စစ်ကောင်စီက ရခိုင်ရှိ ကျေးရွာများကို ရိက္ခာဖြတ်တောက်မှုများ ပိုမိုလုပ်ဆောင်နေ

စစ်ကောင်စီက ရခိုင်ရှိ ကျေးရွာများကို ရိက္ခာဖြတ်တောက်မှုများ ပိုမိုလုပ်ဆောင်နေ

ရခိုင်ပြည်နယ်ရှိ ကျေးရွာအများအပြားတွင် စစ်ကောင်စီတပ်က ရိက္ခာသယ်ယူပို့ဆောင်မှုများကို ပိုမိုတင်းကျပ်စွာ လုပ်ဆောင်လာနေပြီး တချို့နေရာများကို ရိက္ခာဖြတ်တောက်ခြင်းများလုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားနေသည့် မောင်တော၊ ဘူးသီးတောင်၊ မြေပုံ၊ ကျောက်တော်စသည့် မြို့နယ်များအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊ မင်းပြားမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စသည့် မြို့နယ်များမှ ကျေးရွာများကိုလည်း စစ်ကောင်စီတပ်က ရိက္ခာသယ်ယူခွင့်ကို ကန့်သတ်မူများ လုပ်ဆောင်နေခြင်းပင်ဖြစ်သည်။

ယင်းမြို့နယ်များမှ ကျေးရွာများ၏ ကုန်းလမ်း၊ရေလမ်းမှ တစ်ဆင့် ကုန်စည်စီးဆင်းမူနှင့် ရိက္ခာသယ်ယူခွင့်ကို ပိတ်ထားခြင်းဖြစ်သည်။

“ ရေလမ်းကလည်း အစစ်အဆေးတွေများတယ်။ ကျနော်တို့ ဆန်၊ ဆီ၊ ဆား က အစ အကုန် တစ်ခုမှ တစ်အိတ်ထက် အပို သယ်ယူခွင့်မပေးဘူး၊ စက်သုံးဆီဆိုရင် တစ်နေ့ကို တစ်လံထက် အပိုသယ်ခွင့်မရှိဘူးလို့ပြောတယ်။ စစ်ဆေးတဲ့ ရေတပ်ကလူတွေက နယ်တွေကို ရိက္ခာဖြတ်ထားတယ်။ အများကြီးသယ်ခွင့်မပေးဘူးလို့ သူတို့ကိုယ်တိုင်ပြောတာပါပဲ ” ဟု ပေါက်တောနယ်မှ စစ်တွေသို့ ပြေးဆွဲနေသည့် ဘုတ်ပိုင်ရှင်တစ်ဦးကပြောသည်။

စစ်တွေမြို့မှ ပေါက်တောမြို့၊ မြေပုံမြို့၊ ကျောက်ဖြူမြို့၊ စသည့် မြို့ကြီးများသို့ ရွှေပြည်တန်အမြန်ရေယာဉ်ဖြင့် ခရီးသွားလာသကဲ့သို့၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ စစ်တွေ ၊မြောက်ဦး၊ကျောက်တော် စသည့်မြို့နယ်များမှ ကျေးရွာနေဒေသခံများမှာလည်း စစ်တွေမြို့သို့ ဘုတ်များဖြင့် ကုန်စည်စီးဆင်းမူကို ကုန်လမ်း၊ရေလမ်း နှစ်ခုလုံးဖြင့် သွားလာနေကြခြင်းဖြစ်သည်။

စစ်ကောင်စီအနေဖြင့် ကားလမ်းများတွင်လည်း စစ်ဆေးရေးဂိတ်များတိုးချဲ ဖွင့်လှစ်ပြီး အစစ်အဆေးများ ပိုမိုလုပ်ဆောင်နေသည့်အတွက် ခရီးသွားလာသူများ နည်းပါးသွားကြောင်း ကားသမားတစ်ဦးက ဆိုသည်။

