လယ်ယာမြေများအား မြေကွက်ရိုက်ခြင်း၊ အိမ်ရာတည်ဆောက်ခြင်းများအား အရေးယူသွားမည်ဟု၊ ပြင်ဦး လွင်ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၏ ကြေညာချက်နှင့်ပတ်သက်၍၊ မြေ၀ယ်ယူထားမိသူများ စိုးရိမ် သော ကဖြစ်နေကြသည်။
“အကွက်ရိုက်ရောင်းချနေတဲ့ကာလတွေမှာ၊ ကြေညာချက်မထုတ်ဘဲ၊ ရောင်းလို့ ချလို့တော်တော်လေးပြီးသွားမှ ဒါတွေက ဥပဒေနဲ့မညီဘူး၊ အရေးယူမယ်ဆိုတော့၊ ၀ယ်ထားမိသူတွေ ဗျာများကုန်တာပေါ့၊ ခက်တာက ဒီနိုင်ငံမှာ က ရောင်းမှား၀ယ်မှား ပြဿနာတိုင်းမှာ ၀ယ်သူပဲ အရှုံးဖြစ်တယ်၊ ရောင်းသွားသူက ဆိုင်ရာပိုင်ရာနဲ့ ပေါင်းလုပ် သွားတာ” ဟု ဝါရင့်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။
လယ်ယာ မြေပေါ် အိမ်ရာတည်ဆောက်ခြင်းအား စိစစ်တွေ့ရှိပါက၊ စည်းကမ်းပျက်လယ်ယာမြေ အဖြစ် သတ် မှတ်ပြီး အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က၊ ဇွန်လ ၅ ရက်နေ့တွင် မန္တလေးနေ့စဉ်သတင်းစာမှ တစ်ဆင့် အသိပေးကြေညာခဲ့သည်။
ပြင်ဦးလွင်မြို့နယ်အတွင်း၊ လယ်ယာမြေများအား စိုက်ပျိုးလုပ်ကိုင်နိုင်ရန်အတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ - ၇)ထုတ်ပေးခြင်းကိုသာ ဥပဒေနှင့်အညီခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး၊ စည်းကမ်းတကျ အသုံးပြုမှု မရှိ ခြင်း၊ လယ်ယာမြေဥပဒေနှင့်ညီညွတ်မှုမရှိဘဲ မြေကွက် ရိုက်ရောင်းချခြင်း၊ အိမ်ရာတည်ဆောက်ခြင်းများအား ပြုလုပ်ကြောင်းစိစစ်တွေ့ရပါက၊ စည်းကမ်းပျက်လယ်ယာမြေအဖြစ် သတ်မှတ် သွားမည်ဖြစ်ကြောင်း ကြေညာ ချက်တွင်ပါရှိသည်။
ဥပဒေမဲ့လုပ်ဆောင်ထားသော လယ်ယာမြေများအား၊ မူလလယ်ယာမြေအမျိုးအစားအတိုင်း ပြန်လည် ရောက် ရှိသည်အထိ ဆောင်ရွက်သွားကြရန် နှိုးဆော်ထားပြီး၊ လိုက်နာဆောင်ရွက်ခြင်းမရှိပါက လယ်ယာမြေဥပဒေနှင့် အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
“ဘယ်လိုအရေးယူမယ်ဆိုတာ တိတိကျကျမပါဘူး၊ အရေးယူမယ်ပြောထားတယ်၊ အဓိကက အကွက်ရိုက် ရောင်းထားတဲ့ လယ်ယာမြေတွေ အနေနဲ့ မူလအတိုင်း မူလလယ်ယာမြေ အမျိုးအစားအတိုင်း ပြန်လုပ်ထားရ မယ်ပေါ့၊ ပြန်လုပ်ပြီးရင်လည်း မသိနားမလည်သူတွေကို ပြန်လုပ် စားကြဦးမှာပဲဆိုတော့၊ ဒီလိုနဲ့ပဲ သံသရာလည် နေဦးမှာပဲ၊ ခံရတော့ အ၀ယ်သမားတွေ၊ မန္တလေးမှာလည်း ပုသိမ်ကြီးဘက်မှာ အခု အဲဒီလိုပြဿနာတွေ ဖြစ်နေတယ်” ဟု ဝါရင့်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက မှတ်ချက်ပြုသည်။
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်အတွင်းရှိ၊ မြေလွတ် မြေလပ်နှင့်မြေရိုင်းမြေ၊ လယ်ယာမြေ၊ သစ်တောမြေ၊ ကျေးရွာဘုံမြေ၊ ရွာမြေများတွင် ခွင့်ပြုချထားပေးသည့်နည်းလမ်းများအတိုင်း လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိဘဲ မြေကွက်များအား ကွက်စိပ်ရိုက်၍ စျေးနှုန်းသက်သာစွာဖြင့် အိမ်ခြံမြေ အကျိုးဆောင်များ ပွဲစားများမှ လူမှုကွန် ရက် စာမျက်နှာပေါ်တွင် ကြော်ငြာရောင်းချခြင်းများ ရှိနေသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍၊ တရားမ၀င်ကြောင်း သက်ဆိုင်ရာက ယမန်နှစ်မေလတွင် အသိပေးချက် ထုတ်ပြန်ခဲ့ သည်။
ပုံစံ(၇)ရရှိထားသော်လည်း၊ ပုံစံ(၇)ပါ စည်းကမ်းချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိဘဲ ကျော်လွန် ဆောင်ရွက်နေခြင်း၊ လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့်လျှောက်ထားပြီး၊ ခွင့်ပြုချက်မရှိဘဲ မြေကွက်များ အကွက်ရိုက်ခြင်း၊ အဆောက်အအုံဆောက်လုပ်နေခြင်း၊ အခြားနည်းအသုံးပြုခွင့်ရရှိထားသော်လည်း လျှောက် ထားသည့်နည်းလမ်းအတိုင်း လုပ်ကိုင်ဆောင်ရွက်မှုမရှိဘဲ ကျော်လွန်ဆောင်ရွက်နေခြင်း၊ မြို့မြေများပေါ်ရှိ မြေဂရန်အငှားချထားခြင်းခံရသူများမှလည်း၊ မြေငှားဂရန်စာချုပ်ပါစည်းကမ်းချက်များနှင့်အညီ၊ လိုက်နာ ဆောင် ရွက် ခြင်းမရှိဘဲ ကွက်စိပ်များရိုက်၍ ရောင်းချနေခြင်များသည် နောင်တချိန်တွင် ဆုံးရှုံးမှုများ ဖြစ်လာနိုင်သည် ဟု ထုတ်ပြန်ထားသည်။
ထို့အပြင် မြို့ပေါ်ရပ်ကွက်ကြီး (၂၁) ရပ်ကွက်သည် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းပါ၀င်သည် ဟုဆိုကာ အဆိုပါ ရပ်ကွက်ကြီးများမှ စိုက်ပျိုးမြေများ၊ လယ်ယာမြေများတွင် နေအိမ်များ တရား၀င်ဆောက်လုပ်ခွင့်ရှိ ကြောင်း ပြည်သူများအား လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ကြော်ငြာ၍ မြေကွက်များ ရောင်းချလုပ်ဆောင်နေ သည်တို့ကို စိစစ်တွေ့ရကြောင်း၊ အဆိုပါမြေကွက်များအား ၀ယ်ယူမိပါက နောင်တစ်ချိန်တွင် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ကြေ င်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။