စစ်တပ်က လက်ခတ်တောင်စခန်းကို မြေပြင်စစ်ကြောင်းဖြင့်မတိုက်ဘဲ လက်နက်ကြီး၊ ဒရုန်းဗုံးတို့ဖြင့် တိုက်ခိုက်နေ

စစ်တပ်က လက်ခတ်တောင်စခန်းကို မြေပြင်စစ်ကြောင်းဖြင့်မတိုက်ဘဲ လက်နက်ကြီး၊ ဒရုန်းဗုံးတို့ဖြင့် တိုက်ခိုက်နေ

စစ်ကောင်စီတပ်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA ပူးပေါင်းစစ်ကြောင်းများ သိမ်းထား သည့် လက်ခတ်တောင် တာဝါတိုင်စခန်းကို မြေပြင်စစ်ကြောင်းများဖြင့် တိုက်ခိုက်ခြင်းမျိုးမလုပ်တော့ဘဲ လက် နက်ကြီး၊ ဒရုန်းဗုံးတို့ဖြင့် တိုက်ခိုက်မှုမျိုး လုပ်ဆောင်နေသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့က စစ်ကောင်စီတပ် စခန်းတာဝါတိုင်ကုန်းကို KNLA ပူးပေါင်းတပ်များတိုက်ခိုက် သိမ်းပိုက်ထားပြီးနောက် တစ်လအကျော်ရှိလာချိန်အထိ ပြန်လည်သိမ်းယူနိုင်ခြင်း မရှိသေးသည့် အပေါ် စစ်တပ် က တိုက်ခိုက်မှု ဆက်လုပ်နေခြင်းဖြစ်သည်ဟု KNLA ပူးပေါင်းစစ်ကြောင်း သတင်းအရင်းအမြစ်က ပြောသည်။

“လက်ခတ်တောင်ကို စစ်တပ်က နေ့တိုင်း တစ်ခုမဟုတ်တစ်ခု တိုက်ခိုက်တယ် ။ ကျနော်တို့ ဘက်က လည်းအမြဲ သတိနဲ့နေတယ်။ အခု ဩဂုတ် ၃၁ ရက်ညကဆို စစ်တပ်ဘက်က ဒရုန်းဗုံးကြဲတာမျိုးပါ တိုက်လာပြီ၊ လက်နက် ကြီးကတော့ နေရာစုံက တစ်နေ့ကို ၄၊ ၅ ၊ ၁၀ ကြိမ်ကတော့ ပစ်တယ်။ မြေပြင် စစ်ကြောင်းကတော့ တောင်ပေါ် တက်မတိုက်ရဲတာ နှစ်ပတ်ကျော်လောက်ရှိပြီ” ဟု KNLA ပူးပေါင်း စစ်ကြောင်း သတင်းအရင်းအမြစ်က ကေအိုင် စီသို့ ပြောသည်။

ဩဂုတ်လ ၃၁ ရက်နေ့၊ ည ၉ နာရီ ၃၀ အချိန်ကနေ ၁၁ နာရီ အချိန်အထိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် လက်ခတ်တောင်ပေါ်သို့ ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ ၂၀ ခန့် ပစ်ခတ်ခဲ့သောကြောင့် ကျရောက် ပေါက်ကွဲမှု များရှိခဲ့သည်ဟု ဆိုသည်။

သို့သော် ၎င်းတို့ဘက် အထိအခိုက်မရှိကြောင်း KNLA ပူးပေါင်းတပ်ဖွဲ့များက ပြောသည်။

လက်ရှိစစ်တပ်က တစ်လကျော် ကာလအတွင်း လေကြောင်း၊ လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်ထိုး စစ်ဆင် တိုက်တခိုက်နေမှုတို့ကြောင့် လက်ခတ်တောင် ဘုရားကုန်းပေါ်ရှိ သာသနိက အဆောက်အအုံ၊ စေတီပုထိုးနှင့် တောင်ခြေရှိ ပွင့်လင်းအေးမြိုင်၊ မေတ္တာလင်းမြိုင်ကျေးရွာ ဘုန်းကြီးကျောင်နှင့်ဒေသခံ နေအိမ်များပျက်စီးမှုများ လာနေသည်။

စစ်ရှောင်နေထိုင်နေရသည့် မေတ္တာလင်းမြိုင်ရွာသား တစ်ဦးက “တောင်ပေါ်က ဘုရားတွေ၊ စေတီတွေ၊ ကမ္မဌာန်း ကျောင်းဆောင်တွေ ပျက်စီးကုန်ပြီ၊ တောင်ခြေက ပွင့်လင်းအေးမြိုင်၊ မေတ္တာလင်းမြိုင်က ဘုန်းကြီးကျောင်း တွေ၊ လူနေအိမ်တွေပျက်ကုန်ပြီ၊ အခုအဲ့ဒီ အိမ်တွေ ကျောင်းတွေမှာ စစ်တပ်နဲ့ BGF တွေ တပ်စွဲပြီး နေနေကြ တယ်။ အဲ့ရွာထဲ ခြံထဲ နေရာတွေကနေ တောင်ပေါ်ကို လက်နက်ကြီးနဲ့ပစ်ထုတ်တယ်” ဟု ပြောသည်။

ထိုသို့ နှစ်ဖက် တိုက်ခိုက်မှုများ ဆက်ရှိနေသည့် လက်ခတ်တောင် တာဝါတိုင် စစ်စခန်းကုန်းတိုက်ပွဲကြောင့် မေတ္တာလင်းမြိုင်၊ ပွင့်လင်းအေးမြိုင်၊ ကံ့ကော်တစ်ထောင်၊ မယ်ထော်သလေးကျေးရွာ၊ စစ်မှုထမ်းဟောင်း ရပ် ကွက်၊ ကျောက်လုံးကြီးရပ်ကွက်၊ ရွှေမြစန္ဒီ၊ တုံးတံတားရပ်ကွက်မှ ဒေသခံပြည်သူ တစ်ထောင်ဝန်းကျင်က နီးစပ်ရာ တိုက်ပွဲများနှင့် လွတ်နိုင်မည့်နေရာများတွင် နေရပ်ပြောင်းရွှေ့နေထိုင်နေကြရကြောင်း စစ်ဘေးရှောင် နေထိုင်သူများက ပြေသည်။

Photo: Cobra Column

Most read this week

October 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ...
October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...