ချင်းပြည်နယ်တွင် ခရစ်ယာန်ဘုရားကျောင်းနှင့် ဘာသာရေးအဆောက်အအုံ ၉၀ ကျော် တိုက်ခိုက် ဖျက်ဆီးခံရ

ချင်းပြည်နယ်တွင် ခရစ်ယာန်ဘုရားကျောင်းနှင့် ဘာသာရေးအဆောက်အအုံ ၉၀ ကျော် တိုက်ခိုက် ဖျက်ဆီးခံရ

ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ခရစ်ယာန်ဘုရားကျောင်းနှင့် ဘာသာရေး အဆောက်အအုံ ၉၀ ကျော် ပျက်စီးခဲ့သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားနောက်ပိုင်း ၂ နှစ်ကျော်ကာလအတွင်း ချင်းပြည်နယ်တွင် စစ်ကောင်စီတပ် ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ဘုရားကျောင်းနှင့် ဘာသာရေး အဆောက်အအုံ ၉၅ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု CHRO က စက်တင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်သည်။

“ဒီ ချင်းပြည်နယ်မှာ ဘာသာရေးအ‌ဆောက်အုံတွေကို တမင်တကာ တိုက်ခိုက်တာက ကျွန်တော်တို့ ချင်းလူမျိုး တွေ IDPs ဆိုရင်တော့ ဘုရားကျောင်းမှာ နေတာတွေများတယ် ဆိုတော့ ဒီလိုမျိုး ဘုရားကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်လာတယ် ဆိုတာကတော့ ပြည်သူလူထုကို တမင်တကာ တိုက်ခိုက်တာပဲဖြစ်တယ်” ဟု CHRO ၏ စီမံကိန်း မန်နေဂျာ ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

ဒါ့အပြင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်ထဲက ဆေးရုံ၊ ဆေးခန်း အဆောက်အအုံ ၅ ခုနှင့် စာသင်ကျောင်း ၄ ကျောင်း ထိခိုက်ပျက်စီးခဲ့သည်။

စစ်ကောင်စီသည် ဘာသာရေးအဆောက်အအုံ၊ ကျောင်းနှင့် ဆေးရုံများအပြင် အရပ်သားများနေထိုင်သော ကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာစံသတ်မှတ်ချက် ဥပဒေများနှင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်းတင်းတင်း ကျူးလွန်ခြင်းဖြစ်သည်ဟု ဆလိုင်းမာန်ဟရဲလျန်က ပြေသည်။

“ဘုရားကျောင်း၊ နောက်ပြီးတော့ ဘာသာရေးအဆောက်အအုံတို့၊ ဆေးရုံတို့၊ စာသင်ကျောင်းတို့ ဆိုတာ ပြည်သူ တွေ စုဝေးတဲ့နေရာပေါ့လေ၊ အဲ့ဒီစုဝေးတဲ့နေရာက ကျွန်တော်တို့ရဲ့ Geneva Convention အရက လုံးဝ ရှောင် ကျဉ်ရမယ့်ဟာပေါ့နော်။ တိုက်ခိုက်လို့မရဘူး။ နိုင်ငံတကာ ဥပဒေတွေအရလည်း ဒီဘာသာရေး အဆောက်အအုံ တွေ၊ ကျောင်းတွေ၊ ပြီးရင်တော့ ဆေးရုံတွေကို ရှောင်ကျဉ်ရမယ် ဒါကြောင့် ဒီတိုက်ခိုက်မှုတွေက စစ်ရာဇဝတ်မှု ပေါ့လေ” ဟု ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်းရှိ ဘာသာရေးအဆောက်အအုံ ၂၀၀ နီးပါးကို စစ်အစိုးရက တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး ယင်းအနက် ချင်းပြည်နယ်သည် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ကြောင်း သိရသည်။

October 25, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဩဇာတိက္ကမအကြီးဆုံးသော အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် မီဇိုးလူ...
October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 23, 2024
ချင်းပြည်မရာနယ်မြေအတွင်း လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်မည့် NGO/INGO များအနေဖြင့်...