တောင်ကြီးမြို့နယ် လယ်ယာမြေပေါ် ဆောက်လုပ်ထားသည့်နေအိမ်များ ဖယ်ရှားရန် စစ်တပ်က ထပ်မံစာစောင်ပို့

တောင်ကြီးမြို့နယ် လယ်ယာမြေပေါ် ဆောက်လုပ်ထားသည့်နေအိမ်များ ဖယ်ရှားရန် စစ်တပ်က ထပ်မံစာစောင်ပို့
တောင်ကြီးမြို့နယ်အတွင်း မြေကွက်ရိုက် ရောင်းချထားသည့် တစ်နေရာ
တောင်ကြီးမြို့နယ်အတွင်း မြေကွက်ရိုက် ရောင်းချထားသည့် တစ်နေရာ

သျှမ်းပြည် တောင်ကြီးမြို့နယ် ဖာမွန်းကျေးရွာအုပ်စု ကံကြီးရပ်ကွက်အနီးရှိ  မြွေပွေးတောင်ကုန်းပေါ်တွင် အခွင့်အမိန့်မရှိဘဲ နေအိမ်ဆောက်လုပ်ထားသဖြင့် ၁၅ ရက်အတွင်း ဖယ်ရှားရန် စစ်တပ်က ထပ်မံပြီး အိမ်တိုင်ရာရောက် စာပို့ ခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်တွင် စစ်ကောင်စီ လက်အောက်ခံ တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနမှ မြွေပွေးတောင်ကုန်းပေါ်ရှိ မြေဧက စုစုပေါင်း (၁၄,၂၃၈) ပေါ်တွင် မြေကွက်များဖော်ထုတ်ပြီး အဆောက် အအုံ ဆောက်လုပ်ခြင်း၊ အုတ်တံတိုင်းများ ကာရံခြင်း၊ ကျောက်တိုင်များ စိုက်ထူထားခြင်းအပေါ်  စီစစ်ခဲ့ရာ မြေ ဧက (၅၀.၁) ပေါ် အခွင့်အမိန့်မရှိဘဲ တရားမဝင် နေအိမ် ဆောက်လုပ်ထားခြင်း တွေ့ရကြောင်း ရေးသားထား သည်။

အဆိုပါ အခွင့်အမိန့်မရှိဘဲ တရားမဝင် နေအိမ်ဆောက်လုပ်ထားသဖြင့် ၁၅ ရက်အတွင်း ဖယ်ရှားပေးပြီး ရွှေ့ ပြောင်းပေးရန် မလိုက်နာပါက အထက်မြန်မာနိုင်ငံ မြေ နှင့်အခွန် စည်းမျဉ်း ဉပဒေ၊ နည်းဥပဒေဖြင့် အရေးယူ မည် ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည်။

“အဲ့မြေတွေ ကျနော်ကြားတာတော့ စရောင်းတာက PNO ဗိုလ်မှူးဆိုသူ လက်ညိုးထိုးရောင်းတာ။ နောက် အဆင့် ဆင့် လက်တွဲရောင်းလာတော့ နောက်ဆုံးလူလက်ထဲမှာ ခံရတာပေါ့။ အိမ်ကြီး၊ အိမ်ကောင်းတွေပါတယ်။ ဖျက် မလား၊ မဖျက်ဘူးလာတော့ မပြောတတ်ဘူး။ ဒီကောင်တွေ လက်ထက် လုပ်ချင်ရာ လုပ်နေကြတာ။ ရန်ကုန်၊ မန္တလေး ဂရန်ရှိတဲ့ နေရာတွေတောင် လုပ်သေးတာ၊ ဒီမှာမလုပ်ဘူးလို့ မပြောနိုင်ဘူး“ ဟု တောင်ကြီးမြို့ ဒေသခံ တစ်ဦးက ပြောသည်။

အလားတူ ဇွန်လ ၂ ရက် စစ်ကောင်စီ လက်အောက်ခံ ဖာမွန်းကျေးရွာ လယ်ယာမြေစီမံခွန့်ခွဲမှုအဖွဲ့မှ လယ်ယာ မြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အဆောက်အဦး ဆောက်လုပ်ခြင်း နှင့် အုတ်တံတိုင်း ကာရံခြင်းကို ဇွန်လ ၉ ရက် မှစပြီး အပြီးဖယ်ရှားရမည်ဟု အိမ်တိုင်ရာရောက် စာပို့အကြောင်းကြားခဲ့သည်။

ဖယ်ရှားရမည့် အိမ်ခြေ ၂၀၀ ကျော်အနက် အချို့မှာ အခိုင်အခန့် ဆောက်လုပ်ထားသည့် အိမ်ကြီးများ၊ ဆောက် လုပ်စ နေအိမ်များ နှင့် မြေဝယ်ယူပြီး ခြံစည်းရိုးခတ်ထားသည့် လယ်ယာမြေများ ပါဝင်ပြီး အမှန်တကယ် ဖယ် ရှားရမည်ဆိုပါက ၎င်းတို့သည် နစ်နာဆုံးရှုံးမှု နှင့် အခက်ခဲများစွာ ကြုံတွေ့နိုင်ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက် တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက်တွင် တပ်ပိုင်ဈေးဆိုင်ခန်း နှင့် ဆိုင်ခန်းများကို စစ်ကောင်စီ လက်အောက်ခံ တပ်သား၊ ရဲများက ဘူဒိုဇာဖြင့် ဖြိုဖျက်မည်ဟု ကြေညာထားစဉ် ဆိုင်ခန်းထဲရှိ ပစ္စည်းသိမ်းယူနေသည့် အသက် ၂၀ ကျော် အမျိုးသားတစ်ဦး အုတ်တံတိုင်းပိပြီး သေဆုံးသွားခဲ့ သည်။

November 8, 2024
သျှမ်းပြည် ပင်လောင်းမြို့ နယ် နောင်တရားမြို့ စစ်ကောင်စီဂိတ်တွင် စစ်ရှောင်အမျိုးသမီးများကို...
November 8, 2024
သျှမ်းပြည်မောက်မယ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း...
November 7, 2024
သျှမ်ပြည် လားရှိုးမြို့နယ်တွင် ‘ဝ’တပ်ဖွဲ့ UWSA  ဝင်ရောက်လာပြီးနောက် အရပ်သားများကို...
November 7, 2024
သျှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ်မြို့တွင် တစ်လအတွင်း ပိုင်ရှင်မဲ့ အလောင်း ၅...