တိုက်ပွဲကြောင့် တမူးခရိုင်ထဲက ဒေသခံ ၃၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြရ

တိုက်ပွဲကြောင့် တမူးခရိုင်ထဲက ဒေသခံ ၃၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြရ

စစ်ကိုင်းတိုင်း တမူးခရိုင် ခါမ်းပါတ်မြို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ၅ ရက်ဆက် တိုက်ပွဲပြင်းထန်သောကြောင့် ခါမ်းပါတ်မြို့နှင့် အနီးတဝိုက်ရှိ ဒေသခံ ၃၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြရ သည်။

ဇူလိုင်လ ၂၂ ရက်နေ့ ည ၈ နာရီမှ စတင်ကာ ခါမ်းပါတ်အမှတ် ၁ ရပ်ကွက်ရှိ စစ်ကောင်စီ တပ်စခန်းအား ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ သွားရောက် ပစ်ခတ်ခဲ့ကာ ၁ နာရီကျော်ကြာ နှစ်ဘက် တိုက်ပွဲပြင်းထန်ခဲ့ပြီး ယနေ့အထိ စစ်ရေးတင်းမာလျက်ရှိသည်။

အဆိုပါတိုက်ပွဲကြောင့် ခါမ်းပါတ်မြို့ရှိ ဒေသခံများအားလုံးနှင့် ကနန်ရွာမှ ဒေသခံ အများစုမှာ မြန္ဒာ၊ ငှက်ပျော တော၊ လက်ပံချောင်း၊ တာဟန်း ရပ်ကွက်ဘက်သို့ ထွက်ပြေးခိုလှုံနေကြရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“တနင်္ဂနွေနေ့မနက် ၁၁ နာရီလောက်မှာပေါ့ မြို့ထဲက သက်ကြီးရွယ်အိုတွေ၊ နာမကျန်းဖြစ်ပြီး ကုတင်ပေါ် လှဲနေ တဲ့ သူတွေရောပေါ့နော် ကား ၂ စီးနဲ့ လာကြိုကြတော့ သူတို့ကိုလဲ ဘေးလွတ်ရာကို ပို့လိုက်ပြီ။ စစ်ဘေး ရှောင် တာကတော့ တနင်္ဂဂနွေနေ့ မနေ့ကနေ ဒီနေ့ထိပေါ့ မြို့ထဲမှာ ဘယ်သူမှ မကျန်တော့ဘူး တကယ့် volunteer တွေကလွဲလို့ပေါ့နော်” ဟု ခါမ်းပါတ် ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ခါမ်းပါတ်မြို့နှင့် အနီးတဝိုက်အား ၄၅ မိနစ်ခန့်အကြာ ဗုံးကြဲပစ်ခတ်ခဲ့သည်။

“ခါမ်းပါတ် အမှတ် ၁ ရပ်ကွက်ရော၊ ဒေသကာကွယ်ရေးတပ်စခန်းဘက်ရော၊ ကနန်ဘက်ရော အသကုန်ပစ်တာ။ နောက် အမှတ် ၁ ရပ်ကွက်ကတော့ အိမ်တွေရောပစ်တာပေါ့နော်။ သူတို့ ဟိုပတ်ဒီပတ်လုပ်တယ် ၁၀ ကြိမ်ထက် မနည်း ပျံဝဲပြီး ရမ်းသမ်းပစ်ခတ်တာပေါ့နော်” ဟု ဒေသခံတစ်ဦးကပြောသည်။

ထိုသို့ စစ်ကောင်စီမှ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ပျက်ဆီးမှုအခြေအနေအား မသိရသေးပေ။

ယမန်နေ့ကလည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးခဲ့ပြီး လေကြောင်းဖြင့် အင်းအားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် ၁၃ ဦးသေဆုံးခဲ့ပြီး PDF - တမူး ဘက်ကမူ ရဲဘော် ၁ ဦး ထိခိုက်ခဲ့ကြောင်း သိရသော်လည်း ခိုနူမ်းသုန်အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးစားနေဆဲ ဖြစ်သည်။

ဇူလိုင်လ ၂၃ ရက်နေ့တွင်လည်း ခါမ်းပါတ်မြို့ လယ်ကွင်းဖက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ၎င်းနေရာသို့ သွားရောက်ရှင်းလင်းရာ ကျန်ရစ်သော ကျည်ဆန်များ သိမ်းဆည်းရခဲ့သည်ဟု PDF - တမူးက ဆိုသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့သောကြောင့် ခါမ်းပါတ်မြို့ အမှတ် (၁) ရပ်ကွက် ရိုမန်ကက်သလစ် ဘုရားကျောင်းရှေ့ လက်နက်ကြီးကျရောက်ပေါက်ကွဲကာ ၂၃ နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

ယခုလက်ရှိ ခါမ်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ အကြား စစ်ရေးတင်းမာလျက်ရှိနေပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း ဒေသခံများနှင့် PDF - တမူး တာဝန်ရှိသူများက ပြောသည်။

ပုံစာ - ခမ်းပတ်မြို့ စစ်ဘေးရှောင်များ

November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...
November 7, 2024
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့တွင် အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီတပ်နှင့်...