AA လက်နက်ကြီး ဘင်္ဂလားဒေ့ရှ်ကို ကျတယ်လို့ သတင်းမှားဖြန့်

AA လက်နက်ကြီး ဘင်္ဂလားဒေ့ရှ်ကို ကျတယ်လို့ သတင်းမှားဖြန့်

ရက္ခိုင့်တပ်တော် AA က ပစ်လိုက်တဲ့ ရှော့တိုက်ဒုံးဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ကျရောက်ပေါက်ကွဲ ခဲ့တယ်ဆို တဲ့ သတင်းပို့စ်တစ်ခုကို ပြည်ထောင်သစ္စာ ဆိုသူ Facebook အကောင့်ပိုင်ရှင်က စက်တင်ဘာလ ၁၇ ရက်နေ့မှာ တင်ထားတာကို တွေ့ရပါတယ်။

ပြည်ထောင်သစ္စာ ဆိုသူက ဗီဒီယို ရုပ်သံဖိုင် ၂ ခုနဲ့အတူ “AA ပစ်တဲ့ရှော့တိုက်ဒုံး "ဘ"ထဲကျ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားပြီး အဲဒီအထဲမှာဆိုရင် “စက်တင်ဘာ ၁၆ ရက်နေ့ ညနေခန့်မှာ တောင်ပြိုဝဲစခန်းကို AA အဖွဲများ က ရှော့တိုက်ဒုံး ၇ လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး ဒုံးသီး ၃ လုံးမှာ ဘင်္ဂလားနိုင်ငံဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲခဲ့ သည်။ အလားတူ ည ၉ နာရီမှာ တောင်ပြိုယာစခန်းကို AA အဖွဲ့များက စိန်ပြောင်းဖြင့် ၇ ချက် ပစ်ခတ်ခဲ့ရာ ဗုံး သီး ၅ လုံးမှာ ဘင်္ဂလီများ တရားမဝင်နေထိုင်သော နယ်စပ်မှတ်တိုင် (၃၄)/ (၃၅) ကြားတွင်ကျရောက်ပေါက် ကွဲခဲ့ ကြောင်း သိရှိရပါသည်” ဆိုပြီး (မူရင်းအရေးအသားအတိုင်း) ရေးသားထားတာကို တွေ့ရပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘင်္ဂလားဒေ့ရ် နိုင်ငံထဲကို ကျရောက်ပေါက်ကွဲတဲ့ လက်နက်ကြီး ကျည်တွေဟာ AA က ပစ်လိုက်တာ မဟုတ်ပဲ စစ်ကောင်စီတပ်က ပစ် လိုက်တဲ့ လက်နက်ကြီးကျည်တွေသာ ဖြစ်တယ်ဆိုပြီး ဒေသခံတွေက ပြောဆိုထားလို့ပဲဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ဘင်္ဂလားဒေ့ရ် နိုင်ငံထဲကို ကျရောက်ပေါက်ကွဲ တာနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရ် နိုင်ငံက  စစ်ကောင်စီလက်အောက်ခံ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုး ကို အကြိမ်ကြိမ် ခေါ်ယူ ကန့်ကွက်ခဲ့တာတွေ လုပ်ခဲ့တာတွေလည်းရှိပါတယ်။

VOA က ရေးသားထားတဲ့ ဘင်္ဂလားဒေ့ရ် နိုင်ငံခြားရေး ဝန်ကြီးဌာနက စစ်ကောင်စီ လက်အောက်ခံ မြန်မာသံအ မတ်ကြီး ဦးအောင်ကျော်မိုးကို ခေါ်ယူကန့်ကွက်တဲ့ သတင်းကို ဒီမှာ https://bit.ly/3LqnMBu ဝင်ကြည့် လို့ ရသ လို ရခိုင်သတင်းဌာန နိရဉ္စရာ က ရေးသားထားတဲ့ သတင်းကိုလည်း ဒီမှာ https://bit.ly/3BRdhnQ ဝင်ကြည့်လို့ ရပါတယ်။

ဒါ့အပြင် ဒေသအတွင်းက ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတော်တော်များများကလည်း ဒေသခံတွေကို မေး မြန်းပြီး ရေးသားထားတဲ့ သတင်းထဲမှာဆိုရင် ဘင်္ဂလားဒေ့ရ် နိုင်ငံထဲကို ကျရောက်ပေါက်ကွဲတဲ့ လက်နက်ကြီး ကျည်တွေဟာ AA က ပစ်ခတ်တာလို့ ပြောဆိုထားတာကို မတွေ့ရပဲ စစ်ကောင်စီတပ်က ပစ်တဲ့ လက်နက်ကြီး ကျည်လို့သာ ပြောဆိုထားတာကို တွေ့ရပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုမှုကို ကိုးကားပြီး ဘင်္ဂလားဒေ့ရ် မီဒီယာတွေကလည်း စစ်ကောင်စီက ပစ်လိုက်တဲ့ လက်န က်ကြီးကျည်လို့သာ ရေးသားထားတာကို တွေ့ရပါတယ်။ ရခိုင်သတင်းဌာန နိရဉ္စရာ က ရေးသားထားတဲ့ သတင်း ကို https://bit.ly/3C3llC9 ဒီမှာ တွေ့နိုင်ပါတယ်။

ဒါကြောင့် အချက်အလက်တွေကို တိုက်ကြည့်လိုက်တဲ့အခါမှာ ပြည်ထောင်သစ္စာ ဆိုသူက ရက္ခိုင့်တပ်တော် AA ကို နိုင်ငံတကာနဲ့  ပြည်သူတွေ အထင်အမြင်လွဲအောင် ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့် ရေးသားထားတဲ့ သတင်းအမှား ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေဟာ အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင် တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက် ပွဲသတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေအပြင် လူမျိုးတစ်မျိုးနဲ့တစ်မျိုး အဖွဲ့အစည်း တစ် ခုနဲ့တစ်ခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေ တာကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။

December 17, 2024
ကရင်နီပြည်တွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် KNDF...
December 11, 2024
ကချင်ပြည်နယ်၊ ဗန်းမော် မံစီ တိုက်ပွဲတွေမှာ KIA/PDF ပူးပေါင်းတပ်တွေက လူအင်အားလိုနေတာကြောင့်...
December 3, 2024
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသွားသည့် သျှမ်းပြည်မြောက်ပိုင်းက...
November 25, 2024
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော သျှမ်းပြည်...