အာဏာသိမ်းကာလအတွင်း လူတစ်ဦးကို သေဒဏ် ၃ ကြိမ်အထိ ချမှတ်တာတွေရှိနေ

အာဏာသိမ်းကာလအတွင်း လူတစ်ဦးကို သေဒဏ် ၃ ကြိမ်အထိ ချမှတ်တာတွေရှိနေ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား တွေကို စစ်ကောင်စီဘက်က စွပ်စွဲအရေးယူထားတဲ့ ပြစ်မှုတွေအတွက် သေဒဏ်နဲ့ထောင်တစ်သက်အပြင် လူတစ်ဦးကို သေဒဏ် ၃ ကြိမ်အထိ ပြစ်ဒဏ်ချမှတ်တာတွေ ရှိလာပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေ ၁၉ ရက်နေ့အထိ စာရင်းတွေအရ နွေဦး တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရပြီးနောက် အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံနေရ သူ ၁၁၂ ဦး ရှိနေတာပါ။ အဲ့ဒီထဲမှာ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၂ ဦးနဲ့ ပေါင်းလိုက်ရင် သေဒဏ်ချမှတ်ခံထား ရသူ စုစုပေါင်း ၁၅၆ ဦးရှိပြီလို့ AAPP ရဲ့ စာရင်းတွေမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ မေ ၁၈ ရက်နေ့ကလည်း အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ လူငယ် ၅ ဦးကို သေဒဏ်နဲ့ ထောင် ဒဏ် တစ်သက်အဖြစ် ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်တယ်လို့ AAPP က ထုတ်ပြန်ပါတယ်။ အဲ့ဒီလူငယ် ၅ဦးထဲ က တစ်ဦးဟာ သေဒဏ်နှစ်ကြိမ်အထိ ချမှတ်ခံရတာဖြစ်ပြီး ကျန်လေးဦးမှာ သေဒဏ်နဲ့ ထောင်ဒဏ် တစ်သက် အဖြစ် တစ်ကြိမ်စီချမှတ်ခံရတာ ဖြစ်ပါတယ်။

သူတို့တွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်း ရန်ကုန်မြို့ပတ်ရထားပေါ် ရထားလုံခြုံရေးရဲတပ်ဖွဲ့တွေကို ပစ်ခတ်ခဲ့မှုအတွက် စွပ်စွဲခံရသူတေ့ဖြစ်ပါတယ်။ အဲဒီလူငယ်ငါးဦးကို ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ ဖမ်းဆီးခဲ့ပြီး နောက် စစ်ကောင်စီကနေ အခုလိုပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “စစ်ကောင်စီရဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်ဖို့အတွက် ရွေးကောက်ပွဲ ကျင်းမယ်ဆိုတဲ့ ကတိကဝတ်ကို ချမှတ်ထားတယ်။ အဲဒီကတိကဝတ်ကို အပြည့်အဝ အကောင် အထည်ဖော်ဖို့ အကျပ်ရိုက်နေတာ၊ အခက်အခဲတွေ့ နေတဲ့အချိန်မှာ PDF တွေ၊ အဲ့ဒီတော်လှန်ရေး အင်အားစုတွေ ထဲမှာ ပါဝင်တဲ့လူတွေနဲ့ မပူးပေါင်းဖို့ ပြင်းပြင်းထန် ထန် အရေးယူဆုံးမဖို့အတွက် အဲဒီလိုတွေလုပ်နေတာ ဖြစ်ပါ တယ်။ ဒီလိုလုပ်မှသူ့အနေနဲ့ ထွက်ပေါက်ရမယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ သေဒဏ် ပြစ်ဒဏ်ချမှတ်တွေဟာ နွေဦးတော်လှန်ရေးမှာ ပါဝင်သူတွေနဲ့ ပတ်သက် ဆက်သွယ်သူ တွေကို အပြင်းအထန်ဆုံး ဖိနှိပ်ပြီး ရက်စက်ပြနေတာ ဖြစ်တယ်လို့ ဦးသန်းစိုးနိုင်က သံလွင်တိုင်းမ်ကို ပြောပါ တယ်။

“ရွေးကောက်ပွဲလုပ်နိုင်မယ်လို့ ယူဆတဲ့အတွက် သူ့အနေနဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ ပတ်သက်တဲ့ အခါမှာ ပြင်းထန်ရက်စက်တဲ့ ပြစ်ဒဏ်တွေချမှတ်ပြီး ရှင်းလင်းနိုင်အောင် ကြိုးစားနေတာပါ” လို့ ဆက် ပြောပါ တယ်။

သံလွင်တိုင်းမ်က AAPP ရဲ့ စာရင်းတွေကို စိစစ်ကြည့်ရာမှာတော့ ထောင်ဒဏ်တစ်သက် ချမှတ်ခံထားရသူက ၁၈၆ ဦး ရှိနေသလို သေဒဏ်နဲ့ထောင်ဒဏ်တစ်သက် ချမှတ်ခံထားရသူကလည်း ၉ ဦးထက်မနည်းရှိနေပြီး အဲဒီ ပြစ်ဒဏ်တွေပေါ် ထပ်ဆင့်ထောင်ဒဏ် ချမှတ်ခံထားရတာတွေလည်း ရှိနေတာပါ။

