စစ်ကောင်စီ၏ အခွန်ငွေကန့်သတ်ခြင်းကြောင့် ရွှေ့ပြောင်းအလုပ်သမားများ ရပ်တည်ရန်ခက်ခဲလာနိုင်

စစ်ကောင်စီ၏ အခွန်ငွေကန့်သတ်ခြင်းကြောင့် ရွှေ့ပြောင်းအလုပ်သမားများ ရပ်တည်ရန်ခက်ခဲလာနိုင်

ပြည်ပနိုင်ငံအသီးသီးတွင် Passport for job (PJ) အလုပ်စာအုပ်နှင့် Passport for Seaman (PS) သင်္ဘောသား စာအုပ်ကိုင်ဆောင် အလုပ်လုပ်ကိုင်သူများထံမှ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီက နိုင်ငံတော် အခွန်ငွေ အဖြစ် ကန့်သတ်လိုက်သောကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ရပ်တည်ရန် ခက်ခဲလာနိုင်ကြောင်း ရွှေ့ပြောင်း အလုပ်သမားများက ပြောသည်။

ပြည်တွင်း အလုပ်အကိုင်ရှားပါးမှုနှင့် လုပ်ခလစာနည်းပါးသည့်အတွက်ကြောင့် ပြည်ပထွက်အလုပ်လုပ်ကိုင် နေ ကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအပေါ် စစ်ကောင်စီမှ အလုပ်သမားများ၏ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို မြန်မာပြည်သို့ မဖြစ်မနေ တရားဝင်လွှဲပေးရမည်ဖြစ်ပြီး လစာ၏ ၁၀ ရာခိုင်နှုန်းကို အခွန်ကောက်ခံမည် ဖြစ် သောကြောင့် ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ခက်ခဲမှုများရှိလာနိုင်ကြောင်း ထိုင်းရောက် မြန်မာ ရွှေ့ ပြောင်း အလုပ်သမားတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ဒီမှာရောက်တော့လည်း အခန်းငှား အလုပ်ရှာတာနဲ့ စာအုပ်ဖိုးဆပ်တာနဲ့ ဘာမှ မကျန်ဘူးလေနော်။ အခုက သူတို့ ကိုပါ တစ်ဝက်ထပ်ပေးရရင်တော့ တစ်လတစ်လသူတို့ကိုပဲ လုပ်ကျွေးရသလို ဖြစ်သွားပြီး။ နောက်ဆိုရင် အလုပ် က အဆင်မပြေတာနဲ့ အခက်အခဲဖြစ်လာဖို့ပဲရှိတယ်။ ဘယ်ကိုပဲသွားသွား သူတို့ချုပ်ကိုင်လိုက်ပြီးလေ” ဟု ၎င်း က ကေအိုင်စီသို့ ပြောသည်။

ပြည်ပရောက်အလုပ်သမားများ၏ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို မြန်မာပြည်သို့ မဖြစ်မနေ တရားဝင်လွှဲပေးရမည် ဖြစ် ပြီး လစာ၏ ၁၀ ရာခိုင်နှုန်းကို အခွန်ကောက်ခံမည်ဟု စစ်ကောင်စီက ပြီးခဲ့သည့် စက်တင်ဘာလတွင် ကြေငြာ ချက် ထုတ်ပြန်ထားခြင်းဖြစ်ဖြစ်သည်။

အခွန်ဆောင်ရှိမရှိပါက ပါ့စ်ပို့ စာအုပ်သက်တမ်းများကို တိုးပေးမည် မဟုတ်ကြောင်း ဆိုထားကာ လက်ရှိအချိန် အထိ အခွန်ပေးဆောင်ရခြင်းမျိုး မရှိသေးပေ။

ထို့အပြင် စစ်ကောင်စီဘက်မှ အခွန် ၂၅ ရာခိုင်နှုန်း သတ်မှတ်လိုက်ခြင်းသည် ပြည်ပနိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်သူများအနေဖြင့် စာအုပ်ဖိုး၊ မီး၊ ရေနှင့် အခြားအခွန်အခများလည်း ပုံစံမျိုးစုံဖြင့် ပေးဆောင် နေရသည့် အတွက် ယခုလိုအခွန်ကောက်ခြင်းကို လက်ခံ၍မရဘဲ အခွန်ပေးဆောင် မည်မဟုတ်ကြောင်း ထိုင်း-မြန်မာ နယ်စပ် မဲဆောက်တွင် တစ်လသက်တမ်းရှိသည့် စအုပ်ဖြင့် ဝင်ရောက်အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီး တစ်ဦးက ဆိုသည်။

