ရွာထဲဝင်ကာ အရပ်သား ၄၀ ခန့်ကို စစ်ကောင်စီတပ် ဖမ်းဆီး

ရွာထဲဝင်ကာ အရပ်သား ၄၀ ခန့်ကို စစ်ကောင်စီတပ် ဖမ်းဆီး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာထဲ စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်လာပြီး နောက် ဒေသခံ ၄၀ ကျော်ခန့်ကို ဖမ်းဆီးကာ နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံရွာသားများ က ပြောသည်။

ကနက်သီရိကျေးရွာထဲ ဝင်ရောက်လာသည့် အဆိုပါ စစ်ကြောင်းသည် ကနက်သီရိရွာသား အယောက် ၄၀ ခန့်ကို ဖမ်းဆီးထားကာ ဇွန်လ ၁၀ ရက်နေ့၊ ညနေ ပိုင်း အချိန်ထိ ကနက်သီရိကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားပြီး ရွာအရှေ့ရှိ ထားဝယ်မြစ်အတွင်း၌လည်း စစ်သင်္ဘောတစ်စီး လာရောက်ဆိုက်ကပ်ထားသေးသည်ဟု ရွာသား များက ပြောသည်။

“စစ်ကောင်စီတပ်က ဒီရွာက ဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲထားတယ်။ ရွာသားတွေကိုလည်း ဖမ်းပြီး လူ သား ဒိုင်းကာ အဖြစ်ထားတဲ့သဘောပါ။ ကျန်တဲ့ရွာသားတွေက ထွက်ပြေးနေရတယ်။ အိမ်တချို့ကိုလည်း မီးရှို့ ခဲ့သေးတယ်။ အစပိုင်းသိထားတာတော့ ၂ လုံးပေါ့ သူတို့မီးရှို့ဖျက်ဆီးလိုက်တဲ့ အိမ်ဆောင်က” ဟု ရွာသားတစ်ဦး က ပြောသည်။

ထိုနေ့က စစ်ကောင်စီစစ်ကြောင်း ကျေးရွာထဲ ဝင်ရောက်လာသောကြောင့် ရွာသားများလည်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရသည်။ လက်ရှိတွင် ကနက်သီရိ၊ ရငဲ၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်၊ ပိန္နဲကုန်း စသည့် ကျေးရွာ ၅ ရွာက ဒေသခံရွာသား ထောင်နှင့်ချီက ဘေးလွတ်ရာကို ထွက်ပြေးနေကြရသည်။

အလားတူ ဇွန်လ ၈ ရက်နေ့ကလည်း ရငဲနှင့် ကမြိုင်ကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် သရက်ချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့အပြင် ကနက်သီရိကျေးရွာ လောက်ကစားဝိုင်းတွင်ရှိနေသည့် ပျူစောထီးတစ်ဦးကို သေနတ်သမား ၇ ဦးလာရောက် ဖမ်းဆီးသွားပြီးနောက် ကျေးရွာသင်္ချိုင်းကိုခေါ်သွားကာ ပစ်သတ်ခဲ့ကြောင်း ရွာသားများက ပြောသည်။

သေဆုံးသွားသူမှာ ကနက်သီရိကျေးရွာသား ပျူစောထီးအဖွဲ့ဝင် ကိုဗုဒ္ဓေါ အသက် ၄၀ နှစ်ဆိုသူ ဖြစ်ပြီး ကျေးရွာ သင်္ချိုင်းတွင် ဇွန်လ ၇ ရက်နေ့၊ ညနေ ၄ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ကာ သတ်သွားခြင်း ဖြစ်သည်ဟု ရွာသား များက ပြောသည်။

အသက် ၄၀ နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦးက “သူက အရင် စစ်အစိုးရလက်ထက်ကတည်းက ပြည်သူ့စစ် အဖွဲ့ ဝင်ပါ။ အခုလည်း စစ်ကောင်စီက ပေးတဲ့ ပျူစောထီး သင်တန်းလည်း တက်ထားတယ်” ဟု ပြောသည်။

ကနက်သီရိကျေးရွာ အစွန်ပိုင်း ဘဲစားတန်း (ဒေသအခေါ်) နေရာ၌ ပြုလုပ်နေသည့် လောင်းကစားဝိုင်းကို လက် နက်ကိုင် ဆောင်ထားသည့် လူ ၇ ဦးက ရောက်လာကာ ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် ရွာသင်္ချိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သေနတ်သမား ၇ ဦးက လာရောက်ဖမ်းဆီးစဉ် ကိုဗုဒ္ဓေါ အပါအဝင် အမျိုးသား ၃ ဦးကို ခေါ်ဆောင်သွားခဲ့ ခြင်းဖြစ်ပြီး ကျန်အမျိုးသား ၂ ဦးကိုမူ ရွာထိပ်အရောက်တွင် ပြန်လွှတ်ပေးခဲ့သည်ဟု ကစားဝိုင်းအနီးနေထိုင်သူ ရွာသားတစ်ဦးက ဆိုသည်။

ကိုဗုဒ္ဓေါအလောင်းကို ဇွန်လ ၇ ရက်နေ့၊ ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် မိသားစုဝင်များ၏ သဘောဆန္ဒအရ နေ့ချင်းပြီး မီးရှို့သင်္ဂြိုလ်လိုက်သည်ဟု ရွာသားများက ပြောသည်။

ကနက်သီရိကျေးရွာအတွင်း အပြန်အလှန်ပစ်ခတ်မှု၊ ဖမ်းဆီးမှု၊ သတ်ဖြတ်ခံရမှုများ ဖြစ်ပွားကာ စစ်ရေး အခြေ အနေများကြောင့် နယ်မြေမတည်မငြိမ် ဖြစ်နေ၍ မြိတ်-ထားဝယ်ကားလမ်းကို ည ၉ နာရီနောက်ပိုင်း မသွားကြဖို့ ဒေသခံပြည်သူများအား မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇွန်လ ၈ ရက်နေ့တွင် သတိပေးထုတ်ပြန်ထား သည်။

Most read this week

September 25, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ရေဆက်ကြီးနေသည့်အတွက် စစ်ဘေးရှောင်များနှင့် ဒေသခံများ၏ နေထိုင်စား...
September 24, 2024
စစ်မှုထမ်းရန် စုဆောင်းခြင်း ခံထားရသည့် အမျိုးသမီးများသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စားသောက်...
September 23, 2024
ရေကြီး တောင်ပြိုသည့် အချို့သော ပအိုဝ်းဒေသများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီများ...
September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...