Published
Wednesday, November 02, 2022
ထိုင်းသူဌေးဆီချေးငွေယူပြီး စိုက်ပျိုးရေးလုပ်ကိုင်သူတွေ စစ်ရှောင်နေရ၍ ဒီနှစ်မှာအကြွေးပြန်မဆပ်နိုင်သေး (နိုဝင်ဘာလ ၀၂၊ ၂၀၂၂)
- ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်သား ၅ ယောက် အာဏာဖီဆန်ရေး (CDM) ပြုလုပ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဆီကို လာရောက်ပူးပေါင်းခဲ့ပါတယ်။
- မိဖာလဲရွာက KNU/KNLA-PC အမှတ် (၇၇၇)တပ်ရင်းမှူး စောဝင်းကျော်ရဲ့နေအိမ် ပစ်ခတ်မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဇနီးဖြစ်သူနဲ့ တပ်ဖွဲ့ဝင် ၄ ယောက် ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။
- နှစ်စဉ် ထိုင်းသူဌေးတွေဆီမှာ စိုက်ပျိုးရေးအတွက် ငွေကြေးတွေကိုချေးယူပြီး သီးနှံထွက်ပြီးမှ ချေးငွေတွေကို ပြန်ဆပ်လေ့ရှိတဲ့ ကရင်ပြည်နယ် နယ်စပ်ဒေသက စိုက်ပျိုးရေးလုပ်ကိုင်သူတွေဟာ ဒီနှစ်မှာတော့ အကြွေးပြန်မပေးနိုင်တဲ့ အခက်အခဲတွေကြုံနေရပါတယ်။