ကျိုက်မရော ချောင်းနှစ်ခွဒေသမှာ တိုက်ပွဲဆက်ဖြစ်နေ

ကျိုက်မရော ချောင်းနှစ်ခွဒေသမှာ တိုက်ပွဲဆက်ဖြစ်နေ

တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွဒေသမှာ နိုဝင်ဘာ ၁၄ ရက်နေ့မှာလည်း နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ မြေပြင်သတင်းအရင်းအမြစ်တွေကနေ သိရပါတယ်။

ချောင်းနှစ်ခွကျေးရွာရှိ စစ်ကောင်စီ ချောင်းနှစ်ခွနယ်မြေရဲစခန်းနဲ့ တံတားဂိတ်စခန်းကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၀ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီနောက် တိုက်ပွဲ ၄ ရက်မြောက်နေ့ဖြစ်တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့မှာတော့ စစ်ကောင်စီစခန်း ၂ နှစ်ခုကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက အလုံးစုံတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးသွားတဲ့ ချောင်းနှစ်ခွနယ်မြေရဲစခန်းကို ဒီနေ့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀ ကျော် ထပ်မံရောက်ရှိလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာပါ။

တိုက်ပွဲအတွင်း မုဒုံမြို့နယ်အခြေစိုက် စစ်ကောင်စီ ဗျူဟာကုန်းကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ကူပေးနေတဲ့အတွက် ချောင်းနှစ်ခွဒေသပတ်ဝန်းကျင်မှာ လက်နက်ကြီးအသံတွေ ကျယ်ကျယ်လောင်လောင်ကြားနေရတယ်လို့ စစ်ရှောင်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ချောင်းနှစ်ခွတိုက်ပွဲကြောင့် ချောင်းနှစ်ခွကျေးရွာအပါအဝင် အနီးပတ်ဝန်ကျင်းကျေးရွာ ၇ ရွာလောက်က ဒေသခံပြည်သူတွေဟာ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ မြေ ပြင်သတင်းအရင်းအမြစ်တွေက သံလွင်တိုင်းမ်ကို ပြောဆိုပါတယ်။

ချောင်းနှစ်ခွတိုက်ပွဲအတွင်း စစ်ကောင်စီ ဘားအံအခြေစိုက် တပ်မ ၂၂ က တပ်ရင်းမှူးနဲ့အရာရှိ အ ပါအဝင် ၁၄ ဦး သေဆုံးပြီး ၅ ဦး အရှင်ဖမ်းမိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦး လက်နက်ချအညံ့ ခံခဲ့တယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၃ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပေါလောကျေးရွာနေ အမျိုးသမီး ကလေး ၂ ဦး သေဆုံးခဲ့ပြီး နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးထားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ-Twitter

Most read this week

October 22, 2024
မွန်ပြည်နယ်တောင်ပိုင်းနဲ့ ဆက်စပ် ထားဝယ်ဒေသဘက်မှာ စစ်ကောင်စီက နယ်မြေထိန်းချုပ်ဖို့...
October 21, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုး...
October 19, 2024
မွန်ပြည်နယ် မိုးစပါးရိတ်သိမ်းချိန်ကာလ  အချိန်မီစပါးရိတ်သိမ်းနိုင်ဖို့အတွက်...