Published
Sunday, October 09, 2022
ရခိုင်စစ်ရှောင်တချို့နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ပလက်ဝမြို့ကစစ်ရှောင်တွေကိုနေရပ်ပြန်ဖို့ စကစတိုက်တွန်း (အောက်တိုဘာလ ၀၉၊ ၂၀၂၂)
- ရခိုင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရခိုင်လူမျိုး ရဲတပ်ဖွဲ့ဝင် ၁၃ ယောက် နယ်ပြောင်းခံရပါတယ်။
- ရခိုင်က စစ်ဘေးရှောင်တချို့နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ပလက်ဝမြို့ပေါ်က စစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့ စစ်ကောင်စီက တိုက်တွန်းနေပါတယ်။
- စစ်တွေမြို့မှာ ဆိုင်ကယ်လိုင်စင်ပြုလုပ်တဲ့ အခကြေးငွေကောက်ခံတဲ့နှုန်းထား အဆမတန် မြင့်မားနေတာကြောင့် အခြေခံလူတန်းစားတွေအနေနဲ့ အခက်တွေ့နေရပါတယ်။