တာမိုးညဲတိုက်ပွဲ နေအိမ်အချို့ ပျက်စီး

တာမိုးညဲတိုက်ပွဲ နေအိမ်အချို့ ပျက်စီး
တာမိုးညဲမြို့နယ်ခွဲ စည်ပင်သာယာရေးဌာန
တာမိုးညဲမြို့နယ်ခွဲ စည်ပင်သာယာရေးဌာန

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်ခရိုင်၊ တာမိုးညဲမြို့တွင် စစ်ကောင်စီတပ်နှင့် MNDAA ကိုးကန့်တပ်ဖွဲ့တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ နေအိမ်ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

တာမိုးညဲမြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ခလရ တပ်ရင်း ၂၉၀ နှင့် ပြည်သူ့စစ်ကုန်းကို MNDAA က လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည် ဟု ဒေသခံအချို့က ပြောသည်။

“ကိုးကန့်အဖွဲ့လို့တော့ ခန့်မှန်းမိတယ်။ အစိုးရတပ်နဲ့ပဲပေါ့။ ခလရ ၂၉၀ အဲ့မှာလာပစ်တယ် အဲ့လိုပဲ သိတယ်။ ၂ နာရီခွဲလောက်မှာပေါ့။ ကျနော်တို့ ရပ်ကွက် ၄ နဲ့ ရပ်ကွက် ၆ မှာ။ တပ်က ရပ်ကွက် ၆ မှာ အဲ့မှာလာပစ်တယ် အဲ့ လို။ အသေးစိတ်တော့ မသိဘူး။ ကျနော်တို့လည်း အိပ်နေတယ် ဆို တော့။ နှစ်ဖက်လက်နက်ကြီးသံတွေ၊ လက် နက်ငယ်သံတွေ အဲ့လိုပေါ့။ အစပိုင်းက တိုက်ပွဲလို့တောင် မထင်ဘူး။ နောက်ကျမှ ဟိုဘက် ဒီဘက်ကြား ရမှ ပေါ့” အသက် ၅၀ ကျော်ခန့်ရှိသည့် ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၂ နာရီခွဲကျော် အချိန်ခန့်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲအတွင်း တာမိုးညဲ၊ ရပ်ကွက် ၂ မှ နေအိမ်တစ်လုံးနှင့် ကားတစ်ဦး ထိမှန်ပျက်စီးမှု ရှိခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ဆက် ပြောသည်။

“၂ နာရီ ၄၅ လောက်ပေါ့၊ တိုက်ပွဲဆိုတော့ ဘယ်ဘက်က ပစ်တာလဲတော့ မသိဘူး။ တိုက်ပွဲဖြစ်တာပဲ သိတယ်။ ရပ်ကွက် ၂ ဗျ၊ တစ်အိမ်ပေါ့။ ဆုံးရှုံးမှုက အိမ်ရဲ့ အဖီပေါ့၊ အဲ့ဒါတွေ စုတ်ပြတ်သွားတယ်။ အဲ့နားမှာ ရပ်ထားတဲ့ ကားတစ်စီးက နောက်မှန်တွေ ကွဲတယ်။ တံခါးတွေ ပေါက်ကုန်တာပေါ့။ ၂ နာရီ ၄၀ ကျော်လောက်မှစတယ်၊ ၃ နာရီကျော်ကျော်လောက်မှာ ပြီးတယ်။ ပစ်တာက အဲ့မှာ ပြည်သူ့စစ်ကုန်းလေးရှိတယ်။ အဲ့မှာ လာပစ်တာ။”

ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲတွင် ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်နှင့် မြန်မာအမျိုးသားဒီမိုက ရက်တစ် မဟာမိတ်တပ်မတော် MNDAA တို့အကြား ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသော် လည်း သတင်းနှင့်မီဒီယာကွန် အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA အနေဖြင့်လည်း အဆိုပါ တိုက်ပွဲနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိပေ။

တာမိုးညဲ ဒေသခံများအနေဖြင့် ၎င်းတို့၏ ရပ်ရွာအတွင်း တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် အခြေအနေကို စိုးရိမ်နေ ကြသည့်အပြင် ယနေ့အချိန်ထိ စောင့်ကြည့်နေရသည်ဟု ဆိုသည်။

အသက် ၅၀ ကျော်အရွယ် တာမိုးညဲ ဒေသခံ အမျိုးသားက “လက်နက်ကြီးလည်း ၁၀ ချက်ကျော် လောက်တော့ ကြားရတယ်။ ပြည်သူတွေ ကြီးကြီးမားမားထိခိုက်တာတော့ မရှိဘူး။ ပြည်သူတွေတော့ စိုးရိမ်တာတော့ အမှန် ပဲ။ လက်နက်ကြီးတွေ ဘာတွေ ကျလာမှာ၊ ကျည်ဆံ လက်နက် တွေ ရွာထဲ ကျလာမှာ အဲ့ဒါတွေ စိုးရိမ်တယ်။ ပြီးခဲ့တဲ့ လမှာလည်း တစ်ခေါက်ဖြစ်တယ်။ အောက်တိုဘာလ လဆန်းပိုင်းမှာ တစ်ခေါက်ဖြစ်တယ်” ဟု ပြော သည်။

တာမိုးညဲမြို့တွင် အောက်တိုဘာလဆန်းပိုင်းကလည်း စစ်တပ်နှင့် MNDAA ကိုးကန့်တပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်ဟု ဒေသခံများက ဆိုသည်။

ရှမ်းမြောက်ရှိ မြို့များထဲက တာမိုးညဲမြို့သည် စစ်ကောင်စီတပ်၊ ပြည်သူစစ်အဖွဲ့တို့အပြင် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA၊ ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ တအန်း (ပလောင်) အမျိုး သား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP) တို့ စစ်ရေးလှုပ်ရှားနေသည့် မြို့တစ် မြို့ ဖြစ်သည်။

Most read this week

September 25, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ရေဆက်ကြီးနေသည့်အတွက် စစ်ဘေးရှောင်များနှင့် ဒေသခံများ၏ နေထိုင်စား...
September 24, 2024
စစ်မှုထမ်းရန် စုဆောင်းခြင်း ခံထားရသည့် အမျိုးသမီးများသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စားသောက်...
September 23, 2024
ရေကြီး တောင်ပြိုသည့် အချို့သော ပအိုဝ်းဒေသများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီများ...
September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...