ချင်း-မကွေး နယ်စပ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့

ချင်း-မကွေး နယ်စပ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့

ချင်းတောင်မှာ စစ်ကောင်စီစစ်ကြောင်း ၂ ခု တိုက်ခိုက်ခံရပြီး ၅၀ ခန့် သေဆုံး

ချင်းပြည်နယ်၊ တောင်ပိုင်းကို စစ်မျက်နှာနှစ်ခုဖွင့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်း တပ်များအကြား ၁၀ ရက်ကျော်ကြာ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ရာ စစ်ကောင်စီက ၅၀ ခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာ များပြားခဲ့သည်ဟု ချင်းကာကွယ်ရေးတပ် - ကန်ပက်လက်မှ တပ်မဟာမှူး ထွန်းလိန်းထန်းက ပြောသည်။

“စကစ ဘက်ကတော့ စစ်ကြောင်းနှစ်ခုလုံးမှာ ဆိုရင် သေဆုံးမှုက ၅၀ ဝန်းကျင်ရှိပြီ။ ဒဏ်ရာရတာက တော် တော်လေး များမယ်။ မိုင်းပေါက်ကွဲ အခြေအနေကလည်း ၂၀ ထက် မနည်းရှိလာပြီ။ အဲဒါရဲ့ ထိခိုက်သေဆုံးမှုကို မတွက်ထားဘူး။ တိုက်ပွဲတွင်း လက်နက်ချင်း အပြန်အလှန်ပစ်ခတ်တာကိုပဲ ရေတွက်တဲ့အတွက်ကြောင့် မိုင်း ပေါက်ကွဲမှုကဟာကို မရေတွက်တဲ့အတွက်ကြောင့် ၅၀ တော့ ကျော်ပြီးလို့ ခန်းမှန်းရတယ်” ဟု သူက ပြောသည်။

ချင်းပူးပေါင်းတပ်က ချင်းကာကွယ်ရေးတပ် - ကန်ပက်လက်မှ ရဲဘော် ၂ ဦး ကျဆုံးပြီး ရဲဘော် ၉ ဦး ထိခိုက် ဒဏ်ရာရရှိကာ၊ ချင်းအမျိုးသားတပ် (CNA) မှ ရဲဘော်တစ်ဦး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မင်းဘူးခရိုင် တပ်ရင်း ၆ မှ ရဲဘော်တစ်ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ရိက္ခာပို့ရန် အင်အား ၃၀၀ ကျော်၊ စစ်ကား ၂၀ ကျော် စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းတပ်တွေကြား ဇူလိုင်လ ၁၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။

စစ်ကြောင်းသည် ကျင်ဒွေးသို့ရောက်ရှိရန် ၁၀ မိုင်ခန့် ၊ ၃ ရက်ခရီးသာ လိုတော့သည်ဟု သိရသည်။

ကန်ပက်လက်မြိုမှာ တပ်ချိန်းရန် သွားနေသည့် အင်အား ၁၀၀ ကျော် ခြေလျင်စစ်ကြောင်းနှင့် အသွား-အပြန် ထိတွေ့တိုက်ပွဲများ ပြင်ထန်းခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့ခြင်း ဖြစ်သည်။

ယင်းစစ်ကြောင်းသည် ဇူလိုင်လ ၂၆ ရက်နေ့က မကွေးတိုင်းထဲ ပြန်ဝင်နိုင်သည်ဟု ဆိုသည်။

မကွေး-ချင်းနယ်စပ်ကို ထိန်းချုပ်ရန် ကြိုးစားနေသာ စစ်ကောင်စီတပ်များကို ချင်းအမျိုးသားတပ် (CNA)၊ ချင်း ကာကွယ်ရေးတပ် (CDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များက ဇူလိုင် ၂၄ ရက်က နေရာ ၂ ခုတွင် စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်က ၂၀ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း၊ ချင်းပူးပေါင်း တပ်က ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူက ပြောသည်။

ဇူလို ၁၆ ရက်နေ့က နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီက ၆ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ များပြား ခဲ့သည်။ ဇူလိုင် ၁၈ ရက်နေ့ကလည်း မဆာတွီရွာအနီး နှစ်ကြိမ် တိုက်ပွဲပြင်းထန်းရာ စစ်ကောင်စီက အရာရှိ တစ်ဦးအပါအဝင် ၈ ဦးသေဆုံးပြီး ထိခိုက်မှု များပြားသောကြောင့် ဂျက်ဖိုက်တာ ၅ စီးနဲ့ အကြိမ် ၂၀ ထက် မနည်း တိုက်ခိုက်ခဲ့သေးသည်။

ထို့ကြောင့် မဆာတွီကျေးရွာမှ ဘုရားကျောင်း အပါအဝင် နေအိမ် ၇ လုံး ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ၏ စစ်မျက်နှာ (၂) ခုကို ရင်ဆိုင်နေရသော ချင်းပူးပေါင်းတပ်များသည် တိုက်ပွဲရက်ရှည်လာသည့်နှင့် အမျှ ခဲယမ်း၊ ရိက္ခာနှင့် အကူအညီများ လိုအပ်နေသည်။

“ကျည်တွေ ဖြည့်တင်းနိုင်ဖို့ ပြည်သူတွေဘက်က သော်၎င်း ၊ တာဝန်ရှိတဲ့ NUG ဘက်က သော်၎င်း၊ ကျနော်တို့ ဘက်ကို တတ်နိုင်ဆုံး ဖြည့်ဆည်းပေးကြဖို့အတွက် ပြောလို့ပါတယ်။ ကျနော်တို့ ဘက်က အားပြည့်အင်ပြည့်နဲ့ ဆက်လက်တိုက်ပွဲဝင်သွားဖို့ပဲ ရှိပါတယ်” ဟု ချင်းကာကွယ်ရေးတပ် - ကန်ပက်လက်မှ တပ်မဟာမှူး ထွန်းလိန်း ထန်းက ပြောသည်။

ချင်း - မကွေး နယ်စပ်တွင် အရပ်သားပြည်သူ ၃၀၀၀ ကျော်မှာ အိုအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရပြီး စစ်ရှောင် ရက် ကြာလာမှုနှင့်အတူ ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါးများ စသည့် လူသားစာနာအကူအညီများ လိုအပ်နေကြ သည်။

November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...
November 7, 2024
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့တွင် အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီတပ်နှင့်...