မိုခါမုန်တိုင်းလွန်ကာလ ရခိုင်ရှိနိုင်ငံရေးနှင့် ဆက်စပ်ဖမ်းခံထားရသူများ၏ အခြေအနေ ပိုဆိုးရွားလာနေ

မိုခါမုန်တိုင်းလွန်ကာလ ရခိုင်ရှိနိုင်ငံရေးနှင့် ဆက်စပ်ဖမ်းခံထားရသူများ၏ အခြေအနေ ပိုဆိုးရွားလာနေ

ရခိုင်ပြည်နယ်အတွင်းရှိ အချုပ်ထောင် အသီးသီးရှိ နိုင်ငံရေးနှင့် ဆက်စပ် ဖမ်းခံထားရသူများ၏ မိသားစုဝင်များ သည် မိုခါမုန်းတိုင်းအလွန်တွင် ထောင်ဝင်စာပို့နိုင်ရေး အခက်အခဲများကြုံနေရသည်ဟု ပြောသည်။

မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ - ၁၇(၁) ဖြင့်အမှုရင်ဆိုင်နေရသည့် ကျောက်တော်မြို့နယ်၊ ကဝိရတနာ ကျောင်းမှ စစ်ဘေးရှောင် ဦးကျော်ဟိန်း၏ ဇနီးဖြစ်သူ ဒေါ်အေးသန်းက မုန်တိုင်းကြောင့် အဆောင်များ ပျက်စီး သလို စားဝတ်နေရေးအတွက် အခက်အခဲရှိနေသဖြင့် ခင်ပွန်းဖြစ်သူကို ထမင်းတောင်မပို့နိုင်တော့ဟု ဆိုသည်။

“အဆောင်တွေလည်း ပျက်၊ စားရေးသောက်ရေးလည်း အဆင်မပြေတော့ ထမင်းလည်းပုံမှန် မပို့နိုင်တော့ပါဘူး။ ကျောင်းတက်တဲ့ ကလေးကလည်း သုံးလေးယောက်နဲ့ဆိုတော့ အခက်အခဲတွေက ရှိပါတယ်။ ကျမယောကျာ်းက အစာအိမ်လည်းထိခိုက်ထားတော့ ဆေးတွေလည်း မကြာမကြာဝယ်ပေးရပါတယ်။ အခုဆေးတွေလည်း မဝယ် ပေးနိုင်တော့ပါဘူး။ အချုပ်ကပေးတဲ့ထမင်းက မဝပေမဲ့ အိမ်ကလူတွေအဆင်မပြေတော့ မပို့တာ လခွဲလောက် ရှိပါပြီ။ အခုက အလှူရှင်တွေလည်း မရှိတော့ဘူးလို့ သတင်းကြားတော့ ဘယ်လိုစားသောက်ရမလဲဆိုတာ တွေးပူ နေတာပါ။ သားကြီးကိုတော့ ကျောင်းထုတ်ရမဲ့ အနေအထားကိုရောက်နေပါပြီ။ ရုံးချိန်းကလည်း ထုတ်တယ်။ ဟိုနေ့ ဆုံးဖြတ်မယ်။ ဒီနေ့ ဆုံဖြတ်မယ်နဲ့ တစ်နေ့ပြီး တစ်နေ့ ရွှေ့နေတာနဲ့ ကြန့်ကြာလာတယ်။ အမှုကို အမြန်ဆုံး အမိန့်ချစေချင်ပါပြီ။ မိသားစုတွေလည်း မခံနိုင်တော့ပါဘူး" ဟု ပြောသည်။

ဦးကျော်ဟိန်းသည် ကျောက်တော်မြို့နယ် မီးဝကျေးရွာမှ အရပ်ဆေးဆရာတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိူင်လ ၁၉ ရက်၊ ည ၉ နာရီကျော်ခန့်တွင် ကျောက်တော် ရထားဘူတာ စစ်ဘေးရှောင်စခန်းသို့ ဆေးကုသပေး ရန် သွားရောက်စဉ် စစ်တပ်၏ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု မိသားစုများက ပြောသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅(က) ဖြင့် အမှုရင်ဆိုင်နေရသည့် ကျောက်တော်မြို့နယ်မှ ကိုဇော်မိုးထက်၏ ဖခင်ဖြစ်သူ ဦးစံလှကျော်က “အိမ်တွေကလည်း ခေါင်မိုးတွေ အကုန်ပါသွားတာ ပြန်ပြီးမပြင်နိုင်သေးဘူး။ ပြီးခဲ့ တဲ့ ရုံးချိန်းတုန်းက မသွားလိုက်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ငွေမရှိလို့ မသွားနိုင်လိုက် ဘူး။ ကျနော်တို့လိုပဲ တခြားအချုပ်ထဲမှာ ရှိနေတဲ့ သူတွေရဲ့ မိသားစုတွေထဲမှာလည်း မသွားနိုင်ကြတဲ့သူတွေ အများကြီးပါ။ စားဖို့သောက်ဖို့ စရိတ်လည်း မပေးနိုင်တော့ဘူး။အချုပ်ထဲမှာတော့ ထမင်းပုံစံခွက် တခွက်စာနဲ့ ကန်စွန်းရွက်အရည်ကျိုချက်တာကို နည်းနည်းစီကျွေးတယ်လို့ ပြောတယ်။ အရင်မုန်တိုင်းမတိုက်ခင်ကတော့ အချုပ်ထဲမှာစားဖို့သောက်ဖို့စရိတ်ကို မိသားစုတွေက အပြင်ကပေးတာပေါ့။ အခုမိသားစုတွေလည်း အိမ် ဆောက်ဖို့ရှာဖွေ စုဆောင်းနေရတာနဲ့ မပေးနိုင်တော့ဘူး။ သူတို့လည်း အချုပ်ထဲမှာ အခက်အခဲတွေအများကြီးနဲ့ ကြုံနေရတယ်” ဟု ပြောသည်။

