Published
Wednesday, November 09, 2022
ကရင်ပြည်နယ် မြဝတီနဲ့ ကော့ကရိတ်ခရိုင်မှာ လစ်လပ်နေတဲ့ ခရိုင်ရဲမှူးအဆင့်ရာထူးနေရာကို တာဝန်ထမ်းဆောင်လိုသူမရှိ (နိုဝင်ဘာလ ၀၉၊ ၂၀၂၂)
- ကရင်ပြည်နယ် မြဝတီနဲ့ ကော့ကရိတ်ခရိုင်မှာ လစ်လပ်နေတဲ့ ခရိုင်ရဲမှူးအဆင့်ရာထူးနေရာကို တာဝန်ထမ်းဆောင်လိုသူမရှိဘူးလို့ ဆိုပါတယ်။
- ဖားအံမြို့မှာ စစ်ကောင်စီက ကျင်းပပြုလုပ်တဲ့ (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်အတွက် လုံခြုံရေးကို အရင်နှစ်တွေကထက် ပိုမိုတင်းကျပ်စွာချထားလျက်ရှိပါတယ်။
- ကော့ကရိတ်မြို့နယ်က စစ်ဘေးရှောင် တစ်ထောင်ကျော်အတွက် လိုအပ်တဲ့ အရေးပေါ်စားနပ်ရိက္ခာတွေကို ကရင်အမျိုးသမီးအစည်းအရုံး-KWO နဲ့ ဒေသခေါင်ဆောင်တွေပူးပေါင်းပြီး အကူအညီပေးအပ်ခဲ့ကြပါတယ်။