စစ်ကောင်စီရဲ့ နိုင်ငံရေး လမ်းစဉ်အတိုင်း လိုက်နာကြဖို့ ပြည်နယ်ကောင်စီ ဥက္ကဋ္ဌက လိုက်လံစည်းရုံးနေ

စစ်ကောင်စီရဲ့ နိုင်ငံရေး လမ်းစဉ်အတိုင်း လိုက်နာကြဖို့ ပြည်နယ်ကောင်စီ ဥက္ကဋ္ဌက လိုက်လံစည်းရုံးနေ

စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာ ပြစ်မှုမကျူးလွန်ကြဖို့အပြင် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက် နွယ် ပတ်သက်မှုမလုပ်ကြဖို့ ကချင်ပြည်နယ် စစ်ကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန် နဲ့ ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ တို့က ပြည်နယ်အတွင်း လှည့်လည် စည်းရုံးပြောဆိုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဦးခက်ထိန်နန် နဲ့ ဒေါ်ဒွဲဘူတို့က စက်တင်ဘာ လဆန်းပိုင်းကတည်းက ပူတာအို နဲ့ ဗန်းမော်မြို့နယ်တွေကို သွား ရောက်ပြီးတော့ လက်ရှိ စစ်ကောင်စီက ဖော်ဆောင်နေတဲ့ နိုင်ငံရေးလမ်းစဉ်အတိုင်းသွားဖို့၊ ပြစ်မှုကျူးလွန်တာ တွေ မလုပ်ဖို့၊ NUG အပါအဝင် လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့အစည်းတွေကို ရှောင်ရှားဖို့ လိုက်လံ စည်းရုံးပြောဆိုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့ ပူတာအိုရှိ မြို့တော်ခန်းမမှာ ဘာသာရေးအဖွဲ့ တာဝန်ရှိသူများ၊ ရိုးရာယဉ်ကျေးမှု အဖွဲ့မှ ကိုယ်စားလှယ်များ၊ ဒေသခံများနှင့် တွေ့ဆုံခဲ့စဉ် ပြောဆိုခဲ့တဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပူတာအိုဒေသခံတစ်ယောက်က KNG ကို အခုလို ပြောပြပါတယ်။

“သူတို့လာပြောသွားတာက ဥပဒေနဲ့ မလွတ်ကင်းနဲ့ဟာတွေကို ပြည်သူတွေ မလုပ်မှားကြဖို့နဲ့ လက်ရှိ စစ်တပ်ရဲ့ သွားနေတဲ့ လုပ်ငန်းစဉ်တွေက ဘယ်လိုရှိတယ် ရှင်းပြတယ် အဓိကတော့ ဒါပါပဲ။ နောက်တစ်ခုက NUG နဲ့ လက် နက်ကိုင်အဖွဲ့တွေနဲ့ မပတ်သက်ဖို့ ပြောသွားတယ်” လို့ ပြောပါတယ်။

ဦးခက်ထိန်နန် နဲ့အဖွဲ့ဟာ ပူတာအိုခရိုင်အတွင်း ပူတာအိုမြို့ နဲ့ မချမ်းဘောဒေသတွေမှာ ၅ ရက်အကြာ ဒေသခံ ရိုးရာလူကြီးတွေနဲ့ တွေ့ဆုံခဲ့ကြတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့ကလည်း ဦးခက်ထိန်နန်နဲ့ အဖွဲ့ဟာ လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့ကို ရောက်လာပြီး ဘာသာရေးခေါင်းဆောင်တချို့၊ ဗန်းမော်ခရိုင် ကချင်စာပေနှင့်ရိုးရာယဉ်ကျေးမှုကော်မတီတို့နဲ့ မြသီတာဧည့်ရိပ်သာမှာ တွေ့ဆုံခဲ့ကြပြီး ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ နိုင်ငံရေးလမ်းစဉ်အတိုင်းသွားကြဖို့ ပြောဆိုခဲ့ပါတယ်။