လိုပြသက်သေများ အားလုံးစစ်ဆေးပြီး၍ အပြီးသတ်အမိန့်ချရန်သာ ကျန်တော့သည့် ကျောက်တော်မြို့နယ်မှ မောင်ဇော်မိုးထက်၊ လူထုဇော်ဝင်းနှင့် ဦးကျော်သန်းမောင်တို့ ၃ ဦးကို ဇွန်လ ၁၃ ရက်က ကျောက်တော်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း အမိန့်ချမှတ်ခြင်း မရှိခဲ့ဘဲ ဇွန်လ ၂၇ ရက်ကို ထပ်မံရုံးချိန်းလိုက်ကြောင်း လည်း ဖခင်ဖြစ်သူက ဆက်ပြောသည်။

“အမိန့်ချမယ်ပြောပြီး ရုံးချိန်းရွှေ့ဆိုင်းနေတာ ဆယ်ကြိမ်လောက်ရှိနေပါပြီ။ သူတို့တွေကို ထောင်ချမယ်ဆိုလည်း ချလိုက်တော့။ တကယ်လို့ အပြစ်မရှိဘဲ ထောင်ချချင်တယ်ဆိုလည်း ချပစ်လိုက်၊ မချဘူးဆိုလည်း လွှတ်ပေး လိုက်တော့လို့ အဲ့လောက်ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။

ကျောက်တော်မြို့နယ် ပန်းဖဲချောင်းကျေးရွာမှ ဆေးလိပ်ကုမ္ပဏီဝန်ထမ်း ကိုဇော်မိုးထက်နှင့် အတူ ကျောက်တော် မြို့၊ ပြည်တော်သာရပ်ကွက်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ လူထုဇော်ဝင်းနှင့် ကျောက်တော်မြို့နယ် ခေါင်းတုတ် ကျေးရွာမှ အိန္ဒိယသုံးဘီး (ဒေသအခေါ် တုတ်တုတ်) မောင်းသူ ဦးကျော်သန်းမောင်တို့ ၃ ဦးကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန် ၂၁ ရက် aeYတွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စစ်တွေဒေသခံ ဓာတ်ပုံဆရာ ဦးစိုးမိုးကျော်၏ အမှုမှာလည်း လိုအပ်သည့် သက်သေများအားလုံးကို စစ်ဆေးပြီးပြီဖြစ်သော်လည်း အထက်က ခွင့်ပြုမိန့် မကျသေးဟုဆိုကာ တရားသူကြီးက အမိန့်ချ၍မရသေး ကြောင်း ပြောဆိုထားသဖြင့် အမှုကြန့်ကြာကာ အခက်အခဲဖြစ်နေသည်ဟု မိသားစုဝင်များက ပြောဆိုသည်။

အကိုတော်စပ်သူတစ်ဦးက ဓရုံးချိန်းကို သွားမယ်ဆိုရင် စစ်တွေကနေ ကျောက်တော်မြို့နယ် တရားရုံးကို ကားခ တစ်သိန်းကျော်အထိ ပေးပြီးသွားရတယ်။ စားဖို့သောက်ဖို့ကလည်း အဲ့ဘက်မှာရှိတဲ့သူတစ်ယောက်ကို တစ်လ မှာ တစ်သိန်း ၃ သောင်းစီပေးပြီး လုပ်ခိုင်းထားတာ။ ပြီးခဲ့တဲ့ရုံးချိန်းကတော့ သူ့ရဲ့အစ်မ ၂ ယောက်စလုံးမှာ အိမ် တွေမုန်တိုင်းနဲ့ ပါသွားတော့ ပြင်ရ၊ ပြောင်းရနဲ့မသွားလိုက်ရဘူး။ အိမ်တွေပျက်စီးပြီး အခက်အခဲရှိနေတဲ့ကြားက မောင်နှမတွေက သူ့ရဲ့စားရေးသောက်ရေးအတွက် အဆင်ပြေအောင်လုပ်ပေးနေရတာ။ အမှုကလည်း အမိန့်ချ မယ်ဆိုချလို့ ရပြီ။ ဒါပေမဲ့ တရားသူကြီးကိုယ်တိုင်က အထက်ကခွင့်ပြုချက်မရသေးလို့ သူတို့ချလို့မရဘူးဆိုပြီး စကားအဆုံးပြောထားတော့ ကျနော်တို့လည်း ဘာမှမတတ်နိုင်ဘူး” ဟု ပြောသည်။

