၂၀၂၃ ခုနှစ် ဟီရိုရှီးမား ဆု

၂၀၂၃ ခုနှစ် ဟီရိုရှီးမား ဆု

နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့ (Burma News International )ကို 2023 ခုနှစ်အတွက်  The Edita and Ira Morris Hiroshima Foundation for Peace and Culture ဆု ချီးမြှင့်ကြောင်း ကြေညာသည့်အတွက် ကျွန်ုပ်တို့ အနေဖြင့်  အထူးဂုဏ်ယူဝမ်းမြောက်မိပါသည်။ ဤကဲ့သို့သောဂုဏ်သတင်းကြီးမားသောဆုသည် မြန်မာနိုင်ငံရှိ မီဒီယာအရေးကိစ္စ၊တိုင်းရင်းသား မီဒီယာအခွင့်အရေးနှင့် ပြည်နယ်နှင့်တိုင်းဒေသများတွင် ဖြစ်ပျက်နေသော သတင်းမှန်တင်ပြ ‌ရေးများကို ပြည်တွင်းနှင့်နိုင်ငံတကာအဆင့်တွင် နှစ်ပေါင်းကြာရှည်စွာ အစဉ်တစိုက်လုပ်ကိုင်လာခဲ့သော BNI ၏ကြိုးစားအားထုတ်မှုအတွက် မှတ်ကျောက်တစ်ခုလည်းဖြစ်ပါသည်။ ဤသို့အသိအမှတ်ပြုခံရမှုကို ခွန်အားအဖြစ်ရယူကာ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရေးအတွက် မီဒီယာအားဖြင့်ဆက်လက်ပါဝင် ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ပါသည်။

ကြောငြာချက်

Most read this week