Cloud Wings ဒရုန်းအဖွဲ့ တာဝန်ခံ ကိုငြိမ်းနဲ့ ဆက်သွယ်မေးမြန်းချက်

Cloud Wings ဒရုန်းအဖွဲ့ တာဝန်ခံ ကိုငြိမ်းနဲ့ ဆက်သွယ်မေးမြန်းချက်

“၁၀၂၇ စစ်ဆင်ရေးအနေနဲ့  အောက်တိုဘာ၂၆ရက်နေ့က စလိုက်တဲ့တိုက်ပွဲဝင်အစဟာ ဒီနေ့အထိ တစ်ရက်မှ မနားရသေးပါဘူး”

နိုင်ငံတဝန်းရှိ တိုက်ပွဲတွေအတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းစစ်ဆင်ရေးတွေကြောင့် တပ်စခန်းတွေ လက်လွှတ်နေရပြီး အင်အားပေါင်းစည်းရတဲ့အထိ အထိနာနေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်း ထွန်းက ဝန်ခံလာပါတယ်။ တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းစစ်ဆင်ရေးတွေကို ပြောင်းလဲလာတဲ့ စစ်နည်း ဗျူဟာအရ မဟာဗျူကျကျ အမြန်ဆုံးထိရောက်စွာ ကာကွယ်ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီဘက်က ကြွေးကြွော်ထားတာ ဖြစ်ပါတယ်။

အာဏာသိမ်းကာလအတွင်း ဒရုန်းစစ်ဆင်ရေး ဖော်ဆောင်မှု၊ တိုက်ပွဲဆင်နွှဲဖို့ ကြိုတင်ပြင်ဆင်ရတဲ့အခြေအနေ၊ ကုန်ကျစရိတ်တွေ အပါအဝင် စစ်ရေးအရှိန်မြှင့်တင်သွားမယ့် ဒရုန်းစစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ(၆) နယ်မြေအတွင်း လှုပ်ရှားနေတဲ့ Cloud Wings ဒရုန်းအဖွဲ့ တာဝန်ခံ ကိုငြိမ်းနဲ့ ဆက်သွယ်မေးမြန်းချက်။

သံလွင်တိုင်းမ် – အရင်ဆုံး ဒရုန်းစစ်ဆင်ရေးတွေကို ဘယ်လိုနေရာတွေမှာ ဘယ်လိုပုံစုံတွေနဲ့ ဖော်ဆောင်တာ တွေ လုပ်ဆောင်နေလဲ။ ရှင်းပြပေးပါဦး။

ကိုငြိမ်း – ကျွန်တော်တို့ ဒရုန်းတပ်ဖွဲ့တွေက ရန်သူရဲ့စစ်ဖက်ဆိုင်ရာပစ်မှတ်တွေ သူ့ရဲ့ အုပ်ချုပ်ရေးဆိုင်ရာပစ် မှတ်တွေစသဖြင့် ဒီလိုနေရာမျိုးတွေကို ပြောက်ကျားနည်းအားဖြင့် တိုက်ခိုက်ရတာမျိုးတွေရှိတယ်။ ရန်သူရဲ့ အမြှောက်ကုန်းတွေ၊ ရန်သူရဲ့လေယာဉ်ကွင်းစသဖြင့်ပေါ့။ ရန်သူရဲ့စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို တဖက်မှာ အာရုံစိုက်မှု ပျက်ပြားအောင် နှောင့်ယှက်ဟန့်တားပြီး တိုက်ခိုက်ရတာမျိုးတွေ ရှိတယ်။ မြေပြင်တပ်ရင်းတပ်ဖွဲ့ တွေ စစ်ကြောင်းတွေနဲ့အတူတူ တဖက်ရန်သူနဲ့ စခန်းသိမ်းတိုက်ပွဲပဲ ဖြစ်ဖြစ်၊ စစ်ကြောင်းဖြတ်တာမျိုးပဲဖြစ်ဖြစ် ရင်ဆိုင်တိုက်ပွဲ ထိတွေ့တိုက်ပွဲတွေ လုပ်ရတာမျိုးတွေရှိတယ်။ ဒရုန်းတွေက စစ်ဆင်ရေးပေါ်မူတည်ပြီး သူ့နည်း သူ့ဟန်နဲ့တော့ ထိတွေ့ရမှုတွေကတော့ ရှိကြတာအမှန်ပဲ။

သံလွင်တိုင်းမ် – ဒရုန်းတပ်ဖွဲ့တွေအနေနဲ့ ဒရုန်းစစ်ဆင်ရေးမှာ ထိထိရောက်ရောက်ဖြစ်ဖို့ ဘယ်လိုတွေ ပြင်ဆင် ဆောင်ရွက်ရပါသလဲ။

