Published
Sunday, January 22, 2023
မြောက်ဦးမြို့ကို UNESCO စာရင်းဝင်ဖို့ကြိုးပမ်းကြပေမဲ့လည်း အခုနောက်ပိုင်း UNESCO ကပြန်လည်ဆက်သွယ်တာမရှိ (ဇန်နဝါရီလ ၂၂၊ ၂၀၂၃)
- မြောက်ဦးမြို့ကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် (UNESCO) စာရင်းဝင်ဖို့ ကြိုးပမ်းနေကြပေမဲ့လည်း အခုနောက်ပိုင်း (UNESCO)က ပြန်လည်ဆက်သွယ်တာမရှိတော့ဘူးလို့ ဆိုပါတယ်။
- ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်ဘုရားတွေမှာ အမှိုက်တွေကင်းရှင်းပြီး ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပလာစေဖို့ အမှိုက်ကောက်သန့်ရှင်းရေးပြုလုပ်ခဲ့ကြပါတယ်။
- ပုဏ္ဏားကျွန်းမြို့နယ်က ယိုးတရုပ်စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာတွေအရေးပေါ်လိုအပ်နေသလို နေအိမ်အဆောင်တွေလည်း ဆောက်လုပ်ဖို့လိုအပ်နေတယ်လို့ ဆိုပါတယ်။