မုန်တိုင်းအန္တရာယ်အတွက် လူမှုကယ်ဆယ်ရေးအဖွဲ့များ ကြိုတင်ပြင်ဆင်မှု လုပ်ဆောင်ထား

မုန်တိုင်းအန္တရာယ်အတွက် လူမှုကယ်ဆယ်ရေးအဖွဲ့များ ကြိုတင်ပြင်ဆင်မှု လုပ်ဆောင်ထား
မွန်ပြည်နယ် မီးသတ်ဦးစီးဌာန
မွန်ပြည်နယ် မီးသတ်ဦးစီးဌာန

မွန်ပြည်နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များ မုန်တိုင်းအန္တရာယ်ကျရောက်လာပါက အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားကြသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့များ ပြောသည်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသည့် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ် နေသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး မေ ၉ ရက်နေ့တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ခန့်မှန်းထားသည်။

မုန်တိုင်းငယ်သည် မေ ၁၀ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ပြီး မေလ ၁၁ ရက်နေ့တွင် မြန်မာ့ကမ်းရိုးတမ်းသို့ ရွေ့လျားနိုင်သည် ဟု မိုးဇလက ခန့်မှန်းထားသည်။

ထိုကြောင့် မုန်တိုင်းအန္တရာယ်ကျရောက်လာပါက အချိန်နှင့်တပြေးညီ ပြန်လည်တုံ့ပြန်နိုင်ရေးနှင့် အရေးပေါ် ရှာ ဖွေကယ်ဆယ်ရေးများ လုပ်ဆောင်နိုင်ရန်အတွက် မော်လမြိုင်မြို့ပေါ်ရှိ လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့ များ အနေဖြင့် မေလ ၅ ရက်နေ့မှစတင်ပြီး မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြပြီး ဖြစ်သည်ဟု ဘိုဘိုဝင်း Rescue မှ ကိုဘိုဘိုဝင်း က ပြောသည်။

“ကျွန်တော်တို့ အဖွဲ့အနေနဲ့က ကယ်ဆယ်ရေးနဲ့ သယ်ယူရေးမော်တော်ယာဉ်တွေ၊ လှေတွေနဲ့ ရေပြင် ကယ်ဆယ် ရေးဆောင်ရွက်ရမယ့် ပစ္စည်းကိရိယာတွေကို တတ်နိုင်သလောက်လေး ကြိုတင် စုဆောင်းထားပြီးဖြစ်ပါတယ်။ ကျန်အဖွဲ့တွေနဲ့လည်း ချိတ်ဆက်ပြီးတော့ ကြိုတင်ပြင်ဆင်စရာတွေရှိတာကို ပြင်ဆင်ဆောင်ရွက်နေပါတယ်။ အဲ့ဒီအပြင်ကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နိုင်ဖို့ သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနနဲ့ ချိတ်ဆက် ထားပြီး ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

သဘာဝဘေးအန္တရာယ် ကျရောက်လာပါကလည်း သက်ဆိုင်ရာမြို့နယ်များအတွင်းရှိ အရေးပေါ် လူမှုကူညီ ကယ် ဆယ်ရေး အသင်းအဖွဲ့များထံ အကူအညီတောင်းခံနိုင်ကြောင်းလည်း ဆိုသည်။

သံဖြူဇရပ်မြို့ နှင့် အနီးပတ်ဝန်းကျင်ဒေသများတွင်လည်း မီးသတ်ဦးစီးဌာန အပါအဝင် ဌာနဆိုင်ရာများနှင့် လူမှု ကူညီကယ်ဆယ်ရေးအဖွဲ့များက ပူးပေါင်းကာ အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင် နိုင်ရင် ကြိုတင်ပြင်ဆင်ထားကြောင်း သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူ သထုံခရိုင်အတွင်းက လူမှုကယ်ဆယ်ရေးအဖွဲ့များကလည်း သဘာဝဘေးအန္တရာယ်အတွက် ကြိုတင် ပြင်ဆင်ထားကြောင်း ဆိုသည်။

သထုံမြို့အခြေစိုက် အဖြူရောင်နှလုံးသား လူမှုကူညီကယ်ဆယ်ရေးအသင်းမှ ကိုဥက္ကာထွန်းက “ကျွန်တော်တို့ အဖွဲ့အနေနဲ့က ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နိုင်ဖို့အတွက်ကို အဖွဲ့ဝင် (၅) ဦး Stand-by ထားထားပါတယ်။ နောက်ပြီး ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နိုင်ဖို့ လှေတွေကိုလည်း စီစဉ်ထားပြီးဖြစ်ပါတယ်” ဟု ပြော သည်။

ပြည်သူများအနေဖြင့်လည်း သဘာဝဘေးအန္တရာယ် ကျရောက်လာခဲ့မည်ဆိုပါက နီးစပ်ရာ  လူမှုကူညီကယ်ဆယ် ရေး အဖွဲ့များထံသို့ အသိပေးအကြောင်းကြားကာ အကူအညီများ တောင်းခံနိုင်ပါကြောင်း လူမှုကယ်ဆယ်ရေး အဖွဲ့တို့က တိုက်တွန်းထားသည်။

မုန်တိုင်းကြောင့် မေ ၁၁ ရက်နေ့တွင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း မိုးသက် လေပြင်းသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ ခန့်အထိ တိုက်ခတ်နိုင်ကြောင်း မိုးဇလက အသိပေး ထုတ်ပြန် ထားသည်။

မေ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာ ခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကြောင်း မိုးသက်လေပြင်းသည် တစ်နာရီလျှင် မိုင် ၇၀ မှ မိုင် ၈၀ ခန့်အထိ တိုက်ခတ်နိုင်သည်ဟုလည်း ခန့်မှန်းထားသည်။

ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေ ပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့် ဒေသအနီး နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ် သတိထား ရန် မိုးဇလက တိုက်တွန်းထားသည်။

ထို့အပြင် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်လည်း မိုးဇလက အကြံပြု တိုက် တွန်းထားသည်။

မွန်ပြည်နယ် စစ်ကောင်စီကလည်း ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းကော်မတီ များ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဥ်းပြီး ဘေးမဖြစ်ပွားမီ၊ ဖြစ်ပွားနေစဥ်နှင့် ဖြစ်ပွား ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများကို အနီးကပ် ကြီးကြပ်ကာ ထိရောက်စွာ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

November 18, 2024
ထိုင်းဘတ်ဈေး သိသိသာသာကျဆင်းလာသော်လည်း သယ်ယူပို့ဆောင်ရေးလမ်းပိုင်းအတွင်း ပေးချေရသည့်...
November 18, 2024
မွန်ပြည်နယ်တွင် မွန်ဒေသခံတို့အစား စစ်ကောင်စီစစ်မှုထမ်းသင်တန်းကို အစားထိုးတက်ရောက်နေသည့်...
November 14, 2024
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းရှိ အသက် ၅ နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက်...
November 14, 2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကလွီကျေးရွာနှင့်ဒရယ်ကျေးရွာကြားတွင် ဆောက်လုပ်မည့် ကျောက်မီးသွေး...