စစ်ရေးတင်းမာမှုတွေ ဆက်တိုက်ရှိနေတဲ့ ဗန်းမောက်မြို့နယ်အတွင်းက စာသင်ကျောင်း အားလုံးဟာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ပိတ်ထားရပြီး ပညာ ဆက်လက်သင်ကြားရဖို့အတွက် တခြားမြို့နယ်တွေမှာ သွားရောက် ပညာ သင်ကြားနေရတယ်လို့ ကျောင်းသားမိဘများနှင့် ပညာရေးနှင့်နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
“ဗန်းမောက်မြို့နယ်က စာသင်ကျောင်းတွေတစ်ကျောင်းမှမဖွင့်နိုင်ဘူး ဖွင့်မယ်ဆိုလည်း ကျောင်းသားတွေ မရှိ ဘူး။ ရော ကျောင်းသားတွေက တခြားမြို့မှတွေပါ့၊ တချို့က ကသာမှာတွေထား၊ တချို့တွေက မိုးညှင်း၊ မန္တလေး၊ မုံရွာ၊ စစ်ကိုင်းတွေမှာ သွားထားကုန်ကြတာလေ။ ငါကတောင် ကသာမှာထားတာ” လို့ ကျောင်းသားမိဘ တစ်ဦး က ရှမ်းနီအသံကို ပြောပါတယ်။
ဗန်းမောက်မြို့နယ် အတွင်းက ကျောင်းတွေဟာ ယခုနှစ် ပညာသင်နှစ်မှာ လုံးဝဖွင့်လှစ်နိုင်မှာ မဟုတ်တော့ဘူးလို့ ပညာရေးနဲ့ နီးစပ်သူတွေက ကျောင်းသားမိဘတွေကို အသိပေးပြီးနောက် ကျောင်းသူ/သားအများစု တခြားမြို့ နယ် တွေကို ပြောင်းရွှေ့ ပညာသင်ကြားရတာလည်း ဖြစ်ပါတယ်။
ကျောင်းအပ်နှံရေး ကာလဖြစ်တဲ့ မေလနောက်ဆုံးအပတ်ထဲမှာ ဗန်းမောက်မြို့နယ်အတွင်းက ကျောင်းသူ/သား တွေဟာ ကျောင်းပြောင်း လက်မှတ်တွေ ရယူပြီး မိုးညှင်း၊ မိုးကောင်း၊ အင်းတော်၊ ကသာ၊ မုံရွာ၊ မန္တလေး၊ ပြင်ဦး လွင် နဲ့ ရန်ကုန်မြို့မှာရှိတဲ့ စာသင်ကျောင်းတွေမှာ သွားရောက်ပညာသင်ကြားတာလို့ ကျောင်းသားမိဘတွေ က ဆိုပါတယ်။
တခြားမြို့နယ်မှာ ပညာဆက်သင်ကြားဖို့အတွက် သွားရောက်ရမှာလည်း လမ်းပိုင်းမှာ စစ်ဆေးရေး ဂိတ်ပေါင်း များစွာရှိတဲ့ အတွက် စာအုပ်၊ အဝတ်အစားတွေ တစ်ခုမှ ယူခွင့်မရကြဘူးလို့ ကျောင်းသားမိဘတွေက ပြောပါ တယ်။
“ဘာမှယူမသွားရဘူးဆိုတော့ ၁၀ သိန်းကုန်ပြီ အဝတ်အစားလည်း မယူရဘူး။ ဒီမှာပါးချင်တာ၊ စစ်တယ်ဆိုလို့ ဟိုမှာ အကုန်ဝယ်စား ဝယ် ဝတ်ပါ့အေ” လို့ ဆိုပါတယ်။
ဗန်းမောက်မြို့ပေါ်မှာ ပုဂ္ဂလိက ကျောင်းတစ်ကျောင်းရှိပြီး အဲ့ဒီကျောင်းမှာလည်း တခြားမြို့သို့ ပြောင်းရွှေ့ ပညာ သင်ကြားနိုင်ခြင်းမရှိတဲ့ ကျောင်းသားအများစု တက်ရောက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“မူလတန်းဆိုရင်လည်း ကျူရှင်ပေါ့၊ ကသာမှာ တွဲလိုက်တာပေါ့။ ကိုယ်ပိုင် အထက်တန်းကျောင်းက ကျူရှင်လေး တက်ပြီးရင် ကသာနဲ့ ချိတ်ဆက်ပြီး နှစ်သိန်းလေးဝင်ကြေးပေးပြီး အဲ့လိုချိတ်ဆက်ဖြေတော့တာ၊ မြို့မှာ မထား နိုင်တဲ့ဟာတွေ ကျတော့။ အဲ့ဒါလေးတွေကို သူ့ဝိုင်းငါ့ဝိုင်းချိတ်ဆက်၊ ကျောင်းကတော့ တော်တော်လေးနေ ကြ တယ်” လို့ ကျောင်းသားမိဘတစ်ဦးက ဆက် ပြောပါတယ်။
ဗန်းမောက်မြို့နယ် အတွင်းမှာ အခြေခံပညာကျောင်း (၂၈၆) ကျောင်းရှိပြီး နှစ်စဉ် မူလတန်းမှ အထက်တန်းအထိ ကျောင်းသူ/သား နှစ်သောင်းခုနှစ်ထောင်ကျော် နှစ်စဉ် ပညာသင်ကြားတာလည်း ဖြစ်ပါတယ်။