Published
Wednesday, August 09, 2023
ဘီးလင်းတွင် ကားရာချီပိတ်မိနေ
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ရွှေရောင်ပြနှင့် ကျုံအိတ်တံတားကြား ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ် ရေ ကျော်နေပြီး ရေစီးသန်နေတဲ့အတွက် ကားအစီးအရ ရာနှင့်ချီ ပိတ်မိနေသည်။
သြဂုတ်လ ၈ ရက်နေ့ ညနေပိုင်းမှ ဩဂုတ်လ ၉ ရက်နေ့ (ယနေ့) နံနက်ပိုင်းအချိန်ထိ ကားများ ဖြတ်သန်းသွား လာ၍ မရတော့ဘူးဟု ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။
ကားများ ဖြတ်သန်းသွားလာ၍ မရတော့သည့်အတွက် လက်ရှိ ဘီးလင်းတွင် ကားအစီးရေ ရာနှင့်ချီ ပိတ်မိနေခြင်း ဖြစ်သည်ဟု ဆိုကြသည်။
x