Published
Wednesday, October 26, 2022
ဥကရစ်ထရွာထဲ တပ်စွဲထားတဲ့စကစတပ်သားတွေ အရပ်သားပြည်သူရဲ့နေအိမ်ကိုဖျက်ဆီးပြီး ပစ္စည်းဥစ္စာကိုယူဆောင်သွား (အောက်တိုဘာလ ၂၆၊ ၂၀၂၂)
- စစ်ကောင်စီတပ်က လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်မှုကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်က တဂေးရွာနဲ့ အနီးအနားကျေးရွာတွေမှာ ဒေသခံအရပ်သားပြည်သူရာချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
- ကော့ကရိတ်မြို့ စစ်ကောင်စီရုံးအခြေစိုက်ရာနေရာတွေ တိုက်ခိုက်ခံရမှုအပြီး စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်တွေဟာ မြို့ထဲကို သံချပ်ကာယာဉ်တွေနဲ့ ခြောက်လှန့်ပစ်ခတ်ပြီး လုံခြုံရေးတိုးမြှင့်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
- ထိုင်း-မြန်မာနယ်စပ် ဥကရစ်ထကျေးရွာထဲမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက အရပ်သားပြည်သူလုထုတွေရဲ့နေအိမ်တွေကို ဖြိုချဖျက်ဆီးပြီး ပစ္စည်းဥစ္စာတွေကိုသယ်ဆောင်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။