Published
Saturday, September 30, 2023
စစ်ကောင်စီတပ်ရဲ့လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်မှုကြောင့် နေရပ်ပြန် ကဇူးစစ်ဘေးရှောင်တွေစိုးရိမ်
- စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်တွေက ဝိုင်းမော်မြို့နယ် ကဇူးကျေးရွာက စစ်ဘေးရှောင်ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် နေရပ်ပြန်ပြီးနေထိုင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေ စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။
- ဖားကန့်မြို့နယ် လဝါးကျေးရွာအုပ်စု မဂေါင်တောင်းကျေးရွာမှာ ပြည်သူ ၉ ဦးသတ်ဖြတ်ခံရတဲ့ဖြစ်စဉ် ၈ လပြည့် ဆုတောင်းခြင်းအစီအစဉ်ကို ပြုလုပ်ရာ သတ်ဖြတ်ခံရတဲ့အမှုကို KIA က မပစ်ပယ်ထားဘဲ ဖြေရှင်းပေးဖို့ တောင်းဆိုကြပါတယ်။
- မြစ်ကြီးနား- ဆွမ်ပရာဘွမ်လမ်းပေါ်ရှိ တန်ဖရဲကျေးရွာအထက်ဘက် စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်က ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။