တိုက်ပွဲတွေမှာ တပ်အင်အားပြုန်းတီးမှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေကိုပါ အစားထိုးလာ

တိုက်ပွဲတွေမှာ တပ်အင်အားပြုန်းတီးမှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေကိုပါ အစားထိုးလာ
ဓာတ်ပုံ-AFP
ဓာတ်ပုံ-AFP

အာဏာသိမ်းနှစ်နှစ်ခွဲကျော်ကာလအတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ရင်ဆိုင်နေရတဲ့ မြေပြင် တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က တပ်အင်အားပြုန်းတီးလာတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေကိုပါ အစားထိုးအသုံး ပြုလာတယ်လို့ ရဲအသိုင်းအဝိုင်းကနေ စုံစမ်းသိရှိရပါတယ်။

တပ်အင်အားပြုန်းတီးလာတဲ့ စစ်ကောင်စီတပ်ဟာ မြေပြင်တိုက်ပွဲတွေအတွက် စစ်သားတွေနဲ့အတူ ရဲတပ်ဖွဲ့ဝင် တွေကို ရှေ့တန်းပို့တာ၊ နိုင်ငံတော်လုံခြုံရေး အကြောင်းပြချက်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စစ်သားဝတ်စုံတွေ ပြောင်း လဲဝတ်ဆင်စေပြီး တာဝန်ထမ်းဆောင်ခိုင်းနေတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောဆိုလာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာမှာ လက်နက်ကိုင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်သား ၄၀ ကျော် သေဆုံးခဲ့ရ ပါတယ်။

သေဆုံးသူအများစုဟာ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားတွေချည်းမဟုတ်ဘဲ ပြည်သူလူထုကို ဝန်ဆောင်မှုပေးရ တဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ပါဝင်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ CDM ရဲအသိုင်း အဝိုင်းက ပြောပါတယ်။

“အခုနောက်ပိုင်းဆိုလို့ရှိရင် စစ်ကောင်စီကနေ အင်အားပြုန်းတီးမှုတွေ ဖြစ်တာပေါ့။ တပ်ပြေးတွေ အများကြီး၊ တပ်ကနေ CDM ဝင်တာတွေ အများကြီးဖြစ်လာတယ်။ ပြီးတော့ တိုက်ပွဲတွေမှာ သေဆုံးနှုန်းတွေ များလာတာပေါ့။ အဲဒီအပေါ် တပ်ယူနီဖောင်းဝတ်ခိုင်းပြီး ရဲတပ်ဖွဲ့ဝင်တွေကို အစားထိုးလာတယ်။ ပြီးတော့ ပျူစောထီးတွေ ကို အစားထိုးတယ်။ ပြီးတော့ မီးသတ်ပါ ပါတယ်လို့သိရတယ်။ ရဲတပ်ဖွဲ့ဝင်ပါတာတော့ ဟိုတလောက ပဲခူးတိုင်း မှာဖြစ်တဲ့ တိုက်ပွဲမှာပါလာတာ တွေ့ရတယ်” လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာအရ ပြည်သူ့ ခုခံတွန်းလှန်စစ် နှစ် နှစ်အတွင်း ရန်သူ့တပ်သား ၃၀,၀၀၀ နီးပါး စစ်မြေပြင်မှာပြုန်းတီးခဲ့ပြီလို့ စက်တင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန် ထားတာပါ။

တပ်အင်အား ပြန်လည်ဖြည့်တင်းဖို့ စစ်ကောင်စီအနေနဲ့ ပျူစောထီးအပါအဝင် ပြည်သူ့စစ်တွေ၊ နယ်ခြား စောင့် တပ်တွေ၊ စစ်မှုထမ်းဟောင်းတွေ၊ အသက်မပြည့်သေးတဲ့ တပ်သားသစ်တွေကို တိုးချဲ့စည်း ရုံးနေတဲ့အပြင် စစ်သားတွေရဲ့ ဇနီးတွေ Non CDM ဝန်ထမ်းတွေကိုပါ စစ်ပွဲမှာအသုံးချဖို့ အားထုတ်လာတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် မတ် ၂၅ ရက်နေ့ကလည်း စစ်ကောင်စီဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေကို ပြန်လည် ပြင်ဆင်ပြဌာန်းခဲ့ ပြီး အဲဒီဥပဒေအရ ရဲတပ်ဖွဲ့ဝင်တွေဟာ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးအပြင်လိုအပ်ပါက နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးမှာပါ တာဝန်ထမ်းဆောင်ရမယ်လို့ ပြဌာန်းခဲ့တာပါ။