ကိုငြိမ်း – ဒရုန်းစစ်ဆင်ရေးမှာ ဝေဟင်ပေါ်ပျံတက်ဖို့ စစ်ရေးပစ်မှတ်တစ်ခုကို အောင်မြင်စွာ ဗုံးကြဲတိုက်ခိုက်နိုင်ဖို့ အတွက် သူ့မှာပါဝင်နေတဲ့ လုပ်ဆောင်ရတဲ့ အစိတ်အပိုင်းတွေ၊ လုပ်ငန်းစဉ်တွေ အများကြီးရှိတယ်။ တိုက်ခိုက် ရေးလုပ်ရတဲ့အတွက် စက်တွေကို ပြုပြင်ထိန်းသိမ်းရတဲ့ အပိုင်းတွေရှိတယ်။ ဒီပစ္စည်းတွေ မကြာခဏ ပျက်တာ တွေ ရှိတယ်။ မစ်ရှင်တစ်ခုအောင်မြင်ဖို့က သမရိုးကျမြေပြင်ချေမှုန်းရေးထက်ပိုပြီး အလုပ်ရှုပ်ရတာပေါ့။ ပါဝင် ပတ်သက်နေတဲ့ တစ်ခုချင်းစီကိုလည်း ကျွန်တော်တို့က လစ်ဟာလို့ မရဘူး။ အခုလို ရင်ဆိုင်တိုက်ပွဲဖြစ်ပြီပေါ့။ ကျွန်တော်တို့ ချောင်းနှစ်ခွလိုမျိုး တစ်ပတ်တာ ကာလအတွင်းမှာ ဗုံးသီးတွေ ၂၀၀ကျော် ကြဲရတယ်။ ဗုံးသီးတွေ ကလည်း ပုံမှန်အားဖြင့် လက်နက်ကြီး ပြောင်းတွေကနေ ပစ်ထုတ်ရတဲ့ ဗုံးသီးအမျိုးအစားတွေကို သဏ္ဍာန် ပြောင်းရပြီး တိုက်ခိုက်လို့ရအောင် ပြင်ထားရတာပေါ့။

အချိန်တိုကာလအတွင်း လက်နက်ကြီးပြောင်းကနေ အဲဒီလောက်အတိုင်းအတာအထိ ပစ်ထုတ်ဖို့ဆိုတာလည်း မလွယ်ကူဘူးပေါ့။ အဓိက ပြောချင်တာက တိုက်ပွဲအခြေအနေပေါ် မူတည်ပြီးတော့ တက်လာတဲ့ ဗုံးသီးတွေ ကုန်ကျစားရိတ်ပေါ့။ ကြဲချတိုင်းမှာ တက်လာတဲ့ ဗုံးသီးတွေရဲ့ စားရိတ်၊ စက်ပစ္စည်းတွေရဲ့ ပြုပြင်ထိန်းသိမ်းရ စားရိတ် ပြီးရင် ပစ္စည်းတွေရဲ့ ပျက်စီးမှုပေါ့။ ဒီစက်တွေ အကုန်လုံးက သူ့သက်တမ်းလေးတွေ ရှိတယ်။ ဘယ်နှစ် ကြိမ်ပဲသုံးလို့ရတယ်။ ဘယ်လောက်သုံးလို့ရတယ် စသဖြင့်ပေါ့။ ပြန်လည်လဲလှယ်သေးတာပေါ့။ အစစအရာရာ ပေါ့။ ဒရုန်းစစ်ဆင်ရေးတစ်ကြိမ်သွားတိုင်း လုပ်နိုင်ဖို့အတွက် ပါဝင်ရတဲ့အစိတ်အပိုင်းတွေ အားလုံးပေါင်းလိုက် ရင် ဒရုန်းတစ်စင်းရဲ့ စစ်မြေပြင်ကိုသွားနိုင်ဖို့ အခြေအနေက တော်တော်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်ပေါ့။ ကျွန်တော်တို့ ကုန်ကျစရိတ်ကြီးမားမှု ဒဏ်ကိုလည်း ခံရတယ်။ ဗုံးသီးတွေကြဲတိုင်းတက်လာတဲ့ ကုန်ကျစရိတ် ကြီးမားမှု တော်တော်များများ ရှိပါတယ်။

သံလွင်တိုင်းမ် – နောက်တစ်ခုက ဒရုန်းစစ်ဆင်ရေးတစ်ခုအတွက် ကုန်ကျစရိတ်က ဘယ်လောက်ထိ ကြီးမား လဲ။

