Published
Friday, December 23, 2022
တီးတိန်မြို့အနီးမှာဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးရှိ
- ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ-ကျောက်တော်ရေလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပေမဲ့ ပလက်ဝမြို့နယ်မှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေကျဆင်းမှုမရှိဘဲ ဆက်လက်မြင့်တက်နေပြီး ပြည်သူတွေအခက်ကြုံနေကြရပါတယ်။
- ချင်းပြည်နယ် တီးတိန်မြို့အနီး စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က အကျအဆုံးရှိတယ်လို့ သိရပါတယ်။
- ချင်းပြည်နယ် မတူပီမြို့နယ်နဲ့ပလက်ဝမြို့နယ်အစပ် ဘွေလီကျေးရွာမှာ စစ်ကောင်စီဂိတ်စခန်းတစ်ခုကို CDF-ပလက်ဝက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။