ဦးစောမိုးကျော်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်၊ နံနက် ၉ နာရီခန့်က မင်းပြားမြို့မှ စစ်တွေမြို့သို့ အငှါးယာဉ်လိုင်းဖြင့် သွားရာ ကျောက်တော်မြို့ရှိ စကခ(၉) ဌာနချုပ် စစ်ဆေးရေးဂိတ်တွင် ခရီးသည်များ၏ မှတ်ပုံတင်များနှင့် ဖုန်းများကို စစ်ကောင်စီ တပ်သားများက စစ်ဆေးစဥ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီး ဆုံးရှုံးသွားသူများတွင် အချုပ်ထောင်ထဲ၌ အမှုရင်ဆိုင်နေရသည့် ၎င်းတို့၏ မိသားစုဝင်များ စားရေးသောက်ရေးအတွက် ငွေကြေးများ ထောက်ပံ့ပေးရန် အခက်အခဲများရှိနေကြသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် အားပြင်း မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း နေအိမ် (၂၁၆၆၈၁) ဆောင် ပျက်စီးခဲ့ပြီး ပြည်သူတစ်သန်းကျော် ထိခိုက်နစ်နာခဲ့ရကြောင်း ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/ AA) က ပြောဆိုထားသည်။

မိုခါ မုန်တိုင်းသင့် ရခိုင်ပြည်သူများ၏ စားဝတ်နေထိုင်ရေးအတွက် အခက်အခဲ အကျပ်တည်းများစွာနှင့် ရင်ဆိုင် နေကြရပြီး စစ်ကောင်စီ၏ မတရားဖမ်းဆီးခံနေရသော အချုပ်ထောင်ထဲ၌ ရောက်ရှိနေသည့် နိုင်ငံရေးအမှုနှင့် ဆက်စပ် ဖမ်းဆီးခံနေရသူများ၏ အခြေအနေမှာ ပိုဆိုးရွားနေသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ တစ်ကျော့ပြန်တိုက်ပွဲကာလအတွင်းက စစ်ကောင်စီထံ မတရားဖမ်းဆီးခံရပြီးနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ -၅၀၅(က)/(ခ)၊ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ - ၁၇(၁)/(၂) တို့ဖြင့် တရား စွဲဆိုခံခဲ့ရသည့် အရပ်သားပြည်သူ (၅၀) ဦးထက်မနည်းရှိခဲ့သည်။

ယင်းထဲမှ အချို့မှာ တရားလိုဘက်မှရုံးချိန်းပျက်ကွက်မှုများကြောင့် အမှုကြန့်ကြာနေရသလို အချို့မှာ အမိန့်ချ ရန် ကျန်တော့သော်လည်း အထက်မှခွင့်ပြုချက်ကိုစောင့်ဆိုင်းနေရ၍ ကြန့်ကြာနေကြရသည်။

လက်ရှိတွင် မုန်တိုင်းတိုက်ခတ်ပြီးသည်မှာ တစ်လကျော်အထိကြာမြင့်နေပြီဖြစ်သော်လည်း ရခိုင်မုန်တိုင်းသင့် ပြည်သူများမှာ ပျက်စီးသွားသည့် အိုးအိမ်များကို ပြန်လည်ထူထောင်နိုင်ခြင်း မရှိသေးသလို တိုင်းပြည်အာဏာကို ရယူထားသော စစ်ကောင်စီကလည်းရခိုင်ပြည်သူများ  ပြန်လည်ရပ်တည်နိုင်ရေး အတွက် ထိထိရောက်ရောက် ကူညီထောက်ပံ့ပေးခြင်းမျိုး မရှိဟု ရခိုင်ပြည်သူများက ဝေဖန်ပြောဆိုသည်။

ဓာတ်ပုံ - ပုံဟောင်း

Most read this week

November 8, 2024
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတိုက်ခိုက်မှုကြောင့် (၁၀)လအတွင်း အမျိုးသမီး (၁၂၆)ဦးနှင့်အမျိုးသား (...
အမ်းပြည်သူများ/ပုံဟောင်းသာ
November 8, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသည့် အမ်းမြို့တွင် ဆန်တစ်အိတ်ကို ငွေကျပ် သုံးသိန်းအထိ...
ဓာတ်ပုံ-Mgkhine Aung facebook
November 7, 2024
ရခိုင်ပြည်တွင် နှစ်စဉ်ရေရှားပါးမှုကိုကာကွယ်ရန်အတွက်...
ဓာတ်ပုံ- ပုံအဖြစ်ဖော်ပြခြင်းသာ
November 5, 2024
အင်အားတိုးချနေသည့်ကြားမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ အရေးအကြီးဆုံး...