စစ်တွေတွင် ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူးသေနတ်ဖြင့် ပစ်ခံရပြီး ဒဏ်ရာလေးချက်ရ

စစ်တွေတွင် ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူးသေနတ်ဖြင့် ပစ်ခံရပြီး ဒဏ်ရာလေးချက်ရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ၊ ရှုခင်းသာလမ်း၊ RV စားသောက်ဆိုင်ထဲတွင် ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးသက်ဦး(၆၀) (ဘ) ဦးတင်ရွှေ သေနတ်ဖြင့် ပစ်ခံရပြီး ဒဏ်ရာ ၄ ချက်ရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။

ယမန်နေ့ နိုဝင်ဘာ ၆ ရက်၊ ညနေ ၇ နာရီ ၃၀မိနစ်တွင် RV စားသောက်ဆိုင်ထဲတွင် ၎င်းအား သေနတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့်ဝင်ရောက်လာပြီး ပစ်ခတ်သွားသည်ဟု သိရသည်။

ဒဏ်ရာများမှာ ဝဲနားရွက်နောက် ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ လည်ပင်းဝဲဘက်(၁)လက်မခန့် ပြတ်ရှဒဏ်ရာ (၁)ချက်၊ လည်ပင်းညှပ်ရိုး အနီး ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ယာဘက်ပါး ဖောက်ဝင်ဒဏ်ရာ (၁)ချက်နှင့် နှာခေါင်းသွေးထွက်နေသည်ကို တွေ့ရှိရသည်ဟု ရဲမှတ်တမ်းအရ သိရသည်။

စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက် ငါးလုပ်ငန်းဦးစီးမှူးပြည်နယ်ငါးလုပ်ငန်းရုံးဝန်းတွင် နေထိုင်သူဖြစ်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် နီးစပ်သူ တစ်ဦးဖြစ်ကြောင်း သိရသည်။  

အခင်းဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာက ဦးသက်ဦးအား စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း သတင်းရရှိသည်။

ထိုသို့ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်တွေမြို့တွင် လုံခြုံရေးတင်းကျပ်လိုက်ပြီး စစ်ဆေးဖမ်းဆီးမှုများလည်း ရှိခဲ့သည်ဟု သိရသည်။

Most read this week

April 2, 2025
ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးအတွက် အာရက္ခတပ်တော် (AA) အပါအဝင်...
April 2, 2025
- ဝိုင်းမော်မြို့နယ် ဗလမင်းထင်တံတားမြောက်ဘက်ပိုင်းက စစ်ရှောင်စခန်း ၄၂ ခုမှာ ခိုလှုံနေတဲ့...
April 2, 2025
− နိုင်ငံတကာတက္ကသိုလ်တွေမှာ အဆင့်မြင့်ပညာရပ်တွေကို ဆက်လက်သင်ယူနိုင်ခွင့်ရရှိဖို့ ဒုက္ခသည်စခန်း...
April 1, 2025
အမျိုးသမီးလေးဦးအပါအဝင် နေရပ်ပြန် ရခိုင်စစ်ဘေးရှောင် ၁၂ ဦးသည် မကွေးတိုင်းထဲတွင်...