စစ်ကောင်စီက သရုပ်ဆောင် သင်ဇာဝင့်ကျော်ကိုထောင်ဒဏ် ၅နှစ်ချမှတ်

စစ်ကောင်စီက သရုပ်ဆောင် သင်ဇာဝင့်ကျော်ကိုထောင်ဒဏ် ၅နှစ်ချမှတ်

သရုပ်ဆောင်သင်ဇာဝင့်ကျော်ကို စစ်ကောင်စီက ယနေ့ ဒီဇင်ဘာ ၂၃ ရက်တွင် အင်းစိန်ဗဟိုအကျဉ်းထောင်တွင်း တရားရုံး၌ ထောင်ဒဏ် ငါးနှစ်ချမှတ်လိုက်ပြီဖြစ်ကြောင်း သူမနှင့် နီးစပ်သောအနုပညာအသိုင်းအဝိုင်း ထံမှ စုံစမ်းသိရှိရသည်။

“ သူ့ကို ဒီနေ့အမိန့်ချလိုက်တာ မှန်ပါတယ်။ ထောင်ငါးနှစ်ချလိုက်တာ ကျွန်တော်တို့လည်း ညနေပိုင်းက မှ သိရတာ။ ကျန်တာကိုတော့ နစ်နာသူဘက်က ဘယ်လိုဆောင်ရွက်မလဲဆိုတာ မသိရသေးပါဘူး။ ထောင်တွင်း လည်း တင်းကြပ်ထားတာတွေရှိတော့ မသွားဖြစ်သေးဘူး။ အားလုံးလည်း သိပြီးသားပါ တရားလား၊ မတရားလား ဆိုတာကိုတော့။ အခြားမှတ်ချက်ပေးစရာ မရှိပါဘူး။ အမြန်ပြန်လွတ်လာပါစေဘဲ ဆုတောင်းပေးပါတယ်။” ဟု ဆိုသည်။

စစ်ကောင်စီက ၂၀၂၂ခုနှစ် ဩဂုတ် ၅ ရက်၌ သရုပ်ဆောင်သင်ဇာဝင့်ကျော်အား မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်၍ လိင်အသားပေးဓာတ်ပုံများနှင့် ဗွီဒီယိုများရိုက်ကူးကာ လူမှုကွန်ရက်စာမျက်နှာနှင့်အခြားသော ဝက်ဘ်ဆိုက်များ တွင် အခကြေးငွေဖြင့်ဖြန့်ဝေခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အီလက်ထရောနစ်ပုဒ်မ (၃၃) ဖြင့် ဖမ်းဆီးအရေးယူခဲ့ ခြင်းဖြစ်သည်။

သင်ဇာဝင့်ကျော်သည် ၂၀၂၁ ခုနှစ် ဇူလိုင် ၃ ရက်တွင်လည်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၏ ကမ်းလှမ်းချက်အရ ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းရှိ ဟိုက်ပါရေတံခွန်နှင့် ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသ ဖွံ့ဖြိုးရေးမှတ်တမ်းများကို သွားရောက်ရိုက်ကူးခဲ့ပြီးနောက် အပြန်ခရီးတွင် စစ်ကောင်စီက ဖမ်းဆီးစစ်ဆေး ခဲ့သည်။

ထို့နောက် SSPP က စစ်ကောင်စီနှင့် ညှိနှိုင်းပေးခဲ့ရာ ပြန်လည်လွတ်မြောက်လာပြီးနောက် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် သင်ဇာဝင့်ကျော်သည် သူပုန်နှင့်ဆက်သွယ်ပြီး သူပုန်ဝတ်စုံဝတ်ပြနေခြင်း ကြောင့် ဖမ်းဆီးအရေးယူပေးရန် လှုံ့ဆော်ခဲ့အပြီး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အလားတူ မော်ဒယ်နန်းမွေစံသည်လည်း ၂၀၂၀ ခုနှစ် စက်တင်ဘာလအတွင်းက အိန္ဒိယ နိုင်ငံထုတ်အလှကုန် ပစ္စည်းရောင်းဝယ်ရေး လုပ်ကိုင်နေသူတစ်ဦး၏ ချိတ်ဆက်ပေးမှုအရ Only Fans အမည်ရှိ ညစ်ညမ်း ဝက်ဘ်ဆိုက် ၌ လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုများကို အခကြေးငွေယူကာ ပိုစ့်တင်ခဲ့မှုကြောင့် အီလက်ထရောနစ်ဉပဒေပုဒ်မ (၃၃) ဖြင့် စစ်ကောင်စီက စွပ်စွဲ၍ ဖမ်းဆီးအရေးယူခဲ့သည်။

ထို့အပြင် မော်ဒယ်နန်းမွေစံသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ စတင်၍ Exantria အမည်ရှိ ညစ်ညမ်းဝက်ဘ် ဆိုက်တွင် လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုများကို အခကြေးငွေယူကာ ထပ်မံပေးပို့ခဲ့ပြီး ရရှိငွေများအနက် ၇၀ ရာခိုင်နှုန်းကို ခွဲဝေရယူခဲ့သည်ဟုဆိုကာ စီစစ်ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် မော်ဒယ်နန်းမွေစံကိုလည်း ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် အင်းစိန်အကျဉ်းထောင်တွင်း တရားရုံးက ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ပြီးဖြစ်သည်။

Most read this week

မန္တလေးတိုင်း၊ မတ္တရာနယ် အရှေ့ခြမ်းရှိ ရုံးပင်ကျေးရွာ ဧပြီလ ၂၇ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် နေအိမ်တလုံးကို တွေ့ ရစဉ် ( Voice Of Mandalay )
April 28, 2025
မန္တလေးတိုင်းထဲက မတ္တရာနှင့် စဉ့်ကူမြို့နယ်တွင် လေကြောင်းတိုက်ခိုက်ခံရပြီး လူထိခိုက်မှုရှိနေပြီး...
April 25, 2025
မြန်မာနိုင်ငံတွင် အပျက်အစီးများခဲ့သည့် မြေငလျင်လှုပ်ခတ်ပြီး တလကြာသည်အထိ လူပေါင်း ၄၀,၀၀၀ ကျော်သည်...
April 24, 2025
ပုံအညွှန်း – မန္တလေးရှိ ချမ်းအေးသာစံမြို့နယ်အတွင်း ပြိုကျပျက်စီး အဆောက်အအုံများကို...
April 23, 2025
မကွေးတိုင်း၊ ရေစကြိုမြို့နယ် တောင်ခြမ်းရှိ ဗလဘကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ က နှစ်ရက်ဆက်တိုက်...