လူသားဒိုင်း အသုံးပြုခံရတဲ့ စစ်ရှောင် ၈ ဦး ပြန်လွတ်ပေမယ့် တစ်ဦး ဒဏ်ရာရရှိ

လူသားဒိုင်း အသုံးပြုခံရတဲ့ စစ်ရှောင် ၈ ဦး ပြန်လွတ်ပေမယ့် တစ်ဦး ဒဏ်ရာရရှိ
 ပြန်လည်လွတ်မြောက်လာပြီဖြစ်တဲ့ စစ်ရှောင်ပြည်သူများ (Crd-KSPVN)
ပြန်လည်လွတ်မြောက်လာပြီဖြစ်တဲ့ စစ်ရှောင်ပြည်သူများ (Crd-KSPVN)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ကဇူးကျေးရွာက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ စစ်ရှောင် ၈ ဦး ပြန်လွတ်လာခဲ့ပေမယ့် တစ်ဦးကတော့ ရှေ့တန်းမှာ မိုင်းပေါက်ကွဲပြီး ခြေထောက်ဒဏ်ရာနဲ့ ရောက်ရှိလာပါတယ်။

စက်တင်ဘာလ ၂၇ ရက်၊ မွန်းလွဲ ၁ နာရီခန့်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေက ကဇူးခရစ်ယာန် ဘုရားကျောင်းမှာ ခိုလှုံနေတဲ့ စစ်ရှောင် အမျိုးသား ၈ ဦးကို ဖမ်းဆီးသွားပြီးနောက် ည ၇ နာရီဝန်းကျင်မှာ ပြန်လာပို့ခဲ့တယ်လို့ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောပါတယ်။

“ည ၇ နာရီဝန်းကျင်မှာ ပြန်လာပို့တယ်။ သူတို့ကို ဟိုဘက်ခေါ်သွားပြီး ပစ္စည်းတွေ ဘာတွေ မခိုင်းတယ်တဲ့။ ရှေ့ တန်းမှာ တစ်နေရာမှာ နားပြီး ပြန်ထွက်လာတဲ့အချိန် မိုင်းပေါက်ကွဲပြီး တစ်ယောက်ကတော့ ခြေထောက်မှာ ထိခိုက်လာတယ်။ ရွာက လူကြီးတွေနဲ့ စစ်ရှောင်ကူညီနေတဲ့ အသင်းတော်ခေါင်းဆောင်တချို့ လိုက်ပြီး ညှိနှိုင်း တောင်းဆိုပြီး သူတို့ ညနေ ပြန်လာပို့တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ နဲ့ ပြည်သူ့စစ် စစ်ကြောင်းတွေက နမ်ဆန်ယန်ဘက်ကို အင်အားဖြည့် ထိုးစစ်ဆင်ဖို့ ကဇူးဘုရား ကျောင်းက စစ်ရှောင်အမျိုးသား ၈ ဦးကို ကားနဲ့ ဝင်ရောက်ဖမ်းခေါ်သွားပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ စစ်ရှောင်ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒဘတ်ယန်ကျေးရွာ တစ်ဖက်ကမ်း ကို ချီတက်လာစဉ် ဘတ်နန်ကျေးရွာအထက် ဆမားလမ်းကွေ့အနီးတဝိုက်မှာ KIA ဘက်က ကြားဖြတ် တိုက်ခိုက် ခဲ့တာကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့သေးတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ ဦးရွှေမင်းပြည်သူ့ စစ်တပ်တပ်ဘက်က ထိခိုက်သေဆုံးမှု ရှိတဲ့အကြောင်း ရှေ့တန်းသတင်း အရင်းအမြစ်တွေက ပြောပါတယ်။

လက်ရှိ နမ်ဆန်ယန်ဘက်ကို စစ်ကောင်စီဘက်က ဆက်တိုက်ထိုးစစ်ဆင်နေသလို ပြည်သူ့စစ်တပ်ဖွဲ့ဘက်က လည်း အင်အားဖြည့်ကူ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

KIO ဌာနချူပ်အနီး နမ်ဆန်ယန်ဘက်ကို စစ်ကောင်စီတပ်တွေက ဗန်းမော်-ဒေါ့ဖုန်းယန် ကားလမ်းဘက်ကနေ ထိုးစစ်ဆင်နေသလို ဝိုင်းမော်ဘက်ကနေလည်း ထိုးစစ်ဆင်နေပြီး အဲဒီစစ်ကြောင်းတွေမှာ ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လေ့ရှိနေတဲ့အတွက် စိုးရိမ်နေရတယ်လို့ အထက်ပါ ဒေသခံတစ်ဦးက အခုလို ဆက်ပြောပါတယ်။

“ကျနော်တို့က အခုလို ဖြစ်လာတော့ အရမ်းတွေဝေခြောက်ခြားသွားတယ်။ ဘယ်လို ဆက်လက်နေနေကြမလဲ၊ ပြီးခဲ့တဲံ့ လတွေ ရက်တွေတုန်းကတော့ ရွာအနီးပတ်ဝန်းကျင် သေနတ်သံတွေ လက်နက်သံတွေ ကြားရပေမဲ့ နေ လို့ရပါသေးတယ်ဆိုပြီး၊  စိုးရိမ်ပေမဲ့လို့ တစ်ခါပြန်လည် ထူထောင်ထားပြီဆိုတော့ လွယ်လွယ်ပြန်ထားခဲ့လို့ မရ ဘူးဆိုတဲ့ စိတ်နဲ့ နေနေကြတာပေါ့။ ဒါပေမဲ့ အခုလို စစ်ကြောင်းက လူသားဒိုင်းဖမ်းခေါ်တာတွေ၊ ပေါ်တာဆွဲတာ တွေ လုပ်လာတော့ အားလုံးထိတ်လန့်ကုန်တာပေါ့” လို့ ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကတည်းက KIO ဌာနချူပ်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေ တာဖြစ်ပြီး KIA နဲ့ တိုက်ပွဲ ပြင်းထန်လာတာကြောင့် နမ်ဆန်ယန်ကျေးရွာက ဒေသခံပြည်သူတွေ ထွက်ပြေး ခိုလှုံ နေကြတာ ဖြစ်ပါတယ်။

နမ်ဆန်ယန် စစ်ရှောင်တွေထဲက အများစုကတော့ ဝိုင်းမော်၊ မြစ်ကြီးနားမြို့က စစ်ရှောင်စခန်းတွေမှာ ပြန်လည် ရောက်ရှိနေပြီး တချို့ကတော့ ကဇူးနေရပ်ပြန်ကျေးရွာက KBC အသင်းတော်ဝင်းမှာ ခိုလှုံနေကြရတာဖြစ်ပါ တယ်။

နေရပ်ပြန်စစ်ရှောင်တွေနဲ့ ကဇူးကျေးရွာမှာ ခိုလှုံနေတဲ့ စစ်ရှောင်တွေကို စစ်ကောင်စီတပ်က အခုလို လူသားဒိုင်း အဖြစ် ဖမ်းဆီးခေါ်ဆောင်မှုတွေကြောင့် လုံခြုံရေးအတွက် စိုးရိမ်နေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...