ကိုငြိမ်း – ဒရုန်းအဖွဲ့တွေက လူအင်အားများများနဲ့ ကျွန်တော်တို့ စစ်ဆင်ရေးဆောင်ရွက်တာမျိုးထက် အဓိက ပစ္စည်း၊ နည်းပညာစက်ပစ္စည်းပေါ့။ ဒါကိုအားပြုအခြေပြုပြီး တိုက်ပွဲဝင်ရတာဖြစ်တယ်။ ဒရုန်းတစ်စင်းကို ပျှမ်းမျှ လူ၅ယောက်လောက် သုံးရတယ်ပေါ့။ ဒရုန်းတစ်စင်းလူ၅ယောက်၊ ၆ယောက် မစ်ရှင်တစ်ပွဲစာစားရိတ်က မြေပြင် တပ်ခွဲတစ်ခွဲသွားရတဲ့ စားရိတ်နဲ့ မတိမ်းမယိမ်းပေါ့။ စကစမြေပြင်စစ်ကြောင်းတွေက လေကြောင်းပစ်ကူယူသလို ပဲ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ဒရုန်းစစ်ဆင်ရေးက လက်နက်ကြီးတွေ ကြဲချတာကို မြေပြင်နဲ့ သွားနေကြတာတော့ ရှိပါတယ်။

သံလွင်တိုင်းမ် – လက်ရှိ တော်လှန်ရေးအရှိန်ကလည်း အားကောင်းလာတယ်၊ အဖက်ဖက်က စစ်ကောင်စီ တပ်ကို ဝိုင်းတိုက်နေချိန်မှာ ဒရုန်းစစ်ဆင်ရေးတွေကရော ဒီထက်ပိုပြီး စစ်ရေးအရှိန်မြှင့်ဖို့ ရှိနေမလား။

ကိုငြိမ်း – လက်ရှိက တော်လှန်ရေးအရှိန်က ကောင်းနေတယ်ပေါ့။ ကျွန်တော်တို့ Cloud Wings ဒရုန်းအဖွဲ့အ နေနဲ့ ရှေ့ကာလကို မပြောတော့ဘူး။ ရှေ့မှာလည်း ကျွန်တော်တို့ မနားရပါဘူး။ တစ်လမှာတစ်ပတ်လောက် နားရရင် တော်တော်နားရတယ်လို့ ပြောလို့ရပါတယ်။ အခု၁၀၂၇စစ်ဆင်ရေးနဲ့ ကျွန်တော်တို့ နှိုင်းယှဉ်ပြီး ပြော မယ်ဆိုရင် ကျွန်တော်တို့ ၂၅ရက်နေ့ညကမှ စထွက်ရပါတယ်။ ဒရုန်းတွေစပြီးတော့ တိုက်ပွဲဧရိယာထဲကို ထွက်ရ ပါတယ်။ ၂၆ရက်နေ့ ညကနေစလိုက်တာ အခုဒီနေ့အထိ တစ်ရက်မှ မနားရပါဘူး။ နေ့ရောညရော ဒရုန်းမကြဲရ တဲ့ နေ့မရှိဘူး။ ဒရုန်းမကြဲရတဲ့ ညမရှိဘူး။ နေရာဒေသတွေသာ ကွဲရင်ကွဲသွားမယ်။ မြေပြင်တပ်ဖွဲ့တွေ၊ စစ် ကြောင်းတွေ၊ EROတွေ စသဖြင့်ပေါ့။ ဒါတွေမြှင့်တင်လိုက်တဲ့ စစ်ရေးအရှိန်၊ တော်လှန်ရေးအရှိန်နဲ့ တပြိုင် နက်ထဲမှာ ဒရုန်းတွေရဲ့ ပါဝင်ပတ်သက်မှု၊ တိုက်ခိုက်မှုတွေကလည်း တပြိုင်တည်း မြှင့်တင်ပြီးသား ဖြစ်တာပေါ့ လေ။ ကျွန်တော်ရှေ့မှာလည်း ပြောပြထားသလိုပဲ။ ကျွန်တော်တို့ ဟန်ချက်ညီညီသွားနေတဲ့ပုံစံက မြေပြင်၊ ဝေ ဟင် စသဖြင့်ပေါ့။ မြေပြင်ကနေ ပူးပေါင်းစစ်ကြောင်းတွေနဲ့ ဒရုန်းတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်မိမိနဲ့ စစ်ဆင်ရေးတွေ ကို ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ မြေပြင်တော်လှန်ရေးအဖွဲ့တွေရဲ့ အရှိန်မြင့်လေလေ မြေ ပြင်တပ်ရင်းတပ်ဖွဲ့တွေရဲ့ ပူးပေါင်းစစ်ကြောင်းတွေနဲ့ ကျွန်တော်တို့ ဒရုန်းတပ်ဖွဲ့ ချိတ်ဆက်မိမိနဲ့ ဒရုန်းတပ်ဖွဲ့ရဲ့ စစ်ရေးအရှိန်မြှင့်မှုကလည်း တပြိုင်နက်တည်းမှာ ရှိနေမှာပါ။

Most read this week

October 21, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုး...
October 19, 2024
မွန်ပြည်နယ် မိုးစပါးရိတ်သိမ်းချိန်ကာလ  အချိန်မီစပါးရိတ်သိမ်းနိုင်ဖို့အတွက်...
October 15, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒုစစ်ခေါင်းဆောင် ညွှန်ကြားချက်ကြောင့်...