Published
Friday, September 23, 2022
ဟားခါးမြို့နယ်ရဲ့နယ်မြေ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်နိုင်ပြီလို့ CDF-Hakha Council ပြော
- စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှာ အိမ်ထောင်စုတစ်စုကို ဆန် ၅ ပြည်နှုန်းသာ ဝယ်ယူခွင့်ပြုပါတယ်။
- ယုံကြည်စိတ်ချရပြီး ကောင်းမွန်တဲ့လုံခြုံရေးနဲ့ ပြန်လည်နေရာချထားရေးအစီအစဉ်တွေ စနစ်တကျ ဆောင်ရွက်ထားတာမရှိဘူးဆိုရင် မြန်မာစစ်ဘေးရှောင်တွေကို နေရပ်ပြန်မပို့နိုင်ဘူးလို့ မီဇိုရမ်အစိုးရက ပြောဆိုလိုက်ပါတယ်။
- ချင်းပြည်နယ် ဟားခါးမြို့နယ်ရဲ့နယ်မြေ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်နိုင်ပြီလို့ ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha Council က ပြောဆိုလိုက်ပါတယ်။