တမူးမြို့ စန္ဒကူးရပ်ကွက်က မိသားစုဝင် ၃ ဦး ပစ်ခတ်သတ်ဖြတ်ခံရတယ်လို့ ဒေသခံများပြော

တမူးမြို့ စန္ဒကူးရပ်ကွက်က မိသားစုဝင် ၃ ဦး ပစ်ခတ်သတ်ဖြတ်ခံရတယ်လို့ ဒေသခံများပြော

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှာ လက်နက်ကိုင်ဆောင်ထားတဲ့ လူ ၇ယောက်က စန္ဒကူးရပ်ကွက် (၁-ခ) မှာ နေထိုင်တဲ့အိမ်ကို ဝင်ရောက်ပြီး မိသားစုဝင် ၃ယောက်ကို ပစ်ခတ်သတ်ဖြတ် သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို လက်နက်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် မိခင်ဖြစ်သူ ဒေါ်အေး အသက် ၄၈ နှစ် အပါအဝင် သားဖြစ်သူ မောင်ပြည့်လျှံ  အသက် ၁၆ နှစ်၊ သမီးဖြစ်သူ မငြိမ်းငြိမ်း အသက် ၂၁ နှစ်တို့ဟာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး သားကြီးဖြစ်သူကတော့ နေအိမ်ရဲ့ မျက်နှာချင်းဆိုင်မှာ နေထိုင်တာကြောင့် အသက်ဘေးကနေ လွတ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတစ်ဦးက “အကြီးဆုံးသားကတော့ အသတ်ခံရတဲ့အိမ်ရဲ့ အရှေ့ဖက် မျက်နှာချင်းဆိုင်မှာ နေတာပေါ့။ အဲ့ဒါ ကြောင့် လွတ်သွားတယ်၊ ကံကောင်းတယ်ပြောရမှာပေါ့နော်၊ အိမ်ထဲကျန်နေတဲ့ အမေဖြစ်သူနဲ့ သူ့ညီ၊ ညီမတွေ တော့ အကုန်သေနတ်နဲ့ အပစ်ခံရတာ။ ပွဲချင်းပြီးသေတယ်” လို့ ပြောပါတယ်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

သတ်ဖြတ်ခံရတဲ့ မိသားစုဝင်တွေဟာ ကုန်သည်လုပ်ငန်း လုပ်ကိုင်ကြတဲ့သူတွေဖြစ်ပြီး အသတ်ခံရတဲ့ မိသားစု ဝင်တွေရဲ့ စီးပွားပြိုင်ဖက်တွေက ပျူစောထီးတပ်ဖွဲ့ဝင်တွေကို တိုင်ကြားပြီး သတ်ဖြစ်ခိုင်းတာ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ယောက် ဆက်ပြောပါတယ်။

“သတ်ခံရတဲ့သူတွေက ကုန်သည်လည်း လုပ်တယ်ပေါ့။ ပြီးတော့ ပွဲစားလည်း လုပ်တယ်လို့ သိရတယ်ပေါ့နော်။ ဒီမိသားစုရဲ့ စီးပွားပြိုင်ဖက်တွေနဲ့ ပြဿနာတစ်ခုခု ဖြစ်တာကြောင့် ပြိုင်ဖက်က ပျူစောထီးကိုတိုင်ပြီး သွားသတ် ခိုင်းတာလို့တော့ တမူးက လူတွေ အကုန်နီးပါးက ယုံကြည်နေကြတယ်ပေါ့၊ အဲ့လိုဖြစ်ဖို့လည်း များတယ်” လို့ ပြောပါတယ်။

အခုလို တမူးမြို့မှာ မိသားစုဝင် ၃ယောက်ကို လက်နက်ကိုင်ဆောင်ထားတဲ့ သူတွေက ပစ်သတ်ခဲ့တာဟာ ပထမ အကြိမ် မဟုတ်ဘဲ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တုန်းကလည်း ချစ်စမ်းမောင် လက်ဖက်ရည်ဆိုင်က ဆိုင်ရှင်ဖြစ်သူ ဦးချစ်စမ်းမောင်တို့ လင်မယား ၂ယောက်ကို လက်နက်ကိုင်ဆောင်ထားသူတွေက ပစ်သတ်ခဲ့ပြီး သားဖြစ်သူ ၇ နှစ်အရွယ်ကတော့ တင်ပဆုံအောက်မှာ ကျည်ဆံထိမှန် ဒဏ်ရာရခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် အပြစ်မဲ့ ပြည်သူတွေ အကြောင်းမဲ့ ပစ်ခတ်ခံရတာတွေ ရှိလာပေမယ့် အရေးယူဆောင် ရွက်ပေးမယ့်သူတွေ မရှိသလို တရားခံတွေကလည်း လွတ်မြောက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်တပ်နဲ့ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေအကြားလည်း အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ စစ်ရေးတင်းမာမှုတွေကြောင့် နယ်မြေဒေသအတွင်း လုံခြုံမှုလည်း ကင်းမဲ့နေပါတယ်။

အခုလက်ရှိ တမူးမြို့နယ်မှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား စစ်ရေး တင်းမာနေတာကြောင့် ကလေး-တမူး အာရှလမ်းမကြီးအသုံးပြုတာကို ကန့်သတ်ထားပါတယ်။

ဒါ့ကြောင့် တမူးမြို့ ပေါ်မှာ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေပြီး နောက်ဆက်တွဲအနေနဲ့ ခိုးဆိုးလုယက်မှု တွေလည်း တဖြည်းဖြည်း ပေါများလာတယ်လို့ ဒေသခံတွေကပြောပါတယ်။

Most read this week

October 28, 2024
ချင်းပြည်နယ် ဖလမ်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) အကြား...
October 28, 2024
ချင်းပြည်နယ်က မြို့နယ် ၉ မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုခံရတာအများဆုံးကြုံ...
October 25, 2024
ဇိုလဲန်းပြည်သူ့ရဲ့တပ်ဖွဲ့ (People’s Police Force-Zoland) နဲ့ ပူးပေါင်းပြီး တီးတိန်မြို့နယ်ထဲမှာ...
October 11, 2024
ယခု ၂၀၂၄ ခုနှစ်အတွင်းတီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့မှာ ဘိန်းစိုက်ပျိုးမှု...