စစ်ကောင်စီ၏ ညွန်ကြားမှုကြောင့် မင်းတပ်မြို့ပေါ်ရှိ ဆေးရုံ၊ကျောင်း နှင့် ရုံးဌာနအားလုံး ပိတ်ထားရ

စစ်ကောင်စီ၏ ညွန်ကြားမှုကြောင့် မင်းတပ်မြို့ပေါ်ရှိ ဆေးရုံ၊ကျောင်း နှင့် ရုံးဌာနအားလုံး ပိတ်ထားရ

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ရှိ ဆေးရုံ၊ ကျောင်းနှင့် ဌာနဆိုင်ရာရုံးအားလုံးကို ပိတ်ထားရန် စစ်ကောင်စီ က ညွှန်ကြားပြီးနောက် ရုံးဌာနများ အားလုံး မလည်ပတ်တော့ကြောင်း မင်းတပ်ဒေသခံနှင့် တော်လှန်ရေးအင်အားစု များက ပြောသည်။

ဩဂုတ် ၂၁ ရက်က စတင်၍တင်၍ မင်းတပ်မြို့ပေါ်ရှိ ဆေးရုံ၊ ကျောင်းနှင့် ဌာနဆိုင်ရာရုံးအားလုံးကို ပိတ်ထားရန် စစ်ကောင်စီ က ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

“၂၁ ရက်နေ့က စပြီးတော့မှ ဆေးရုံးတွေ၊ စာသင်ကျောင်းတွေရော အကုန်လုံး ပိတ်သွားကြတယ်။ ကလေးတွေ လည်း ကျောင်းမတက်ကြရဘူး။ ဒီနေ့အထိတော့ ပိတ်ထားတယ်။ ဆက်ပြီး ပိတ်မလားဆိုတာတော့ နောက်ဘယ် လိုဖြစ်လာမလဲဆိုတာ မသိသေးဘူး။ ထ ၁ နဲ့ ထ ၃ ကျောင်းရယ်၊ ၃ ကျောင်းဖွင့်နေတာကိုလည်း အကုန်လုံးပိတ် သွားပါတယ်” ဟု မင်းတပ်ဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိတွင်မူ မြို့ပေါ်နှင့် အနီးဝန်းကျင်တဝိုက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဈေးရောင်းခြင်း၊ လက်ဖက်ရည်ဆိုင်ဖွင့် ခြင်း စသဖြင့် ပြည်သူများ ပုံမှန်သွားလာနေကြသော်လည်း မင်းတပ်ဆေးရုံမှာ ပိတ်ထား၍ လူနာနှင့် ကိုယ်ဝန် ဆောင်များ အခက်အခဲဖြစ်နေသည်ဟု မင်းတပ်ဒေသခံများက ပြောသည်။

မင်းတပ်မြို့ခံတစ်ဦးက “ဆေးရုံပိတ်တယ်ဆိုတော့ ပြည်သူတွေက ဆေးရုံထဲ ရောက်နေတဲ့ လူနာတွေ မီးဖွားမယ့် လူနာတွေ၊ ဆရာဝန်ကလည်း အထဲမှာပဲ ရှိတဲ့အခါမှာ တပ်ထဲမှာ ကြိုပို့ဖို့ ကားလည်း မရှိတော့ သူတို့ကလည်း မလာနိုင်ဘူး။ ဆေးရုံလူနာတွေကတော့ အခက်အခဲတွေ ကြုံတွေ့နေတာပေါ” ဟု ပြောသည်။

ယခင်ကတည်းက တိုက်ပွဲများ၊ စစ်ရေးပဋိပက္ခများကြောင့် မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံး အများစုက မလည်ပတ်နိုင်ဘဲ ပိတ်ထားရပြီး ပညာရေး၊ ကျန်းမာရေး၊ သစ်တောရုံး၊ ဆက်သွယ် ရေး စသဖြင့် ဌာနအချို့မှာ လည်ပတ်နေသော်လည်း ဩဂုတ် ၂၁ ရက်နေ့မှ စတင်၍ အားလုံး ပိတ်သွားပြီဟု ဒေသခံများက ပြောသည်။

“မြို့ပေါ်မှာ စကစကပဲ ပိတ်ခိုင်းတာပါ။ ဟိုနေ့က မြို့ပေါ် ဆေးရုံမှာ ကား ၃ စီးရှိတဲ့ အထဲက တစ်စီးကို CDF လူငယ်တွေက ဒါဟာ ပြည်သူပိုင်ပစ္စည်း ဆိုပြီးတော့မှ သွားယူတယ်။ သူတို့ အခိုင်အမာ တပ်စွဲထားတဲ့ မြို့ထဲက ကားကိုမှ တော်လှန်ရေး လူငယ်တွေက ယူသွားနိုင်တော့ သူတို့ ဒေါသထွက်တာရော၊ စိတ်ဆိုးတာရော အဲ့ဒါ ကြောင့် ကျောင်းတွေ၊ ရုံးတွေ ပိတ်ပေါ့။ မင်းတို့ကို လုံခြုံရေး မပေးတော့ဘူးပေါ့နော်။ တပ်တွေ လုံခြုံရေး ပြန် ရုတ်သိမ်းလိုက်တယ်” ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုယောမာန်က ပြောသည်။

မည်သည့် အကြောင်းအရင်းကြောင့် ယခုကဲ့သို့ မင်းတပ်မြို့ပေါ်ရှိ ဆေးရုံ၊ ကျောင်းနှင့် ဌာနဆိုင်ရာရုံးအားလုံးကို ပိတ်ထားရန် စစ်ကောင်စီ က ညွှန်ကြားခြင်း ဖြစ်သည်ကို မြို့ခံများက မသိသော်လည်း တိုက်ပွဲများ ပြင်းပြင်း ထန် ထန် ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်။

ဇူလိုင် ၃၀ ရက်နေ့က မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်ရှိ သစ်တောရုံးအနီးတွင် စစ်ကောင်စီတပ်၏ ကင်းလှည့် ယာဉ် တစ်စီးကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က အနီးကပ် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးပြီး ခရိုင်ရဲမှူး အပါအဝင် တပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Most read this week

November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...
November 7, 2024
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့တွင် အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီတပ်နှင့်...