Published
Sunday, December 03, 2023
လမ်းပိတ်ထားမှုကြောင့် ဟူးကောင်းဒေသ တလူးကျေးရွာပြည်သူတွေ အစားအသောက်အခက်ကြုံ
- ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ၁၀၅ မိုင်အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- KIA တပ်မဟာ (၂) ၊ တပ်ရင်း (၁၄) ဟူးကောင်းဒေသ တလူးကျေးရွာမှာ နိုင်ငံရေးအခြေအနေကြောင့် လမ်းတွေပိတ်ထားတဲ့အတွက် ဒေသခံပြည်သူတွေ အစားအသောက်အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
- ကချင်ပြည်နယ်အတွင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်လာဖို့ရည်ရွယ်ပြီး ၁၆ ရက်သာ လှုပ်ရှားမှုကို KIO ဌာနချုပ်မှာ ပြုလုပ်နေပါတယ်။