အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွား ၊ စစ်ကောင်စီ၏ တပ်ရင်းမှူးအပါအဝင် ၂၀ ဦး ကျော်သေဆုံး

အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွား ၊ စစ်ကောင်စီ၏ တပ်ရင်းမှူးအပါအဝင် ၂၀ ဦး ကျော်သေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မြောက်ဘက် သက္ကယ်ကျင်းရွာနှင့် နဘားရွာကြားရှိ တောအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တပ်ရင်းမှူး အပါအဝင် အယောက်၂၀ ကျော် သေဆုံးခဲ့ကြောင်း Indaw Revolution-IR က နိုဝင်ဘာ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ရက်နေ့ နံနက်ပိုင်းမှစတင်၍ စစ်ကောင်စီတပ်အင်အား ၁၅၀ခန့် နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ PDF ပူးပေါင်းတပ်ဖွဲ့များ သုံးကြိမ်တိုင်တိုင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ တပ်ရင်းမှူး အပါအဝင် အရာရှိအဆင့်နှင့် အခြားအဆင့်ရှိသူ သေဆုံး၊ ဒဏ်ရာရစစ်ကောင်စီတပ်သား စုစုပေါင်း ၄၇ ယောက်ရှိ ကြောင်း Indaw Revolution-IR ထံက သိရသည်။

“သေတဲ့အထဲမှာ စစ်ကောင်စီတပ်က တပ်ရင်းမှူးထိန်လင်းစံနဲ့အတူ နှစ်ပွင့်တစ်ကောင် ၊ တစ်ရစ်တစ်ကောင်ပါတယ်။ သေတာ ထိခိုက်တာ အားလုံးပေါင်း ၄၇ ယောက်ပါ။ ကသာဘယ်ကို သယ်သွားတယ်။ အပြန်အလှန် ပစ်ခတ်တာက လေး နာရီကျော် ငါး နာရီနီးပါး လောက်ကြာတယ်” ဟု Indaw Revolution-IR ၏ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီသည် အဆိုပါ ထိတွေ့ တိုက်ပွဲအတွင်း သေဆုံးသွားသည့် တပ်ရင်းမှူး တစ်ဦးကိုသာ နိုဝင်ဘာ ၁၈ ရက်နေ့ ညနေ ၄နာရီ ခန့်တွင် မြစ်ကြီးနားဘက်သို့ လေယာဉ်ဖြင့် သယ်ဆောင်ခဲ့ပြီး ကျန်သေဆုံးဒဏ်ရာရသူများကို ကသာမြို့နယ်သို့ သယ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲတွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ KIA ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲတွင် သေနတ်ကျည်ထိမှန် သေဆုံးခဲ့ သည့် စစ်ကောင်စီ၏ တပ်ရင်းမှူးအဆင့်ရှိသူသည် ဟိုပင်မြို့နယ် တကွင်းရွာမှ ထိန်လင်းစံ ဆိုသူဖြစ်ကြောင်း IR Team တာဝန်ရှိသူထံက သိရသည်။

“သူ(ထိန်လင်းစံ)က ပထမ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှာနေတယ်။ ပြီးတော့ တရုတ်နယ်စပ် ကန်ပိုင်တီမှာ ဒုတပ်ရင်းမှူး အဖြစ်ကိုင်တယ်။ နောက် မင်းအောင်လှိုင် (စစ်ကောင်စီဥက္ကဋ္ဌ)အိမ်မှာ မိသားစုလုံခြုံရေး ကိုယ်ရံတော်အဖြစ်နဲ့ ရောက်သွားတာ ကြာပြီ။ အခုတပ်ရင်းမှူးအဖြစ်နဲ့အင်းတော်ကို ပါလာတာလို့ သိရပါတယ်” ဟု IR Team ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များ အပြန်အလှန်ပစ်ခတ်သည့် တိုက်ပွဲများ တွင် ကြာချိန် ၂ နာရီခန့် တိုက်မည်ဆိုပါက ကုန်ကျစရိတ်အနေဖြင့် ငွေကျပ်သိန်း ၁,၀၀၀ ခန့် ကုန်ကျလေ့ရှိကြောင်း KIAက စစ်ကြောင်းမှူးထံက သိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...