မော်လမြိုင်ဘူတာကြီးအနီးက ကျူးကျော်နေအိမ်၊ ဆိုင်ခန်းများကို ဖယ်ရှား

မော်လမြိုင်ဘူတာကြီးအနီးက ကျူးကျော်နေအိမ်၊ ဆိုင်ခန်းများကို ဖယ်ရှား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြို့ရှောင်လမ်းမကြီးဘေး၊ မြေနီကုန်းအဝေးပြေး ကားဝင်းရှေ့ရှိ မီးရထားမြေပေါ် က ကျူးကျော်နေအိမ်နှင့် ဆိုင်ခန်းများကို စစ်ကောင်စီက ဖယ်ရှားရှင်းလင်းခဲ့သည်။

မော်လမြိုင် မီးရထားပိုင်မြေအတွင်းရှိ ကျူးကျော်နေအိမ်၊ ဆိုင်ခန်းများကို စစ်ကောင်စီက ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းက အင်အားဖြင့် လာရောက်ဖယ်ရှား ရှင်းလင်းခဲ့သည်။

မော်လမြိုင် မီးရထားပိုင်မြေအတွင်း ကျူးကျော်များသည် ၁၀ နှစ်ကျော်ကြာ နေထိုင်လာသူများရှိသလို ဆိုင်ဖွင့် ရန် အတွက် မကြာခင်ကမှ ပြောင်းရွှေ့လာသူများလည်းရှိပြီး ယခုလို ဖယ်ရှားခံရသည့်အတွက် ဆက်လက် ရပ် တည်ရန်နှင့် စားဝတ်နေရေးအတွက် အခက်အခဲအကြုံတွေ့ရသည်ဟု ဆိုသည်။

နေအိမ်ဖယ်ရှားခံရသူတစ်ဦးက “နေတာက ကြာပြီ ၁၁ နှစ်လောက်ရှိပြီ။ ဆိုင်ဖွင့်ဖို့ ပြောင်းလာတာကနေ နေ ဖြစ်သွားတာ။ ကိုယ့်အိမ်ကိုယ့်ယာလိုပဲ စိတ်ထဲဖြစ်တာလေ။ အခုလိုကြီး ကျတော့ ဘယ်အဆင်ပြေပါ့မလဲ” ဟု ပြောသည်။

မော်လမြိုင်ဘူတာကြီးနယ်မြေအတွင်းရှိ ကျူးကျော် နေအိမ်နှင့် ဆိုင်ခန်းများ မေလအကုန်တွင် အပြီးတိုင် ဖယ် ရှားပေးရန် မတ်လကတည်းက စာထုတ်ထားသည်ဟု အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရ သည်။

ထိုသို့ စာထုတ်ထားပြီး သတ်မှတ်ကာလအတွင်း ဖယ်ရှားခြင်းမရှိသောကြောင့် ဆိုင်နှင့် နေအိမ်များကို လုပ်ထုံး လုပ်နည်းများနှင့်အညီ ‌ယခုလို ဆက်လက်ဆောင်ရွက်ရခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတစ်ဦးက “မီးရထားပိုင်မြေဖြစ်‌နေတဲ့အတွက် ဖယ်ပေးရမယ်လို့ သတိပေးစာတွေ ပေးပို့ထားတယ်။ သတ်မှတ်ရက်ပြည့်လို့ မဖယ်ဘူးဆိုရင် တာဝန်အရ ဆက်လုပ်ရမယ်ဆိုတာလည်း ရှင်းပြထား ပါတယ်” ဟု ပြောသည်။

ကျုးကျော်မြေအတွင်း လက်ဖက်ရည်ဆိုင်ဖွင့်ထားသူ အမျိုးသမီးကလည်း “ကိုယ်တိုင်ဖျက်မလား သူတို့ ဖျက် ရမလားပေါ့။ ကိုယ်တိုင်ဖျက်ရင်တော့ လိုချင်တာတွေ ပြန်ယူလို့ရတယ်လေ။ သူတို့ဖျက်ပြီဆို ဘာမှယူမရဘူး” ဟု ပြောသည်။

မီးရထားပိုင် နယ်မြေအတွင်းတွင် ကျုးကျော်နေထိုင်သည့် နေအိမ် နှင့် ဆိုင်ခန်း ၆၀ ကျော်ရှိပြီး ပြီးခဲ့သည့် NLD အစိုးရလက်ထက်ကလည်း ဖယ်ရှားရန် လုပ်ဆောင်ခဲ့သော်လည်း အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဖယ်ရှားနိုင်ခြင်းမရှိခဲ့ဟု ဒေသခံများက ဆိုသည်။

Most read this week

November 14, 2024
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းရှိ အသက် ၅ နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက်...
November 14, 2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကလွီကျေးရွာနှင့်ဒရယ်ကျေးရွာကြားတွင် ဆောက်လုပ်မည့် ကျောက်မီးသွေး...
November 13, 2024
မွန်ပြည်နယ်တွင် ယခုနှစ်မိုးစပါးပေါ်ကာလ၌ စပါးအထွက်နှုန်း သိသိသာသာ ကျဆင်းနေသောကြောင့်...
November 12, 2024
ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်သည့် ဘုရားသုံးဆူတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်နှင့်...