ဖားအံမြို့တွင်းရှိ တပ်မ ၂၂ စစ်တပ်ဝန်းအနီးတွင် ပေါက်မှုဖြစ်ပွားပြီး မြို့အဝင်အထွက်ပိတ်

ဖားအံမြို့တွင်းရှိ တပ်မ ၂၂ စစ်တပ်ဝန်းအနီးတွင် ပေါက်မှုဖြစ်ပွားပြီး မြို့အဝင်အထွက်ပိတ်

ကရင်ပြည်နယ်၊ ဖားအံမြို့အတွင်းရှိ စစ်ကောင်စီ၏ တပ်မ ၂၂ စစ်တပ်ဝန်းအနီးတွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွား ခဲ့ပြီး မြို့အဝင်အထွက်များကို ပိတ်ထားကြောင်း ဖားအံမြို့ခံတစ်ဦးက ပြောသည်။

ယနေ့ဇွန်လ ၂၈ ရက်၊ နေ့လည် ၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့သည့် အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားရာနေရာသည် တပ်မ ၂၂ အနီးရှိ သရက်တော ဘုန်းကြီးကျောင်းအရှေ့ လမ်းကြားထဲတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အနီးအနားရှိ ဖြတ်သန်းသွားလာသူ အချို့ ထိခိုက်မှုရှိသည်ဟု ဖားအံမြို့ခံ တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“၁ နာရီကျော်လောက်မှာ တစ်လုံးကြားတယ်။ တစ်နာရီလောက်ပဲခြားတယ်။ တပ်မ ၂၂ ထဲမှာ လက်နက်ကြီး သံလိုမျိုးကြားတယ်။ ပြောတာက ကားမိုင်းပေါက်တယ်လို့လည်း ပြောနေတယ်။ သွားကြည့်လို့မရဘူး ဆိုတော့ သေချာမသိရဘူး။ စစ်တပ်ဝန်းထဲမှာတော့ မီးခိုးတွေ မှောင်မဲနေတာပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ပေါက်ကွဲမှုကြောင့် ဒေသခံထိခိုက်မှုနှင့်ပတ်သက်၍ သီးခြားအတည်ပြု၍မရနိုင်သေးသလို စစ်ကောင်စီ တပ်က မြို့အဝင်အထွက်လမ်းများကိုလည်း ယာယီသွားလာခွင့် ပိတ်ထားလိုက်ပြီး ဖြစ်ကြောင်း မြို့ခံများက ဆို သည်။

အဆိုပါ ပေါက်ကွဲမှုမှာ နှစ်ကြိမ်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ် ပေါက်ကွဲမှုတွင် တပ်မ ၂၂ စစ်တပ် ဝန်းထဲ တွင် မီးခိုးငွေ့များ ထွက်ပေါ်လာပြီး တပ်ဝန်းထဲရှိ စစ်ကောင်စီတပ်သားများက အဆောက်အအုံ အပေါ်ဘက် များ ကို လိုက်လံရှာဖွေနေကြောင်း တပ်မ ၂၂ စခန်းအနီး နေထိုင်သူဒေသခံ တစ်ဦးက ပြောသည်။

၎င်းက “ဒုတိယ ပေါက်တဲ့တစ်ချက်က စစ်တပ်ထဲကမီးခိုးအငွေ့တွေထွက်လာတယ်။ အိမ်ခေါင်မိုးတွေ ပေါ်မှာ လည်း စစ်သားတွေ သေနတ်တွေနဲ့ချိန်ထားတယ်။ တစ်မြို့လုံး မြို့ဝင်မြို့ထွက် အကုန်ပိတ် လိုက်ပြီး။ ဇာသပြင်တံ တားလည်း ပိတ်တယ်။ အဝင်အထွက်ဘယ်မှ သွားမရတော့ဘူးပေါ့” ဟု ပြောသည်။

လက်ရှိ ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း ပြောဆိုသူများ ရှိသလို စစ်တပ် ဝန်းအတွင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းလည်း ပြောဆိုသူအချို့ရှိသော်လည်း ဖြစ်စဉ် အသေးစိတ် ကိုမူ ကေအိုင်စီအနေဖြင့် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

အလားတူ စစ်တပ်က အာဏာသိမ်းပြီးသည့် နောက်ပိုင်း ဖားအံမြို့တွင် ပစ်ခတ်သံ၊ ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်း များအပြင် ပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားနေလျက်ရှိသည်။

Most read this week

photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...