“ အရင်ကက စစ်ဆေးရေး ဂိတ်တွေထက် အခုက နှစ်ဆလောက် ပိုတိုးချထားတယ်။ ဂိတ်တိုင်းလိုလိုစစ်ဆေးတယ်။ ဆန်တွေကို တစ်အိတ်ပို သယ်ယူခွင့် မပေးဘူး။ စက်သုံးဆီတွေ ဆိုရင်လည်း မတင်ခိုင်းဘူး၊ မှတ်ပုံတင် နေရပ်လိပ်စာ အကုန်စစ်တယ်။ ခရီးသွားတွေကလည်း တစ်စုံတစ်ခုဖြစ်မှာကို ကြောက်လန့်လာကြတာပေါ့၊ အရင်ကထက် ခုက လုံးဝကျဆင်းသွားပြီး အရေးပေါ် အခြေအနေတစ်ခုလိုပဲ ဒေသခံတွေက သွားလာနေကြတယ်။ ” ဟု ၎င်း ကားသမားက ဆိုသည်။

မင်းပြားမှ ဒေသခံတစ်ဦးက “ ကျနော်တို့က ဆန်တွေကိုလည်း နှစ်အိတ်ထက်ပိုပြီး ကျနော်တို့ရွာကို သယ်ခွင့်မရှိဘူး၊ နေ့တိုင်းလည်း သူတို့က သွားလာခွင့်မပေးဘူး။ စက်သုံးဆီ၊ စားသုံးဆီတွေလည်း ဒီတိုင်းပါပဲ၊ ကျနော်တို့ကို နှစ်ဂါလံထက် ပို မသယ်ဖို့ပြောတယ်။ နောက်ပြီး ဟိုတစ်နေ့က ဆို စက်သုံးဆီ နှစ်ဂါလံ တင်လာလို့ ခင်ဗျားတို့ကို နောက်တစ်ခါဆို ပစ္စည်းလည်းသိမ်းမယ်၊ လူလည်ဖမ်းမယ်လို့ ပြောတယ် ” ဟု ယင်းဒေသခံက ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် ရက္ခိုင့်တပ်တော် (AA) အား ရိက္ခာထောက်ပံ့ပေးနေသည့် ပြည်သူများရှိနေသည်ဟု ဆိုကာ ယခုကဲ့သို့ နယ်များကို ရိက္ခာအများအပြား သယ်ယူခွင့်အား ဖြတ်တောက်ခြင်းလည်း ဖြစ်သည်။

စစ်ကောင်စီတပ်သားများအနေဖြင့် စစ်တွေမြို့၏ ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်း ထွက်ဝများမှနေပြီး အဓိက စစ်ဆေးနေခြင်းဖြစ်သည့်အတွက် ဒေသခံခရီးသည်များအနေဖြင့် ရိက္ခာသယ်ယူမှုအပိုင်းတွင် အခက်အခဲများနှင့်ရင်ဆိုင်နေကြရပြီး အကြောက်တရားများနှင့် ရင်ဆိုင်နေကြရသည်ဟု လည်းဆိုသည်။

ယင်းအပြင် ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ ကျောက်တော်၊ မြေပုံစသည့် မြို့နယ်များရှိ ကျေးရွာများမှ ဒေသခံများအနေဖြင့်လည်း မြို့သို့ လာရောက်သည့်အခါတွင်လည်း စစ်ကောင်စီတပ်က တချို့လမ်းများမှ သွားလာခွင့်များကို ပိတ်ထားသည့်အတွက် ကျန်းမာရေး၊ လူမှုရေးအခက်အခဲများကို ပိုမိုကြုံနေကြရကြောင်း ဒေသခံ ကျေးရွာသားများက ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

Most read this week

ပန်ဝါမြို့တွင်း တွေ့ရသည့် KIOရဲတပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ-ပေးပို့)
November 5, 2024
ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို သိမ်းယူပြီးနောက် KIOအစိုးရက အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်နေပြီဟု...
October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...