အဲဒီထဲမှာ ထောင်ဒဏ် တစ်သက်ချမှတ်ခံထားရပြီး နောက်ထပ်ထောင်ဒဏ် ၃ နှစ်ကနေ ၁၀ နှစ်အထိ ထပ်ဆင့် ပြစ်ဒဏ်ချမှတ်ခံထားရသူ ၇ ဦးရှိနေသလို သေဒဏ်အပေါ် ထပ်ဆင့်သေဒဏ် သုံးကြိမ်ထက်မနည်း ချမှတ်ခံထား ရသူကလည်း ၅ ဦး ရှိနေတာပါ။

ဒါ့အပြင် သေဒဏ်ချမှတ်ခံထားရပြီး ထပ်ဆင့်ထောင်ဒဏ် ၃ နှစ်ကနေ နှစ်ပေါင်း ၂၀၀ ကျော်အထိ ပြစ်ဒဏ်ချ မှတ်ခံထားရသူကလည်း ၄ ဦး ရှိနေတာ ဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေတစ်ဦးကတော့ သေဒဏ်ချမှတ်မှုတွေဟာ ဥပဒေပိုင်းဆိုင်ရာအရ ဖြစ်စဉ်တစ်ခုလုံးကို ခြုံငုံသုံးသပ်ထားဖို့ လိုအပ်သလို ဖြစ်စဉ်အကုန်လုံးကို ခြုံငုံသုံးသပ်မှသာလျှင် မျှတမှန်ကန်မှု ရှိလာနိုင်မယ်လို့ သုံးသပ်တာပါ။

“ဥပဒေရေးရာအမြင်နဲ့ ကြည့်ရင် မှုခင်းတစ်ခုချင်းစီကို သေသေချာချာလေ့လာပြီးတော့မှ ဒါမျှတတယ်၊ ဒါဥပ ဒေနဲ့ညီတယ်။ သို့မဟုတ် မမျှတဘူး၊ ဥပဒေနဲ့ မညီဘူးလို့ သုံးသပ်လို့ ရနိုင်ပါတယ်။ အဲဒီလို မဟုတ်ဘဲ အကုန် လုံးပေါ် ခြုံပြီးသွားကြည့်လို့ရှိရင် နိုင်ငံရေးဘက်တစ်ဖက်ထဲက ကြည့်လို့ရှိရင် မျှတတဲ့အမြင်၊ ဥပဒေနဲ့ ညီညွတ် တဲ့အမြင် မဖြစ်နိုင်ဘူး။ တကယ်တမ်း Case by Case တစ်ခုချင်း တစ်ခုချင်းစီကို ချပြီးတော့ ဆုံးဖြတ်တာတွေ၊ တင်ပြတာတွေ၊ လျှောက်လဲတာတွေ ဒါတွေအကုန်လုံးကို ခြုံငုံသုံးသပ်မှသာလျှင် မျှတမှန်ကန်တဲ့ ဥပဒေနဲ့ ညီညွတ်တဲ့ အမြင်တစ်ခု ရနိုင်ပါတယ်” လို့ ထောက်ပြပါတယ်။

စစ်ကောင်စီရဲ့ သေဒဏ်ချမှတ်မှုတွေထဲမှာ ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂၃ နဲ့ ၂၄ ရက်နေ့တို့မှာ ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူတွေဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို သေဒဏ် စီရင်ခဲ့ တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ သေဒဏ်စီရင်မှုအပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ပြည်သူတစ်ရပ်လုံးက ကန့်ကွက်ရှုတ်ချခဲ့သလို အရေးယူပိတ်ဆို့မှုတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီကတော့ နွေဦးတော်လှန်ရေး ပေါ်ပေါက်လာတဲ့  ၂ နှစ်ကျော်ကာလအတွင်းမှာ စစ်ကောင်စီ ကို တွန်းလှန်းတိုက်ထုတ်ဖို့ ကြိုးပမ်းနေသူတွေကို သေဒဏ်ပြစ်ဒဏ်တွေအပြင် ထပ်ဆင့်ပြစ်ဒဏ်တွေချမှတ်ပြီး နှိပ်ကွပ်ဖို့ လုပ်ဆောင်နေတာပါ။

Most read this week

November 14, 2024
“ဘုတလင်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်မှု...
November 14, 2024
စစ်အာဏာသိမ်းမှု သုံးနှစ်‌ကျော်အတွင်း မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်အလုံးပေါင်း ၁၀၅,၃၀၀...
November 13, 2024
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသရှိ မွန်စစ်ရှောင်ပြည်သူတွေ...
ဓာတ်ပုံ-CJ
November 12, 2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်း နေထိုင်သူတွေအနေနဲ့ နေအိမ်ခြံစည်းရိုးတွေကို တူညီအရောင်သုတ်ရန်...