ပြည်ပရောက် မြန်မာအလုပ်သမားများ လုပ်ခလစာ ဖြတ်တောက်ခံရပါက NUG သို့ တိုင်ကြားနိုင်

ပြည်ပရောက် မြန်မာအလုပ်သမားများ လုပ်ခလစာ ဖြတ်တောက်ခံရပါက NUG သို့ တိုင်ကြားနိုင်

ပြည်ပရောက် မြန်မာအလုပ်သမားများအနေဖြင့် စစ်ကောင်စီမှ ထုတ်ပြန်ထားသည့်အတိုင်း သက်ဆိုင်ရာ နိုင်ငံ အလိုက် အလုပ်ရှင်များနှင့် အလုပ်သမားအေဂျင်စီများ၏ လုပ်ခလစာ ၂၅ ရာခိုင်နှုန်း(သို့မဟုတ်) ဝင်ငွေခွန် ၁၀ ရာခိုင်နှုန်းကို ဖြတ်တောက်ခံရပါက အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ အလုပ်သမားဝန်ကြီးဌာနသို့ တိုက် ရိုက် တိုင်ကြားနိုင်ကြောင်း NUG ၏ ပြည်ပအလုပ်အကိုင်စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူ ဦးဝေလင်းမောင် က ပြောသည်။

ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေအဖြစ် အခြေခံလစာ၏ ၂၅ ရာခိုင်နှုန်း နှင့် ဝင်ငွေခွန် ၁၀ ရာခိုင်နှုန်းကို ဖြတ်တောက်ရန် သက်ဆိုင်ရာ ပြည်ပနိုင်ငံများနှင့် အလုပ်သမားအေဂျင်စီများကို ဖိအားပေးမှုများ ရှိနေသည့်အပေါ် ဖြတ်တောက်ခံရမှုများရှိပါက NUG မှ ရေးယူသွားမည်ဖြစ်ကြောင်း ဦးဝေလင်း မောင်က ယခုကဲ့သို့ ပြောသည်။

“တကယ်လို့ ၂၅ ရာခိုင်နှုန်းကို တိုက်ရိုက်သွားဖြတ်လိုက်တယ်ဆိုရင် ကျနော်တို့ကတော့ ထိုင်းနိုင်ငံရဲ့ အလုပ် သမား အခွင့်အရေးအရ အလုပ်ရှင်ကိုလစာကို ဖြတ်တောက်မှုအနေနဲ့ သက်ဆိုင်ရာ ဆာဝါဒီကန်ရုံး (အလုပ် သမား ကာကွယ်စောင့်ရှောက်ရေးရုံး) တွေမှာ အမှုဖွင့်ဖို့အတွက်ကတော့ ကျနော်တို့ လတ်တလော စီစဉ် ဆောင် ရွက်ထားတာမျိုးရှိပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံ၏ ပြဌာန်ထားသည့် ဥပဒေအရ နိုင်ငံ၏ အခွန်အခများကိုသာ ဖြတ်တောက်ခွင့်ရှိပြီး ၎င်းတို့ ၏ ဥပဒေအရ ပြဌာန်းထားခြင်းမရှိသည့် အလုပ်ရှင်များအနေဖြင့် အလုပ်သမား၏ သဘောဆန္ဒမပါဘဲ လုပ်ခလ စာဖြတ်တောက် ပိုင်ခွင့်မရှိကြောင်းလည်း CDM ပြုလုပ်ထားသည့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမား သံအရာရှိဟောင်း ဦးဝေလင်းမောင်က ဆက်ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် ရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုလွဲပို့ငွေအဖြစ် အခြေခံ လစာ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို လစဉ် သို့မဟုတ် ၃ လတစ်ကြိမ်ဖြင့် ၎င်းတို့ သတ်မှတ်ထားသော ငွေလွှဲ ဝန်ဆောင်မှုမှတဆင့် လွှဲပို့ကြရန် ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီများထံ စစ်ကောင်စီမှ ညွှန်ကြား ထုတ်ပြန်ထားသည်။

သို့သော် ယခင်အစိုးရ လက်ထက်များတွင် နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ(MOU) စနစ်ဖြင့် ပြည်ပသွားရောက် အလုပ်လုပ်ကိုင်သည့် စာချုပ်များတွင် ဝင်ငွေလစာခွန် ဖြတ်တောက်မှုကို သတ်မှတ်ထားခြင်းမရှိဘဲ လက်ရှိ စစ်ကောင်စီ လက်ထက်တွင် MOU အလုပ်သမားများ၏ လုပ်ငန်းစာချုပ်များတွင် ဝင်ငွေခွန်ကို သတ်မှတ်ထားပြီး ဝင်ငွေခွန်မပေးဆောင်သည့် အလုပ်သမားများကိုလည်း ပြည်ပထွက်ခွာခွင့် နှင့် ဗီဇာများကို ပိတ်မည်ဟု စစ် ကောင်စီဘက်က ခြိမ်းခြောက်ထုတ်ပြန်ထားသည်။

အဆိုပါ ဝင်ငွေခွန်ဖြတ်တောက်မှုအတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အများဆုံးသွားရောက် လုပ်ကိုင်ရာ အိမ်နီးချင်းတိုင်းပြည်များဖြစ်သည့် ထိုင်းနိုင်ငံအပြင် မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ ဂျပန်နိုင်ငံ နှင့် ကိုရီးယား နိုင်ငံ မှ တဆင့် စစ်ကောင်စီက လိုင်စင်ချထားပေးသည့် ငွေလွှဲငွေထုတ်ကုမ္ပဏီများနှင့် စစ်ကောင်စီ၏ လက်ဝေခံ မြန် မာနိုင်ငံရှိ ဘဏ်များကို တိုက်ရိုက်ပေးပို့ရန် စစ်ကောင်စီ အမိန့်ညွှန်ကြားစာတွင် ဖော်ပြပါရှိသည်။

ယခုလို ဝင်ငွေခွန်များ ဖြတ်တောက်ရသည့် စစ်ကောင်စီ၏ ရည်ရွယ်ချက်မှာ တိုင်းပြည်၏ နိုင်ငံခြားငွေ လိုအပ် ချက်ရှိနေခြင်းအပြင် ၎င်းတို့၏ အတိုက်အခံအဖွဲ့အစည်းများအပေါ် ဝင်ငွေထောက်ပံ့ ကူညီပေးနိုင်မှုကို ထိခိုက် စေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ စစ်ကောင်စီထံ ဝင်ရောက်သွားမည့် ဝင်ငွေများမှာ သွေးစွန်းငွေများ ဖြစ်လာနိုင်ကြောင်းလည်း NUG ဘက်က တုံ့ပြန်ပြောဆိုထားသည်။

Most read this week

October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...
October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...