Published
Wednesday, September 13, 2023
အနာဂတ်ဖက်ဒရယ်ရဲတပ်ဖွဲ့ဖြစ်ဖို့အတွက် KNPF ကို ပြင်ဆင်လေ့ကျင့်သွားမယ်လို့ KNU တာဝန်ရှိသူတွေပြော
- အနာဂတ်ဖက်ဒရယ်ရဲတပ်ဖွဲ့ဖြစ်ဖို့အတွက် KNPF ကို ပြင်ဆင်လေ့ကျင့်သွားမယ်လို့ (၃၂) နှစ်မြောက် KNPF နေ့မှာ KNU တာဝန်ရှိသူတွေက ပြောပါတယ်။
- ခေးပူကျေးရွာအုပ်စုမှာရှိတဲ့ ဆာ့လော်ကျိုး စစ်ကောင်စီတပ်စခန်းကို KNU တပ်မဟာ ၅ က သိမ်းပိုက်နိုင်ခဲ့ပါတယ်။
- သူးမွဲခီးကျောင်းသားဟောင်းအဖွဲ့အစည်းကနေ ဦးဆောင်ပြီး ရွှေ့ပြောင်းကျောင်းသူ၊ ကျောင်းသားတွေ အဆင့်မြှင့်အတန်းပညာသင်ကြားနိုင်မယ့်အခွင့်အလမ်းရရှိဖို့နဲ့ ကျောင်းပြီးသွားတဲ့နောက်ပိုင်း ကောင်းမွန်တဲ့အလုပ်အကိုင်ရရှိနိုင်ဖို့ နှီးနှောဖလှယ်ပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။