စစ်ကောင်စီတပ် ဝင်စီးထားသည့် ကုမ္ပဏီဝန်းတွင် ညအချိန် လက်နက်များ ရမ်းသမ်း ပစ်ခတ်နေ

စစ်ကောင်စီတပ် ဝင်စီးထားသည့် ကုမ္ပဏီဝန်းတွင် ညအချိန် လက်နက်များ ရမ်းသမ်း ပစ်ခတ်နေ

ဖားကန့်မြို့နယ် မှော်စီဆာ ကျေးရွာအနီးရှိ စစ်ကောင်စီတပ် ဝင်စီးထားသည့် ဆင်စိန် ကုမ္ပဏီဝန်းတွင် ညအချိန် လက်နက်ငယ် ပစ်ခတ်မှုများ ရှိနေကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၁၇ ရက်နေ့က ‘ဆင်စိန်’ ကျောက်စိမ်း လုပ်ကွက်ကို အင်အား ၅၀ ကျော်ဖြင့် ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ကုမ္ပဏီဝန်းအတွင်းရှိ ကိုယ်စားလှယ်များ၊ ကျောက်တူးသမားများနှင့် စားဖိုမများစုစုပေါင်း ၄၀ ကျော်ကို ယနေ့ထိ ဖမ်းဆီးထား၍ အခိုင်အမာတပ်ချ နေထိုင်နေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

”အဲ့ကုမ္ပဏီဝန်းထဲမှာပဲ နေနေကြတုန်း အထဲမှာ ဖမ်းထားတဲ့လူတွေကို ကတုတ်ကျင်း တူးခိုင်းတယ်။ သဲအိတ်တွေသယ်ခိုင်းတယ်။ အဲ့မှာ အကာအရံတွေ ကတုတ်ကျင်းတွေလုပ်ပြီး နေနေကြတယ်ဗျ အထဲကပြည်သူတွေကို ကာဗာလုပ်ပြီးနေ နေတဲ့သဘော မနေ့ညကလည်း သေနတ်တွေ ပစ်ဖောက်နေ ပြည်သူကို ကြောက်လန့်အောင်”ဟု ပြောသည်။

ယင်းကုမ္ပဏီဝန်းအတွင်းရှိ စစ်သားများက ယမန်နေ့ည ၈ နာရီခန့်အချိန်တွင် လက်နက်ငယ် ၁၀ ချက်မနည်း ရမ်းသမ်းပစ်ခတ် ခဲ့ကြောင်းလည်း သိရသည်။

ဆင်စိန်ကုမ္ပဏီသည် မှော်စီဆာ ကျေးရွာနှင့် ကိုက် ၁၀၀၀ ခန့်သာကွာဝေးပြီး မည်သည့်ကိစ္စကြောင့် ဝင်စီးခံထားရသည်ကို အသေး စိတ်မသိရှိရသေးပေ။

စစ်ကောင်စီတပ်များသည် ယခုနောက်ပိုင်း ဖားကန့်မြို့နယ်အတွင်း ၎င်းတို့ မင်္သကာသည့် ကျောက်စိမ်းလုပ်ကွက်များအတွင်းသို့ ဝင်ရောက်စီးနင်းခြင်း၊ လုပ်ကွက်များအတွင်း တပ်စွဲခြင်း တို့ကို ပိုမိုပြုလုပ်လာနေကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့တွင်လည်း ကရင်ချောင်ကျေးရွာဘက်ရှိ ကျောက်စိမ်းလုပ်ကွက်များတွင် ဝင်ရောက်စီးနင်းကာ  အလုပ်သမား ၃၀ ဦးကို ဖမ်းဆီးသွားသည်။

Most read this week

April 25, 2025
ငလျင်နောက်ဆက်တွဲ ပြည်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဖို့ဆိုပြီး အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ...
မန္တလေးမှာ ငလျင်ဒဏ်ကြုံတွေ့ရတဲ့ ပြည်သူများ လမ်းမကြီးပေါ်တွေမှာ နေထိုင်ကြတဲ့မြင်ကွင်း။
April 24, 2025
ကချင်ပြည်နယ်ကနေ မန္တလေးမြို့မှာ ကျောင်းသွားတက်တဲ့ လူငယ်တွေ ငလျင်ဒဏ်ကြောင့် နေရာထိုင်ခင်း...
April 23, 2025
ကချင်နယ်ပြည်နယ်၊ မချမ်းဘော့မြို့နယ်၊ နမ်စဘွမ်ကျေးရွာမှာ ရွှေအလွန်အကျွံတူးဖော်မှုကြောင့်...
April 22, 2025
ရှမ်းမြောက်၊ ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာမှာ ဒေသခံတွေပစ်သတ်ခံရတဲ့ အမှုနဲ့ပတ်သက်ပြီး...