ဗန်းမော်ခရိုင် ကချင်စာပေနှင့် ရိုးရာယဉ်ကျေးမှု ကော်မတီဘက်ကလည်း လာမယ့် နိုဝင်ဘာလထဲမှာ ဗန်းမော် အောင်သာရပ်ကွက်မှာ ဆောက်လုပ်ပြီးစီးသွားပြီဖြစ်တဲ့ မနောင်ကွင်းကြီးထဲ မနောင်ပွဲ ပြုလုပ်ဖို့အကြောင်း တင်ပြဆွေးနွေးခဲ့ကြပါတယ်။

စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ ဗန်းမော်မြို့ စည်းရုံးရေး ခရီးစဉ်နဲ့ပတ်သက်ပြီး ဗန်းမော်ဒေသခံ အမျိုးသား တစ်ယောက်က “ဗန်းမော်မှာက ဘာသာရေးအဖွဲ့တွေကနေ ဘာသာရေးနဲ့ဆိုင်တဲ့ ပွဲတွေလုပ်ဖို့ရှိတယ်။ သူတို့ လည်း အဲဒါတွေကို သိနေတာဖြစ်တဲ့အတွက် ဘာသာရေးအဖွဲ့တွေကို ခြိမ်းကပ်နဲ့သဘောတွေ့ရတယ်။ ဘာလို့ လဲဆိုတော့ ကချင်အသိုင်းအဝိုင်းလို့ပြောရင် ဘာသာရေးက အခြေစိုက်တယ်လို့ မြင်ပြီးမှ အခုလို မျက်နှာရှာတဲ့ သဘောပါပဲ။ ဒီလိုတွေ့ရတော့ သူတို့ထဲမှာ အကြပ်အတည်းတွေနဲ့ရှိနေပြီလို့ မျက်ဝါးထင်ထင်မြင်ရပါတယ်” လို့ ပြောပါတယ်။

ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လလောက်ကနေ လက်ရှိချိန်ထိ စစ်ကောင်စီတပ်နဲ့ ကချင် လွတ်လပ်ရေး တပ်မတော် KIA တို့ကြားမှာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲကြောင့် ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရချိန်မှာ ကချင်ပြည်နယ် ကောင်စီအဖွဲ့တွေက ဒေသခံတွေနဲ့ တွေ့ဆုံပြီး စည်းရုံးရေး ခရီးစဉ် ပြုလုပ် နေတာဖြစ်ပါတယ်။

စစ်ကောင်စီ လက်ရှိကြုံတွေ့နေတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အကြပ်အတည်းတွေကို ကျော်ဖြတ်နိုင်ဖို့ လှုပ်ရှားမှုတစ်ခုအနေနဲ့ စည်းရုံးရေးလုပ်နေတာဖြစ်နိုင်တယ်လို့ အမည်မဖော်လိုသူ ကချင်နိုင်ငံရေးသုံးသပ်သူ တစ်ယောက်က KNG အခုလိုပြောပါတယ်။

“သူတို့မှာ နိုင်ငံရေး၊ စီးပွားရေး အဖက်ဖက်မှာ ကျရှုံးလာတယ်လို့တွေ့ရတယ်။ အခုဖြစ်နေတဲ့ တိုက်ပွဲက လက် နက်ကိုင်တဲ့ အချင်းချင်းပဲ ဖြစ်နေတာလည်း မဟုတ်ဘူး။ ပြည်သူတွေနဲ့ ထိတွေ့နေတဲ့ တိုက်ပွဲဖြစ်တယ်။ ပြည် သူတွေ မထောက်ခံဘူး၊ မရပ်တည်ဘူးဆိုရင် အလကားပါပဲ။ အဲ့ဒါကြောင့် ပြည်သူတွေရဲ့ ထောက်ခံချက်တွေ ရဖို့အတွက် လိုက်စည်းရုံးနေတယ်လို့ပဲမြင်ပါတယ်။”

လက်ရှိ ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်က မြို့နယ်၊ ကျေးရွာအလိုက် ပွဲဖန်တီးပေးမှု၊ ငွေကြေးထောက်ပံ့မှု တွေ လုပ်ဆောင်နေပေမယ့် ပြည်သူတွေအနေနဲ့ အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင် ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သူကတိုက်တွန်း ပြောဆိုထားပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...