မောရဝတီ ရေတပ်ဌာနချုပ်မှ စစ်သား ၅ ဦး လက်နက်နှင့်အတူ ထွက်ပြေး

မောရဝတီ ရေတပ်ဌာနချုပ်မှ စစ်သား ၅ ဦး လက်နက်နှင့်အတူ ထွက်ပြေး

မောရဝတီ ရေတပ်ဌာနချုပ်မှ တပ်ကြပ်တဦးအပါဝင် တပ်သား ၅ ဦးတို့ လက်နက်များနှင့်အတူ ထွက်ပြေးသွား သည်ဟု တပ်တွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ မောရဝတီ ရေတပ်ဌာနချုပ်မှ စစ်ကောင်စီ တပ်သားများ အောက် တိုဘာလ ၂၇ ရက်နေ့ ည ၂ နာရီခန့်က တာဝန်ကျကင်းစောင့်နေရာမှ လက်နက်များနှင့်အတူ ထွက်ပြေး သွားခဲ့ ခြင်း ဖြစ်သည်ဟု တပ်တွင်း သတင်း အရင်းအမြစ် များက ပြောသည်။

ထွက်ပြေးလွတ်မြောက်သွားသူ တပ်သား ၅ ဦးထဲတွင် တပ်ကြပ်တဦး၊ ဒု-တပ်ကြပ်တဦးတို့ ပါဝင်ပြီး လက်နက် များလည်း ပါသွားသည့်အတွက် မောရဝတီ ရေတပ်ဌာနချုပ်မှ ကံပေါက်ဒေသအတွင်းရှိ ကျေးရွာများထဲ အပူ တပြင်း လိုက်လံရှာဖွေခဲ့သော်လည်း ယနေ့အချိန်ထိ ပြန်လည်ဖမ်းဆီးရမိခြင်း မရှိသေးဘူး ဒေသခံများက ပြော သည်။

အသက် ၄၅ နှစ်ခန့် အရွယ် မိချောင်းအိုင်ရွာသားတစ်ဦး က “နှစ်ရက်ရှိပြီ စစ်သားတွေ ခြေရှုပ်နေတာ၊ လူကြီး လမ်းကြောင်းရှိလို့ ကင်းလှည့် လုံခြုံရေးယူနေတာလို့ အစက ထင်နေတာ။ ဒီနေ့မနက်မှ ရေတပ်က စစ်သားတွေ ထွက်ပြေးလို့ လိုက်ရှာနေတာမှန်း သိရတာ” ဟု ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဂန့်ဂေါ်တောင်ကျေးရွာ (လေးအိမ်စု) လမ်းဆုံ၊ တောင်ရင်းအင်းလမ်းဆုံ၊ အုန်းပင် ကွင်း လမ်းဆုံတို့ အပြင် ဂန့်ဂေါ်တောင်၊ ပယနှင့် ဇာဒီကျေးရွာတို့ ဘက်တွင်ပါ ပိုက်စိတ်တိုက် တောနင်းရှာဖွေနေ သည်ဟု ဆိုသည်။

ထို့အပြင် ကံပေါက်၊ မြို့မနှင့် လှည်းကုန်း၊ မိချောင်းအိုင်ကျေးရွာများ တစ်ဝိုက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် များက ပုံမှန်ထက် ပိုပြီး ကင်းလှည့် နေကြသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့၊ ညပိုင်းအချိန်ကလည်း အဆိုပါ မောရဝတီ ရေတပ်စခန်းမှ ဆေးမှူး ဗိုလ်ကြီး အပါအဝင် တပ်ဖွဲ့ဝင် ၁၂ ဦး လက်နက် အပြည့်အစုံဖြင့် ထွက်ပြေးခဲ့သည့် ဖြစ်စဉ်တစ်ခုရှိခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထို မောရဝတီ ရေတပ်စခန်းမှ ထွက်ပြေးသွားသူ စစ်သား ၂၅ ဦး ထက် မနည်း ရှိနေပြီဖြစ်သည်ဟု ယင်းတပ်တွင်း သတင်း အရင်းအမြစ်များ ၏ ပြောပြချက်အရ သိရသည်။

Most read this week

September 25, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ရေဆက်ကြီးနေသည့်အတွက် စစ်ဘေးရှောင်များနှင့် ဒေသခံများ၏ နေထိုင်စား...
September 24, 2024
စစ်မှုထမ်းရန် စုဆောင်းခြင်း ခံထားရသည့် အမျိုးသမီးများသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စားသောက်...
September 23, 2024
ရေကြီး တောင်ပြိုသည့် အချို့သော ပအိုဝ်းဒေသများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီများ...
September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...