KNU ညွှန်ကြားချက်ဖြင့် သထုံခရိုင်အတွင်း ကျေးရွာအများစုတွင် ဗုံးခိုကျင်းများတူးထားရ

KNU ညွှန်ကြားချက်ဖြင့် သထုံခရိုင်အတွင်း ကျေးရွာအများစုတွင် ဗုံးခိုကျင်းများတူးထားရ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၏ တပ်မဟာ(၁)ထိန်းချုပ်ရာ သထုံခရိုင်အတွင်းရှိ ကျေးရွာအများ စုတွင် အရပ်သားများလုံခြုံရေးအတွက် ကေအဲန်ယူ ညွှန်ကြားချက်ဖြင့် ‌ဗုံးခိုကျင်းများ တူးထားရကြောင်း ဒေသ တွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ကေအဲန်ယူ တပ်မဟာ(၁)ဘက်မှ ခရိုင်အတွင်းရှိကျေးရွာများအား ယခုဒီဇင်ဘာလအတွင်း  ဗုံးခိုကျင်းများ အပြီး သတ်တူးထားကြရန် နှင့် သုံးလစာ ရိက္ခာများစုဆောင်းထားကြရန် စာထုတ်ပြန်ညွှန်ကြားလာခြင်းဖြစ်သလို ညွှန် ကြားချက်ရှိထားသည့်လအတွင်း ကျေးရွာအများစုတွင် ပြင်ဆင်ဆောင်ရွက်မှုများ ပြီးစီးခဲ့ကြောင်း ဘီးလင်းမြို့ နယ်နေ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “ဘာကြောင့်တူးခိုင်းလဲဆိုတော့ သူတို့အလုပ်လုပ်မယ်။ ကျင်းပုန်းတွေလည်းတူး၊ သုံးလစာ ရိက္ခာတွေ လည်းစုဆိုပြီး ပြီးခဲ့တဲ့တစ်လလောက်က စာထုတ်တာ။ ကျမတို့ဘက်တွေတော့ တော်တော်လေးတူးပြီးကုန်ပြီး။ အိမ်တိုင်းကျင်းပုန်းတွေရှိတယ်။ ကျမတို့ဆို စာထုတ်ပြီးကတည်းက တူးကြတာ။ တူးတော့တူးထားပေမယ့် အရေးကြီးလာရင် လူတွေကတွင်းတွေထားပြီး ပြေးကြတာပဲ။ အခုချိန်ထိ အထုပ်တွေမဖြည်ရဲသေးဘူး။ ဒီတိုင်းထားထားရတယ်” ဟု ကေအိုင်စီကို ပြောသည်။

သထုံခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ဖားအံမြို့နယ်၊ သထုံမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထို မြို့နယ် များတွင် စစ်တပ်အာဏာသိမ်းထားသည့်ကာလနောက်ပိုင်း စစ်ကောင်စီ နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားလျက်ရှိရာ ကေအဲန်ယူ တပ်မဟာ(၁)၏ တာဝန်ရှိသူများအနေဖြင့် အရပ်သားထိခိုက်မှုမရှိစေရန် ယခုလို ညွန်ကြားထားရခြင်းဖြစ်ကြောင်း ယခုလိုပြောဆိုသ ည်။

ကေအဲန်ယူ တပ်မဟာ (၁) တာဝန်ရှိသူတစ်ဦးက “ကလေးသူငယ်တွေပဲဖြစ်ဖြစ် အရပ်သားမထိခိုက်အောင် သတိပေးပြောပြဖို့ ကျနော်တို့မှာတာဝန်ရှိတယ်။ ကျင်းတူးတာကတော့ စစ်တပ် စခန်း နဲ့ နီးရာမှာနေတဲ့ ပြည်သူ တွေက လက်နက်ကြီးရန်ကြောက်ပြီး တူးတာလည်းရှိပါတယ်။ ကျနော်တို့ကတော့ နှစ်ဖက်တိုက်ပွဲတွေဖြစ်လာ တဲ့အပေါ်မှာ သတိနဲ့နေကြဖို့ ပြည်သူတွေကို သတိပေးတာမျိုးပေါ့” ဟု ကေအိုင်စီသို့ပြောသည်။

သထုံခရိုင်အတွင်း နှစ်ဖက်တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင် သဖြင့် ဒေသခံများ ထိခိုက်သေဆုံးမှုရှိနေပြီး အရပ်သားနေထိုင်ရာ နေအိမ်နှင့်အဆောက်အဦးများလည်း လက် နက်ကြီးကျည် ထိမှန် ပျက်စီးမှုများရှိနေသည်။

ယခု ဒီဇင်ဘာလအတွင်းတွင်လည်း စစ်တပ်က သထုံခရိုင်ရှိ ပန်းအောင်ကုန်းကျေးရွာ၊ ရွှေရောင်ပြကျေးရွာနှင့် ဒေါက်ရပ်ကျေးရွာများအတွင်း လက်နက်ကြီးများပစ်ခတ်ခဲ့သဖြင့် ပန်းအောင်ကုန်းရွာသား တစ်ဦးသေဆုံးကာ ဒေါက်ရပ်ရွာသားတစ်ဦး ကျည်ထိမှန် ထိခိုက်ဒဏ်ရာရခဲ့သလို အရပ်သားနေအိမ်အများအပြားလည်း  ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း ကေအဲန်ယူဘက်က ထုတ်ပြန်ထားသည်။

Most read this week

October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...
October 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်...
October 16, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာဘက်သို့...
October 15, 2024
သန်းခေါင်စာရင်းကောက်ယူပြီးနောက်ပိုင်း ရွေးကောက်ပွဲအကြိုဆိုင်ရာ လုပ်ငန်းစဉ်ကဏ္ဍများတွင်...