Published
Saturday, January 21, 2023
မံစီမြို့နယ် အင်ဘာပါ ကျေးရွာအုပ်စုမှာ မြေရှားသတ္တု တူးဖော်မှုကို ဒေသခံပြည်သူတွေဆန္ဒပြ
- ဗန်းမော်ခရိုင် မံစီမြို့နယ် အင်ဘာပါကျေးရွာအုပ်စု ဒိန်ဆင်းပါဒေသမှာ KIO ဘက်က မြေရှားသတ္တုတူးဖော်ခြင်း လုံးဝမပြုလုပ်ဖို့ ဒေသခံပြည်သူတွေ လူအင်အားနဲ့ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
- စစ်ကောင်စီက ပြုလုပ်ဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် မြစ်ကြီးနားမြို့တွင်းက စစ်ဘေးရှောင်ပြည်သူတွေရဲ့နာမည်စာရင်းကို စခန်းတာဝန်ခံတွေကို ကောက်ခိုင်းနေပါတယ်။
- နှစ်သစ်ကူးပြောင်းတာနဲ့တစ်ပြိုင်နက် စစ်ကောင်စီတပ်က တစ်နိုင်ငံလုံး လေကြောင်းနဲ့တိုက်ခိုက်မှုဖြစ်စဉ် ပိုများလာတယ်လို့ Myanmar Peace Monitor(MPM)က ထောက်ပြထားပါတယ်။