တောင်ငူခရိုင်ရှိ ကျေးရွာနှစ်ရွာမှ ဒေသခံနေအိမ်များအား စစ်ကောင်စီတပ် အကြောင်းမဲ့ မီးရှို့

တောင်ငူခရိုင်ရှိ ကျေးရွာနှစ်ရွာမှ ဒေသခံနေအိမ်များအား စစ်ကောင်စီတပ် အကြောင်းမဲ့ မီးရှို့

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ကယားပြုံးချောင်းနှင့်ရှမ်းပြုံး ချောင်းကျေးရွာများသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်များက ရွာအတွင်းရှိ နေအိမ်နှင့်ပစ္စည်းများအား စက်တင်ဘာလ (၁၄) ရက်နေ့တွင် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အဆိုပါကျေးရွာနှင့်အနီးတဝိုက်သို့ စက်တင်ဘာလ (၁၃) ရက်နေ့က ဝင်ရောက် လာသော စစ်ကောင်စီတပ် များသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာ(၂)ရွာမှာ ကနဦးသိရှိရသည့် ရွာနေလူထုပိုင် ဆန်စက်နှင့် နေအိမ် (၃) လုံး ထက်မနည်းအား မီးရှို့ ဖျက်ဆီးမှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“တိုက်ပွဲဘာညာလည်း မရှိဘူး။ ရှို့သွားတာ ကယားပြုံးချောင်းရော၊ ရှမ်းပြုံးချောင်းရော နှစ်ရွာလုံးပဲ။ ရွာထဲ တပ် ချထားတာတော့  မဟုတ်ပါဘူး။ ဒီတိုင်းရွာထဲလျှောက်သွား၊ သွားပြီးတော့ သူတို့မသင်္ကာတာရှိလို့ မီးရှို့ပစ်လိုက် တယ်ပဲ ကြားတယ်။ သပ်သပ်ရှို့ ပစ်တာပါ မယုံသင်္ကာဖြစ်လို့ရော အမြင်ကပ်ပုဒ်မနဲ့ရှို့တာလည်း ပါမှာပေါ့” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ရွာအတွင်း ဝင်ရောက်လာသော စစ်ကောင်စီတပ်များကြောင့် ကျေးရွာနေဒေသခံ သက်ကြီးရွယ်အိုများ အပါ အဝင် ကလေးသူငယ်များ၊ အမျိုးသမီးများက နေအိမ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြသော်လည်း ရွာအတွင်း ကျန်နေသူ များ ရှိနေသေးသဖြင့် နေအိမ်မီးရှို့ မှုအတွင်း လူထုထိခိုက်မှုရှိမရှိနှင့် ထိခိုက်ပျက်စီးသွားသော နေအိမ်အရေ အတွက် အတိအကျကိုမူ ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

သံတောင်-တောင်ငူ-လိပ်သို လမ်းများတွင်လည်း စစ်ကောင်စီတပ်ဂိတ်စခန်းများမှ ဖြတ်သန်းသွားလာသူတိုင်း အား စစ်ဆေးမှုများပြုလုပ်၍ နိုင်ငံရေးနှင့် ပတ်သက် သည်များတွေ့ရှိပါက ဖမ်းဆီးအရေးယူခြင်းများ ဆက် လက်ရှိနေသဖြင့် ဒေသခံများ သွားလာရေးနှောင့်နှေးကြန့်ကြာမှုများတွေ့ကြုံနေရကြောင်း မြို့ခံလူထုက ပြောဆို ကြသည်။

ထို့အတူ ယခုနှစ်အစောပိုင်းက မြို့တွင်းပစ်ခတ်မှုများကြောင့် ဒေသခံအများစု စွန့်ခွာ ထွက်ပြေးခဲ့ကြသော သံတောင်ကြီးမြို့နယ်၊ သံတောင်(၁၃)မိုင်တွင်လည်း မြို့ခံများ၏ နေအိမ်များအား စစ်ကောင်စီက တော်လှန်ရေး အင်အားစုများ ခိုလှုံနေသည် အထင်ဖြင့် လည်းကောင်း၊ မသင်္ကာမှုဖြင့်လည်းကောင်း မီးရှို့ဖျက်ဆီးမှုများ မကြာ ခဏလုပ် ဆောင်ခဲ့ကြရာ ယခုဩဂုတ်လအထိ မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်အလုံး (၃၀) ထက်မနည်းရှိလာပြီ ဖြစ်သည်။

စစ်ကောင်စီ အာဏာသိမ်းယူသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ယခုနှစ်ဝက်တာ ကာလအထိ မြန်မာနိုင်ငံတဝှမ်း မြို့နယ်ပေါင်း ၁၀၆ မြို့နယ်တွင် စစ်ကောင်စီ၏ မီးရှို့ ဖျက်ဆီးခြင်းခံခဲ့ရသော ပြည်သူလူထုပိုင် နေအိမ်နှင့် အဆောက်အအုံ စုစုပေါင်း ရှစ်သောင်းကျော်ရှိလာပြီ ဖြစ်ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာလေ့လာ ရေး အင်စတီကျု (ISP- Myanmar) ၏ စာရင်းပြုစုထုတ်ပြန်ချက်အရ သိရသည်။

October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...