Published
Wednesday, October 12, 2022
ကော့ကရိတ်မြောက်ပိုင်းကျေးရွာကဒေသခံတွေဟာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်လာမှာကိုစိုးရိမ်နေ (အောက်တိုဘာလ ၁၂၊ ၂၀၂၂)
- ကော့ကရိတ်မြို့ မြောက်ပိုင်းကျေးရွာတွေဘက်က ဒေသခံတွေဟာ စစ်ကောင်စီကလေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်လာမှာကို စိုးရိမ်ကြောက်လန့်နေကြတယ်လို့ သိရပါတယ်။
- ကရင်အမျိုးသားအစည်းအရုံး-KNU၊ အမှတ်(၅) တပ်မဟာနယ်မြေအတွင်း စက်တင်ဘာလ တစ်လအတွင်း တိုက်ပွဲပေါင်း ၁၂၉ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
- တိုင်းပြည်အာဏာကို စစ်တပ်က သိမ်းယူလိုက်ပြီးတဲ့နောက်ပိုင်း ကျောင်းသူကျောင်းသားတွေဟာ သူတို့ပညာရေး အဆုံးသတ်မသွားဖို့ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မြန်မာရွှေ့ပြောင်းကျောင်းတွေမှာလည်း လာရောက်ပညာသင်ယူနေကြပါတယ်။