အဲဒီဥပဒေပြဌာန်းပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေကို စစ်သားတွေနဲ့အတူ ဝတ်စုံတွေပြောင်းလဲစေပြီး ရှေ့တန်းတိုက်ပွဲ တွေမှာ အသုံးပြုလာတာကြောင့် ရဲတပ်ဖွဲ့အတွင်း မကျေနပ်မှုတွေရှိနေတယ်လို့ အမည်မဖော်လိုတဲ့ ရဲအရာရှိ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကိုအေးမင်းထွန်းကတော့ ပြည်သူ့လုံခြုံရေးကို တာဝန်ယူရတဲ့ ရဲတပ်ဖွဲ့ကို တိုက်ခိုက်ရေးမှာ ထည့်သုံးတာ မသင့် တော်သလို တပ်ကတပ်အလုပ်မလုပ်ဘဲ ပါလေရာဝင်လုပ်နေတာလို့ ဝေဖန်ထောက်ပြပါတယ်။

“တကယ်တော့ ရဲတပ်ဖွဲ့ဆိုတာ ပြည်သူလူထုရဲ့လုံခြုံရေးပဲ။ ကျန်တဲ့တိုက်ခိုက်ရေးမှာ ရဲကိုဘယ်လိုနည်းနဲ့မှ ထည့် သုံးတာ မသင့်တော်ဘူးလို့ ကျွန်တော်ထင်တာပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရရင်ဗျာ တပ်က တပ်အလုပ်ပေါ့။ ရဲကရဲအလုပ် ရဲလုပ်ပေါ့။ အခုက အဲဒီလိုမဟုတ်ဘူး။ ရဲအလုပ်လည်း တပ်ကဝင်ရှုပ်တယ်။ တခြားဌာနဆိုင်ရာ အလုပ်လည်း တပ်ကဝင်ရှုပ်တယ်။ ပါလေရာ လုပ်တာပေါ့။ တကယ်တော့ ဘာလုပ်ငန်းမှမတတ်၊ တပ်မှာ မတော်တဲ့သူတွေအကုန်လုံး တခြားဌာနဆိုင်ရာတွေပို့တော့ အ ကုန်ပျက်တာပေါ့” လို့ ပြောပါတယ်။

တစ်ဖက်မှာတော့ မြို့နယ်အသီးသီးရှိ ရဲစခန်းတွေ ရဲကင်းတွေ မကြာခဏတိုက်ခိုက်ခံနေရတာကြောင့် ရဲတပ်ဖွဲ့ ဝင်တွေကို တစ်နေရာထဲ ကြာကြာမထားဘဲ နည်မြေမတည်ငြိမ်တဲ့ ဒေသတွေမှာ ပြောင်းရွှေ့ တာဝန်ပေးတာတွေ လည်း ရှိနေတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီရဲ့ အတင်းအကြပ်ဖိအားပေးမှုတွေကြား တာဝန်မထမ်းဆောင်ချင်တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေ စခန်း စွန့်ခွာထွက်ပြေးတာ၊ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM လုပ်တာတွေလည်း ပိုများလာတယ်လို့ ဆိုပါတယ်။

NUG ရဲ့ အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းချိန်ကစပြီး ပြည်သူ့ဘက် ကူးပြောင်းလာတဲ့ စိစစ်ပြီး ရဲတပ်သား ၁၀၅၀၀ ကျော်ရှိပြီး အဲဒီထဲက တချို့ရဲတပ်ဖွဲ့ဝင်တွေဟာ အခုအခါမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) အဖြစ်ခံယူပြီး တာဝန်ထမ်းဆောင်နေကြပြီလို့ ဆိုပါတယ်။

Most read this week

October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...
October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...
October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...