၎င်းက “အဆင်မပြေလို့ သူများနိုင်ငံမှာ အလုပ်လာလုပ်စားပါတယ်ဆိုမှ လေတောင်အလကားရှူလို့မရဘူး။ လေ တောင် အခွန်ဆောင်ပြီး ရှူနေရတယ်လေ။ တစ်လတစ်ခါတုံးထုရတယ်။ ရေဖိုး မီးဖိုးလည်းပေးရတယ်။ ၃ လ တစ်ခါ Work permit ဖိုးပေးရတယ်။ ပြီးလို့ရှိရင် ကျန်းမာရေးကဒ်။ ပြီးရင် တစ်နှစ်တစ်ခါစာအုပ်က လဲရသေး တယ်။ အခုအပြာတစ်လစာအုပ်က အကုန်အကျများလို့ အနီအလုပ်စာအုပ်ကိုင်မယ်ဆိုတော့လည်း အခုမြန် မာနိုင်ငံကပါ ရာခိုင်နှုန်းနဲ့ဖြတ်မယ် ဆိုတော့ဘာနဲ့သွားစားရမလဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ Passport for job (PJ) အလုပ်စာအုပ်နှင့် Passport for Seaman (PS)သင်္ဘောသား စာအုပ်ကိုင် ဆောင်ထား ပြီး အလုပ်လုပ်ကိုင်သူများထံမှ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို ပေးဆောင်ရမည့်အတွက်ကြောင့် ပြည်ပတွင် အလုပ် လုပ်ကိုင် နေကြသည့် Passport အလုပ်စာအုပ် သက်တမ်းကုန်ဆုံသူများ အနေဖြင့် စာအုပ် ဆက်လက် သက် တမ်းတိုး လုပ်ဆောင်ရန်လည်း အခက်အခဲများ ရှိလာကြကြောင်း ရွှေ့ပြောင်းအလုပ်သမားများက ဆိုသည်။

စစ်ကောင်စီဘက်မှ ပြည်ပရောက်ရွှေ့ပြောင်းအလုပ်သများအပေါ် အခွန်ငွေကန့်သတ်လိုက်ခြင်းနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်ပအလုပ်အကိုင်စီမံခန့်ခွဲရေးဦးစီးဌာန၏တာဝန်ရှိသူ ယခင် အလုပ် သမား သံအရာရှိဟောင်း ဦးဝေလင်းမောင်က ယခုကဲ့သို့ မှတ်ချက်ပြု ပြောဆိုသည်။

