်ပွဲစတင်ဖြစ်ပွားသည့် ဇန်နဝါရီလ ၁ ရက်မှ ယခု ဖောဖော်ဝါရီ လ ၁၃ ရက်နေ့အထိ ကော့ကရိတ် ရပ် ကွက် ၇ ခုမှ လူနေအိမ် ၃၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ပြီဖြစ်ပြီး တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင် နေရသည့် ကော့ကရိတ်ပြည်သူ သုံးသောင်းကျော်ရှိပြီဟု သိရသည်။

Most read this week

October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...