ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားငွေ လက်ဝယ်ထားရှိပါက အရေးယူမည်ဟု စစ်ကောင်စီ ကြေညာ

ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားငွေ လက်ဝယ်ထားရှိပါက အရေးယူမည်ဟု စစ်ကောင်စီ ကြေညာ
Photo: hindutn times
Photo: hindutn times

ပြည်တွင်းနေထိုင်သူတစ်ဦး အနေဖြင့် သတ်မှတ် နိုင်ငံခြားငွေပမာဏအား သတ်မှတ် ကာလကျော်လွန်သည်အထိ ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားရှိပါက အရေးယူ မည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဩဂုတ်လ (၂၀)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် နိုင်ငံခြားငွေ စီမံခန့်ခွဲမှု စည်းမျဥ်းအရ လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁ သောင်း (သို့မဟုတ်) ၁ သောင်းဖြင့်ညီမျှသော နိုင်ငံခြားငွေအား လက်ခံရရှိသည့်နေ့မှခြောက်လအတွင်းသာ လက်ဝယ်အတွင်း ထားရှိ၍သုံးစွဲခွင့်ရှိ သည်ဟု ဖော်ပြထားသည်။

ထို့အပြင် သတ်မှတ် ကာလကျော်လွန်ပါက အသုံးမပြုဖြစ်ဘဲ ကျန်ရှိနေသောငွေအား လိုင်စင်ဖြင့် နိုင်ငံခြားငွေ လဲလှယ်ရေး လုပ်ကိုင်နေသည့် လုပ်ငန်းများထံတွင် ရောင်းချလဲ လှယ်၍ဖြစ်စေ၊ ဘဏ်စာရင်းသွင်း၍ဖြစ်စေ ဆောင်ရွက်ရမည်ဖြစ်ပြီး လိုင်စင် (သို့မဟုတ်) ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားငွေ လက်ဝယ် ကိုင်ဆောင်ထားသူများ အား ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ဒေါ်လာလခစား ဝန်ထမ်း အမျိုးသမီးတစ်ဦးက “ကျမတို့ အလုပ်ရဲ့ လစာနှုန်းထားဆို ဒေါ်လာနဲ့ရတယ်ဆိုပေမယ့် ဘဏ်စာရင်း ထဲပဲအဝင်ပြတာပါ။ ထုတ်ပေးရင် မြန်မာငွေပဲ ၂၀၂၂ ခုနှစ်လောက်ကတည်းကပေါ့၊ အခုဆိုပိုဆိုး တယ်လေ၊ MFTB တို့လို့ နိုင်ငံခြားဘဏ်တွေ Sanction မိတော့ သူတို့မှာ ဒေါ်လာဝင်ငွေမရှိတော့ဘူး၊ အဲ့ဒါကြောင့် ပေါ့” ဟု ပြောသည်။

ထို့အတူ စစ်ကောင်စီထိန်းချုပ်ထားသော ဗဟိုဘဏ်၏ အဆိုပါထုတ်ပြန် ချက်နှင့်ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာ သုံးစွဲသူများအကြား နိုင်ငံခြားငွေဈေး ထပ်မံတက်လာမည့်အရေးနှင့် လွတ်လပ်စွာ နိုင်ငံခြားငွေ ကိုင် ဆောင်ခွင့် ဆုံးရှုံးနေသည်ကို ဝေဖန်မှုနှင့် စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။

အလားတူ နိုင်ငံတကာကုန်သွယ်မှုတွင် စစ်ကောင်စီအတွက် အရေးပါသော မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ် -MFTB နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း ဝယ်ရေးဘဏ်-MICB ဘဏ်တို့အား အမေရိကန်နိုင်ငံက စီးပွားရေးအရ ပိတ်ဆို့မှု များပြုလုပ်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်ဇွန်လပိုင်းက ထုတ်ပြန်ခဲ့ပြီးသည့်နောက်တွင် ဒေါ်လာထုတ်လုပ်ရောင်းချမှုများ ရပ်ဆိုင်းခဲ့ရသေးသည်။

စစ်ကောင်စီအာဏာသိမ်းယူပြီးနောက် နိုင်ငံတကာဘက်မှ စစ်ကောင်စီနှင့် ပတ်သက်သည့် ငွေကြေး စီးဆင်းမှု လုပ်ငန်းများအား အရေးယူမှုရှိလာ၍ ပြည်တွင်းနိုင်ငံခြား ငွေဈေးကွက် မတည်မငြိမ်ဖြစ်လာသလို ယခုလက်ရှိ ပြင်ပနိုင်ငံခြား ငွေလဲလှယ်နှုန်း တွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ လေးထောင်နီးပါး ပေါက်ဈေးရှိလာကြောင်း နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်းများက ပြောသည်။

November 27, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ကျေးရွာနှင့် မယ်ထော်သလေးကျေးရွာအတွင်းရှိ တရုတ်ငွေလိမ်...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...