“NUG အလုပ်သမားဝန်ကြီးဌာနအနေနဲ့လည်း စာတရားဝင်ထုတ်ပြန်ထားပါတယ်။ အလုပ်သမားတွေကို ၂၅ ရာ ခိုင်နှုန်း အခွန်ငွေဖြတ်မယ့် ကိစ္စကို အလုပ်သမားတွေဆီက ဖိအားပေးပြီးတော့မတောင်းဆိုဖို့ ဒီတောင်းဆိုတဲ့ အဖွဲ့အစည်းတွေ တောင်းဆိုတဲ့လူပုဂ္ဂိုလ်တွေဆိုရင် ထိုင်းနိုင်ငံမှာဆိုရင် ထိုင်းနိုင်ငံရဲ့ဖိအားပေးပြီးတော့ လုပ်ပေး မယ်ဆိုရင် အလုပ်သမားရဲ့သဘောတူညီချက်မရှိဘူးဆိုရင် ထိုင်းနိုင်ငံမှာလည်းပဲ ဥပဒေအရ လုပ်ခလစာကို ဖြတ် ယူလို့ မရပါဘူး။ ဖြတ်ယူတဲ့အချိန်မှာလည်း ဥပဒေအရ လုပ်ခလစာ ဖြတ်တောက်မှု အနေနဲ့ တရားစွဲလို့ရပါ တယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အလားတူ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် ရုံးတွင်လည်း ယခင်က နယ် ကျော် အိမ်ထောင်စုစာရင်းများကို နိုင်ငံကူး လက်မှတ်လုပ်ပေးခဲ့သော်လည်း ယခု အောက်တိုဘာလ ၁၈ ရက်နေ့ မှ စတင်၍ ကရင်ပြည်နယ် အိမ်ထောင်စုစာရင်းမှအပ အခြားနယ်ကျော် အိမ်ထောင်စု စာရင်းများကို နိုင်ငံကူး လက်မှတ် လျှောက်ထားခွင့် မပြုတော့ကြောင်းလည်း ကြေငြာထားခြင်းရှိသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ MOU အလုပ်သမားရှာဖွေရေး အေဂျင်စီဖြင့် ဘတ်ငွေ ၃ သောင်း အထိ ပေးပြီး ပြည်ပသို့သွားရောက်ကာ အလုပ်လုပ်ကိုင်နေကြသူများအနေဖြင့်လည်း ယခုလိုအခွန်ကန့် သတ်ခြင်းနှင့် ထောက်ခံစာယူရသော်လည်း ယခင်ပြုလုပ်ထားသည့်အခကြေးငွေကို နှမြော၍ အခြေအနေအပေါ် မူတည်ပြီး စာအုပ်သက်တမ်းတိုးခြင်းကို ဆက်လက်ပြုလုပ်ရမည်ဖြစ်သည်လည်း ထိုင်းရောက် အခြားရွှေ့ပြောင်း အလုပ် သမားတစ်ဦးက ပြောသည်။

၎င်းက “ကျနော်တို့က ပြီးခဲ့တဲ့ ၅ နှစ်လောက်ကနေ MOUနဲ့ ချိတ်ပြီးစာအုပ်အနီလုပ်ထားတာ။ စလုပ်တုန်းက ဘန် ကောက်မှာ ကတည်းကနေ ပွဲစားသူဌေးတွေက ဘတ် ၃ သောင်းအပြီးအစီးဆိုပြီးပြောတယ်။ သူတို့ လမ်းမှာ စား စရိတ်အငြိမ်းပေါ့။ ပိုက်ဆံလည်းချေပြီးရော လမ်းမှာကိုယ့်ပိုက်ဆံနဲ့ကိုယ်စားပဲ။ မြဝတီမှာရော ရန်ကုန်မှာ သွား တာရော ကိုယ့်စရိတ်ကိုယ်ပဲ။ အဲ့တုန်းက ကုန်ခဲ့တာလည်း အများကြီးပဲ။ အခုက စာအုပ်ပြန်သော် (သက်တမ်း တိုး)ရင် ထောက်ခံစာတွေရော နိုင်ငံတော်အခွန် ဆိုပြီး ပိုက်ဆံရာခိုင်နှုန်း ပေးရမယ်ဆိုတော့ ဘယ်လိုမှ အဆင် မပြေတော့ဘူး။ ကုန်ထားတာတွေလည်း မနည်းတော့ စာအုပ်လည်း အသေမခံနိုင်ဘူး။ အဆင်ပြေအောင်လုပ်မှာ ပဲရမယ်” ဟု ပြောသည်။

ယခု ၂၀၂၃ ခုနှစ်ကုန်တွင် ပြည်ပနိုင်ငံတွင် Passport for job (PJ) အလုပ်စာအုပ် ကိုင်ဆောင်ထားသူများထဲမှ သက်တမ်းကုန်ဆုံးမည့် သူများသည် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ကာ သက်ဆိုင်ရာ ဌာနဆိုင်ရာရုံးများ၏ ထောက်ခံစာများယူ၍ လုပ်ဆောင်ရမည်ဖြစ်သလို ထိုင်းနိုင်ငံဘန်ကောက်သံရုံးတွင်လည်း သူဌေးအမည်ခံ၍ စာအုပ်ထုတ်ယူ၍ ရနေကြောင်းလည်း ပြည်ပရောက် ရွှေ့ပြောင်း အလုပ်သမားများ၏ ပြောဆိုချက်အရ သိရ သည်။

October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...
October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...
October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...