Published
Friday, October 07, 2022
ချင်းပြည်မှာ ကော်ဖီ၊ ၀ဥ၊ နွားနောက်ကိုအခြေခံပြီး စက်မှုဇုန်ဖော်ဆောင်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌပြော
- ချင်းလူမျိုးအများစုနေထိုင်တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ ချင်းပြည်နယ်မြောက်ပိုင်း မြို့ကြီးတွေမှာ မြန်မာ့ဆက်သွယ်ရေးဖုန်းလိုင်းတွေပြတ်တောက်နေပြီး ဒေသခံပြည်သူတွေ အခက်ကြုံနေရပါတယ်။
- ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်ရေးနဲ့ အာဏာတည်တံ့ရေးအတွက် ပူးပေါင်းဆောင်ရွက်နေသူတွေအနေနဲ့ မိမိအသိစိတ်နဲ့နုတ်ထွက်ကြဖို့ CDF-Kanpetlet တပ်ဖွဲ့က သတိပေးလိုက်ပါတယ်။
- ချင်းပြည်နယ်မှာ ကော်ဖီ၊ ဝဥ၊ နွားနောက်ကိုအခြေခံပြီး စက်မှုဇုန်ဖော်ဆောင်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။